NEWS

ဂေါ်ဖီထုပ်တွေကြား ပုန်းအောင်းလိုက်ပါလာသည့် မြန်မာလုပ်သား ၅၃ ဦး ထိုင်းတွင် ဖမ်းဆီးခံရ

CoverLogo
1.1K Views

ဂေါ်ဖီထုပ် အပါအဝင် ကုန်စိမ်းတွေ တင်‌ဆောင်လာတဲ့ ကားအတွင်း ပုန်းအောင်း လိုက်ပါလာတဲ့ မြန်မာလုပ်သား‌တွေကို တာ့ခ်ခရိုင် အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းအရင်းအမြစ်တွေက အတည်ပြု ပြောဆိုပါတယ်။

ဒီကနေ့ မတ်လ ၁၄ ရက် မနက်အစောပိုင်းမှာပဲ မြဝတီနယ်စပ် လမ်းကြောင်းက‌နေ ထိုင်းနိုင်ငံအတွင်းကို ကုန်စိမ်းကားနဲ့ လိုက်လာတဲ့ မြန်မာလုပ်သား ၅၃ ဦးကို မဲဆောက်မြို့အထွက် တာ့ခ်ခရိုင် ဘန်ကောက်အတက်လမ်းမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။

ထိုင်းအာဏာပိုင်တွေကတော့ တာ့ခ်ခရိုင်က စစ်ဆေးရေးဂိတ်မှာ ဂေါ်ဖီထုပ်အပါအဝင် ကုန်စိမ်းတွေ တင်လာတဲ့ကားတစ်စီးကို ထိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာကနေ ကားအတွင်း ပုန်းအောင်း လိုက်လာတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သား အမျိုးသား (၃၁) ဦးနဲ့ အမျိုးသမီး (၂၂)ဦးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တာခ့်ခရိုင်အတွင်းက အဲ့ဒီ စစ်ဆေးရေးဂိတ်မှာ ပြီးခဲ့သည့် ၂ ပတ်လောက်ကလည်း ကုန်စိမ်းကားအတွင်း ပုန်းအောင်းလိုက်ပါလာတဲ့ မြန်မာလုပ်သား ၁၅ ဦး ဖမ်းဆီးခံခဲ့ရပြီး အခုတကြိမ်ကတော့ ဒုတိယအကြိမ် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ မြန်မာလုပ်သားတွေကတော့ ထိုင်းန်ုင်ငံအတွင်းဝင်ရောက်ဖို့ ပွဲစားတွေကို ကယ်ရီခ တစ်ဦးကို ထိုင်းဘတ်ငွေ ၂၅,၀၀၀ ကနေ ဘတ် ၃၀,၀၀၀ ဝန်းကျင်အထိပေးခဲ့ရတယ်လို့ ကရင်ပြည်နယ် အခြေစိုက်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

 


 


Related posts

Cover
အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား Nay Shwe Win စက်ရုံ အလုပ်ထုတ်
Mar 10, 2026
Cover
Myanmar Yangon Richang Apparel စက်ရုံလုပ်သားများ နားရက်မရှိ လုပ်ကိုင်နေရ
Mar 10, 2026
Cover
Myanmar Handsome အထည်ချုပ် EC စာချုပ် ပေးမထားလို့ အလုပ်သမားအခွင့်အရေးများ နစ်နာနေရ
Mar 09, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026
Cover
Sky Fashion Myanmar အထည်ချုပ် လုပ်သက်တစ်နှစ်နီးပါး လုပ်သားများအား အသက်မပြည့်လို့ဆိုပြီး နေ့စားလုပ်သားအဖြစ် ပြောင်းခိုင်း
Mar 09, 2026
Cover
လှိုင်သာယာ အနော်ရထာ စက်မှုဇုန် ရှိ ဆန်စက်အတွင်း ဆန်အိပ်ပုံပြိုကျရာမှ အလုပ်သမား ၂ဦးသေဆုံး
Mar 07, 2026
Cover
လူမှုဖူလုံရေး အာမခံလုပ်သား ၁ ဒသမ ၃၄ သန်းကျော်အထိ ရှိလာဟုဆို
Mar 07, 2026
Cover
Jinli Garment စက်ရုံမှ အချိန်ပို အောလင်း၊ အောနိုက် ဆဲဆို ဆင်းခိုင်းလို့ တစ်ပတ် ၃ ရက် လုပ်ကိုင်ပေးရ
Mar 07, 2026