NEWS

ခွဲစိတ်ခန်းသုံးဝတ်စုံတွေချုပ်လုပ်တဲ့  GNS (Bago) Healthcare Co,Ltd စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ

CoverLogo
884 Views

ပဲခူးတိုင်း ပဲခူးမြို့ အဝိုင်းကျေးရွာအုပ်စု အဝိုင်းရွာမကွင်း ကွင်းအမှတ် ၆၅၃/ခ မှာ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ ခွဲစိတ်ခန်းသုံးဝတ်စုံတွေချုပ်လုပ်တဲ့ GNS (Bago) Healthcare Co,Ltd    စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်ခံနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

တရုတ်နိုင်ငံသားပိုင် လုပ်ငန်းဖြစ်ပြီး အလုပ်သမား ၃၀၀ ကျော်နဲ့လည်ပတ်လုပ်ကိုင်နေတာဖြစ်ကာ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းမရှိဘူး လို့ ဆိုပါတယ်။ 

နံနက်အလုပ်တက်ချိန် ၇ နာရီ ၃၀ မှ ညနေ ၆ နာရီ ၃၀ ထိ အလုပ်လုပ်ကိုင်ရတာဖြစ်ပြီး ထမင်းစားချိန် မိနစ် ၃၀ သာ နားခွင့် ရတာကြောင့် အဆင်မပြေဘူးလို့ အလုပ်သမားတွေကပြောပါတယ်။

ဒါ့အပြင် အများပြည်သူရုံးပိတ်ရက်တွေနဲ့ အခါကြီး ရက်ကြီး ပိတ်ရက်တွေမှာလည်း မဖြစ်မနေ ဖိအားပေးအလုပ်ဆင်းခိုင်းတာမျိုးတွေ ပြုလုပ်ပြီး ပိတ်ရက် ဆင်းရန် ငြင်းဆန်တဲ့အလုပ်သမားတွေကို ခွဲခြားဆက်ဆံတာတွေ ပြုလုပ်တယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေကို စက်လိုင်းအလိုက် စူပါ အောစူပါတွေက ခွဲခြားဆက်ဆံတာမကပဲ နိုင်ငံခြားသားဖြစ်တဲ့ တရုတ်အမျိုးတွေကပါ စက်လိုင်းထဲထိ လာရောက်ပြီး အလုပ်သမားတွေကို ဆဲဆိုတာ အော်ဟစ်တာတွေ နေ့စဉ်ပြုလုပ်နေတာဖြစ်လို့ အဆင်ပြေမှုမရှိဘူးလို့ အလုပ်သမားတွေကပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့ကစပြီး လုပ်ငန်းခွင်ထဲမှာ ဒေးကြေး တိုးပေးမယ်လို့ ကြေညာခဲ့ပြီး အားလုံးတပြေးညီ သတ်မှတ်တာမျိုးမဟုတ်ဘဲ ၅၆၀၀၊ ၅၃၀၀၊ ၄၈၀၀ ဆိုပြီး ခွဲခြား သတ်မှတ်လိုက် တာဖြစ်ပြီး လုပ်သက်အလိုက်ခွဲပေးခြင်းမျိုးမဟုတ်ဘဲ ပေးချင်သလို သတ်မှတ်ပေးတာဖြစ်ပြီး စံချိန်များကို ယခင်ထက် ပိုမိုတောင်းခံလာတာမျိုးတွေ  အတင်းအဓမ္မဖိအားပေး ခိုင်းစေလာတာ ကျန်းမာရေးကိစ္စ အိမ်သာသွားရန်ပင် ပိတ်ပင်လာတာမျိုးတွေထိ ပြုလုပ်လာတာကြောင့် အခက်တွေ့နေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။ 

"ခိုင်းတာက ကျွဲနွားလိုသဘောထားပြီးခိုင်းနေတာ အိမ်သာလည်း မသွားရဘူး အိမ်သာရေကို ရည်ရွယ်ချက်ရှိရှိဖြတ်တောက်ထားတယ် စံချိန်ကို အတင်းအဓမ္မတောင်းလို့ အလုပ်သမားတွေကကြောက်လန့်ပြီး လုပ်ရတာ ချုပ်စက်ကအပ်နဲ့ လက်ကိုဖောက်သွားတာတွေ လက်ထိပ်တွေ ပြတ်ရှကုန်တာတွေ လက်ဝင်ပြီး ပြားသွားတာတွေတွေတောင်ရှိတယ်"လို့ အမည်မဖော်လိုတဲ့အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

