NEWS

ဂေါ်ဇီလာ ခြင်ဆေးခွေနှင်ဆပ်ပြာစက်ရုံ တရားဝင်ပိတ်ရက်များမှာ အတင်းအကျပ် အလုပ်ဆင်းခိုင်း

CoverLogo
805 Views
 
ရင်ဖွင့်ပြောပြပါရစေ ...၊
 
ဂေါ်ဇီလာ ခြင်ဆေးခွေနှင်ဆပ်ပြာစက်ရုံ အလုပ်သမားတစ်ဦးပါ ။
 
စက်ရုံက ရွှေပြည်သာ စက်မူဇုန် ၁ ၊ ချယ်ရီလမ်းမှာပါ။ အခု ကြေညာထားတဲ့ ခရစ်စမတ် အလုပ်ပိတ်ရက် ၂၅၊ ၂၆၊ ၂၇၊ ၂၈ ရုံးပိတ်ရက်တွေထဲက ကြာသာပတေး နေ့ တစ်ရက်ပဲ ပိတ်ပေးပါတယ်။ သောကြာ၊ စနေ နေ့တွေကို ပုံမှန် ရုံးဖွင့်ရက်ပါဆိုပြီး အလုပ်ဆင်းခိုင်းပါတယ်။
 
စနေ အလုပ်မဆင်းရင် နှစ်ရက်အတွက်ဆိုပြီး တနင်္ဂနွေအတွက်ပါ လစာဖြတ်မယ်ဆိုပြီး ပြောပါတယ်။ စက်ရုံမှာက အစိုးရရုံးပိတ်ရက်တွေတိုင်း အချိန်ပိုဆင်းရပါတယ်။ အဲလို မဆင်းရင် မန်နေဂျာတွေက ရုံးပေါ်ခေါ် ပြီး အလုပ်ဖြုတ်မယ်လို့ ခြိမ်းခြောက်ပါတယ်။ အချိန်ပိုတွေ ဆက်တိုက်ဆင်းခိုင်းပေမဲ့ အချိန်ပိုကြေးက တစ်နာရီကို ၁၂၀၀ ပဲ ပေးတာပါ။
 
တနင်္ဂနွေပိတ်ရက်ဆို ၉၆၀၀ ပဲ ပေးပါတယ်။ အများပြည်သူအလုပ်ပိက်ရက်မှာလည်း ၉၆၀၀ ပဲ ပေးတာပါ။
တခြားစက်ရုံတွေမှာ အချိန်ပိုကို တစ်နာရီ၂၁၀၀ ကနေ ၂၅၀၀ အထိပေးနေတာပါ။ စက်ရုံမှာတော့ ၂၀၂၁ မှာ ပေးခဲ့တဲ့ ဈေးနှုန်းအတိုင်း အခုအထိ တိုးမပေးတာပါ။
 
လူမူဖူလုံရေး ဆေးခွင့်ယူရင် အရင်က ငွေထုတ်ပေးတယ်။ အခုဆို ခွင့်စာတင်ပေးတာတောင် ထုတ်မပေးပါဘူး။ ဒီစက်ရုံက အလုပ်သမားအခွင်ရေး ချိုးဖောက်မူများနေပြီး လုပ်ခလစာ တန်ရာတန်ကြေး မပေးထားပါဘူး။ အမြဲတမ်း ဖိနှိပ်ထား
တယ် ။
 
လစာတိုးဖိုပြောလည်း မလုပ်ချင်ရင်ထွက် ဆိုတဲ့ စကားပဲပြောပါတယ်။ ရက်မှန်ကြေးလည်း မပေး၊ ကျွမ်းကျင်ကြေးလည်း မပေး၊ နှစ်ကြေးလည်း မပေးပါဘူး။ ဒီလို ချိုးဖောက် ခံရနေရတာပါ။ ခေတ်မကောင်းလို့ အလုပ်သမားတွေ သည်းခံ လုပ်နေတာပါ။
 
ရှောင်တခင်နဲ့ လုပ်သက်ခွင့် ဘာတစ်ခုမှ အကျိုးမခံစားရဘူး။ ခွင့်ယူရင် ခွင့်တော့ပြထားပြီး ခွင့်ရက်အတွက် ခံစားခွင့်တွေဖြတ်တာပါ။ အဲ့ဒီအတွက် တရက်ကို ၁၅၀၀၀ ဝန်းကျင် အဖြတ်ခံရပါတယ်။
 
ကြီးကြပ်ရေးမှူး၊ ဂိုဒေါင်းမှူး၊ ဌာနတာဝန်ခံသူတိုတွေပဲ လစာတိုးကြပါတယ်။ အောက်ခြေအထွေထွေ ဝန်းထမ်းတွေ လုပ်သက် သုံးလေးငါးနှစ် တွေမှာ အခြေခံလစာထက် တိုးမပေးပါဘူး။ ဒီလို အလုပ်သမားတွေ အများကြီး ရှိပါတယ်။
မင်္ဂလာဒုံ၊ ဇေကမ္ဘာဝန်းထဲက speed အချိုရည်စက်ရုံ အချိုရည်၊ နိုဆီ၊ ကော်ဖီထုတ်တွေ ကွန်တိန်နာထည့်ဖို့ စက်ရုံ ဝန်ထမ်းတွေ သွားပြိးလုပ်ပေးပါတယ်။ နေပူမရှောင် မိုးရွာမရှောင် သွားလုပ်ပေးရတာပါ။ မလုပ်ရင် အလုပ် ဖြုတ်ခံရတယ်။ အလုပ်သမားအခွင့်ရေး အလုပ်သမားစည်မျဥ်း ဘာမှမလိုက်နာပါဘူး။
 
ချိုးဖောက်ခံရမှုတွေကို အလုပ်သမားတွေ မပြေရဲကြပါဘူး။ ပိုင်ရှင်သူဌေးက ပြည်ထဲရေးဝန်ကြီးဌာနကဆိုတော့ ကြောက်ကြောက်နဲ့ ငြိမ်ခံနေရပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026