NEWS

ခွင့်ခံစားခွင့် မပေးသည့်အပြင် ခွင့်တိုင်ကြားမှုကိုပါ လက်မခံဘဲ ဥပဒေမဲ့ အလုပ်ထုတ်နေ

CoverLogo
802 Views

JOYFUL(Myanmar)Garment မှာ ဥပဒပါခွင့်ရက်တွေကို မပေးတဲ့အပြင် ကျန်းမာရေး၊ လူမှု ရေးကိစ္စတွေကြောင့် အလုပ်မဆင်းနိုင်လို့ ခွင့်တိုင်ကြားပါက လက်မခံဘဲ သုံးရက်ဆက်တိုက် အလုပ်ပျက်တယ် ဆို ကာ ဥပဒေမဲ့ အလုပ်ထုတ်နေတယ်လို့ စက်ရုံအလုပ်သမားတွေက Myanmar Labour News ကို ပြောပါတယ်။


“လူမှုဖူလုံရေး ဆေးခွင့်တို့၊ ရှောင်တခင်ခွင့်တို့လည်း မရပါဘူး။ ဥပဒေပါ ခံစားခွင့်တွေ ဘာမှမပေးပါဘူး။ နေထိုင်မ ကောင်းလို့၊ အရေးပေါ်ကိစ္စ ပေါ်လာလို့ ဖုန်းဆက်ပြီး ခွင့်တိုင်ရင် ခွင့်မပေးပါဘူး။ ခွင့်မပေးဘဲနဲ့ အလုပ်သမားက ခွင့်ကိုဘယ်လိုပုံစံနဲ့ပဲတိုင်တိုင် အလုပ်သုံးရက်ပျက်တယ်ဆိုပြီး ဥပဒေမဲ့ အလုပ်ထုတ်ပါတယ်။ အလုပ်ကတစ်ရက် ပျက်ရင် ဒေးကြေးနဲ့ ထောက်ပံ့ကြေး (၉၀၀၀) ကျပ် ဖြတ်ခံရပါတယ်။  (၉၀၀၀) ကျပ်ကလည်း ဒီလမှစပေးတာပါ။ နောက် ရက်မှန်ကြေး (၂၀၀၀၀)ကျပ်လည်း ဖြတ်ခံရပါတယ်။ အခုက တစ်ရက်ပျက်ရင် (၂၉၀၀၀) ကျပ် အဖြတ်ခံ ရပါတယ်။ ပြောမယ်ဆို အလုပ်သမားတွေအတွက် အခွင့်အရေးတွေ ချိုးဖောက်တာတွေ လုပ်နေတော့ ကျွန်မတို့ နစ်နာပါတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။


ဒီစက်ရုံကတော့ တရုတ်နိုင်ငံသား ပိုင်ဖြစ်ပြီး လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မင်းသိဒ္ဓိလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင် အား (၆၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။ 


စက်ရုံမှာ atlasformen အမှတ်တံဆိပ် ဘောင်းဘီတွေ ကို ချုပ်လုပ်တာဖြစ်ပြီး သမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ WCC ကော်မတီက အလုပ်ရှင်အလိုကျ လုပ်ဆောင် ပေးနေတယ်လို့ ပြောပါတယ်။


စက်ရုံမှာ အလုပ်ချိန်ကို မနက် (၇) နာရီခွဲကနေ ညနေ (၆) နာရီအထိ သတ်မှတ်ထားပြီး အထည်အရေးကြီးတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အချိန်ပိုတွေကို ည(၈)နာရီ၊ (၉)နာရီတွေအထိ ခေါ်သလို အောလင်းဆင်းခိုင်းတာ တွေလည်း လုပ်ဆောင်နေပါတယ်။ 


အချိန်ပိုတွေ ခေါ်ယူပြီးနောက်မှာ အလုပ်သမားတွေဟာ လုပ်ငန်းခွင်ထဲမှာပဲ ကြုံသလို အိပ်ရပြီး အိပ်မပျော်တာကြောင့် ကျန်းမာရေး ထိခိုက်တာတွေပါ ရှိလာပါတယ်။ 


“အလုပ်ထဲမှာ အသက်မပြည့်သေးတဲ့ ကလေးအလုပ်သမားတွေလည်း ရှိပါတယ်။ သူတို့ကို ကျန်းမာရေးကောင်း မွန်တယ်ဆိုတဲ့ ဆရာဝန်ထောက်ခံချက်မပါလည်း အလုပ်ခိုင်းပါတယ်။ ကလေးတွေက လူကြီးအလုပ်သမားတွေနဲ့ တန်းတူလုပ်ရပါတယ်။ နောက်ပြီး packing ဌာနက လီတာခေါင်းဆောင် ကလည်း သူရာထူးတည်မြဲဖို့ အလုပ်သမားတွေကိုခိုင်းရင် သူဌေးအကြိုက် ဆဲဆိုတာ၊ အော်ဟစ်ပြောဆိုတာတွေ လုပ်နေပါတယ်။ သူကိုပြန်ပြော ရင်လည်း ကိုယ်ထိလက်ရောက် ရန်ရှာတာတွေလည်း ခဏခဏ လုပ်နေပါတယ်။ အလုပ်ရှင်ကလည်း သူတမင် ပြဿနာရှာနေတာကို သိပေမယ့် ဖြေရှင်းပေးတာမရှိပါဘူး။ အလုပ်ထဲမှာလည်း အခုလို ဆောင်းတွင်းကြီးတောင် ပူအိုက်နေပါတယ်။ ပန်ကာလည်း မရှိပါဘူး။ လေဝင်လေထွက်လည်း မကောင်းပါဘူး”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။


အခုလို လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေအတွက်လည်း မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM)ကိုလည်း အလုပ်သမားတွေကအကူအညီတောင်းခံထားပါတယ်။


စက်ရုံအလုပ်သမားတွေက ဥပဒေအတိုင်း ခွင့်ရက်တွေကို ခံစားခွင့်ပေးဖို့၊ packing ဌာနက လီတာခေါင်းဆောင်က ကိုယ်ထိလက်ရောက် ကျူးလွန်နေတာတွေကို အလုပ်ရှင်က အရေးယူပေးဖို့၊ အလုပ်သမားတွေကို ဥပဒေမဲ့ အလုပ် မထုတ်ဖို့၊ လုပ်ငန်းခွင်ထဲမှာ လေဝင်လေထွက်ကောင်းအောင် စီစဉ်ပေးဖို့နဲ့ အချိန်ပိုအိုတီတွေ ခေါ်ယူရာမှာ အလုပ် သမားတွေရဲ့ သဘောဆန္ဒကို မေးမြန်းဖို့နဲ့ အောလင်းတွေ မခေါ်ဖို့ လိုလားနေတယ်လို့ ပြောပါတယ်။
#MyanmarLabourNews


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026