ဒေးကြေးတိုးပေမယ်လို့ အကြောင်းပြကာ မြင့်မားတဲ့စံချိန်ကို တောင်းခံပြီး စံချိန်မပြည့်ပါက နောက်ရက်တွင် အလုပ်မဆင်းတော့ ရန် ပြောဆိုခိုင်းတာ အထည် ပဲကျတာတွေနဲ့ ကျန်းမာရေးကိစ္စကြောင့် ဂိတ်ပက်ယူပါက အလုပ်မဆင်းတော့ ရန် ပြောဆိုမှုတွေ ပြုလုပ်လျှက်ရှိတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ ကိုယ်ဝန်ဆောင်အလုပ်သမားတွေကို ပုံမှန်အလုပ်သမားနဲ့တန်းတူ စံချိန်တောင်းခံပြီး မရပါက ဆဲဆိုတာ မကြာခဏ အိမ်သာသွားပါက ပြောဆိုတာရှိတာကြောင့် ကိုယ်ဝန်ဆောင်အလုပ်သမားတွေပါ အခက်တွေ့နေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

ယင်းကိစ္စရပ်များနှင့်ပတ်သက်ပြီး တာဝန်ရှိသူများကို အသိပေးပြောဆိုသော်လည်း ဖြေရှင်းပေးတာမျိုးမရှိဘဲ ဆက်လက် ကျူးလွန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

"နေ့စဉ်နဲ့အမျှစိတ်ဆင်းရဲစွာလုပ်ကိုင်နေရပါတယ် ဒါတင်မကပါဘူး အလုပ်ထဲမှာ အသက်မပြည့်သေးတဲ့ ၁၂ နှစ် ၁၃ နှစ် ၁၄ နှစ်အရွယ် ကလေးတွေ ၃၀ လောက်ရှိတယ် အကူအနေနဲ့ ခိုင်းတာပါ စူပါ တွေက ဆဲဆိုရင် ကလေးတွေငိုယိုနေတာမြင်ရတာ သူတို့ကစားဝတ်နေရေးကြောင့် လုပ်နေရတာ ပျော်ရွှင်မှု စိတ်ချမ်းသာမှုတစ်စက်ကလေးမှမရှိဘူး" လို့ အလုပ်သမားကပြောဆိုပါတယ်။ 

အလုပ်သမားတွေအနေနဲ့ ကိုယ်ဝန်ဆောင်သယ်တွေကို  သက်တောင့်သက်သာနေရာများတွင် ခိုင်းစေရန်နှင့် စံချိန်များကို တန်တူမတောင်းရန်၊ ဖြုတ်ချထားသော ကျွမ်းကျင်ကြေး A,B,Cကို လစာထဲပြန်ထည့်ပေးရန်၊ အလုပ်သမားများ ကျန်းမာရေးဖြစ်သော အိမ်သာသွားခွင့်ကို အကန့်အသတ်ဖြင့် မပြုလုပ်ရန်၊ စူပါ၊ အောစူပါများမှ အလုပ်သမားများကို ဆဲဆိုခြင်း၊ ဖိနှိပ်ဆက်ဆံခြင်းမပြုလုပ်ရန်နှင့် နိုင်ငံခြားတရုတ်လူမျိုးမှာ တိုက်ရိုက်အုပ်ချုပ်ခြင်း၊ ဆဲဆိုခြင်း၊ အော်ဟစ်ခြင်းမပြုလုပ်ရန်၊ အချိန်ပိုအိုတီခေါ်ရာတွင် အလုပ်သမားများ သဘောဆန္ဒကို မေးမြန်ပြီးမှ ခေါ်ယူရန်နှင့် မဆင်းပါက အလုပ်ထုတ်ခြင်း၊ ဖိအားပေးဆင်းခိုင်းခြင်း မပြုလုပ်ရန်၊ အလုပ်သမားများ ထမင်းစားနားချိန်ကို ၁နာရီအပြည့်အဝပေးရန် စတာတွေ ဖြေရှင်းပေးဖို့ လိုလားနေတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။ 

#MyanmarLabourNews


Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026