NEWS

ခွင့်ခံစားခွင့်မရှိခြင်း၊ အချိန်ပိုဆင်းရန် ငြင်းဆန်ပါက အလုပ်မှထုတ်ပယ်ခြင်းနဲ့  ခွဲခြားဆက်ဆံခြင်းများ ပြုလုပ်တယ်လို့ Lon John International အလုပ်သမားတွေပြောဆို

CoverLogo
777 Views

မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးတွင်ဖွင့်လှစ်ထားသော Lon John International တရုတ်နိုင်ငံသားပိုင် စက်ရုံသည် အလုပ်သမား (၆၀၀)ခန့်ဖြင့် လုပ်ငန်းလုပ်ကိုင်လျက်ရှိပြီး ဆောက်လုပ်ရေး အင်ဂျင်နီယာဝတ်စုံများချုပ်လုပ်ကာ လက်ရှိလုပ်ငန်းခွင်ထဲမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများဖြစ်ပေါ်နေပြီး ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတိုင်းခံစားခွင့်ရှိတဲ့ ဥပဒေပါခွင့်ခံစားခွင့်တွေမရရှိတာကြောင့် ကျန်းမာရေးကြောင့်ဖြစ်စေ အရေးပေါ်အကြောင်းကိစ္စရှိသည်ဖြစ်စေ ဒေးကြေး ရက်မှန်ကြေး ဂရိတ်ကြေးများလျှော့ချခံရလို့ ကျပ် ၄၀၀၀၀ ကနေ ၅၀၀၀၀ ထိ ဖြတ်တောက်ခံရတယ်လို့ အလုပ်သမားကပြောပါတယ်။

"ခွင့်ခံစားခွင့်မရတာ နေမကောင်းလို့ ဖြစ်စေ အခြားအရေးပေါ်အကြောင်းကြောင့်ဖြစ်စေ အလုပ်တစ်ရက်ပျက်ရင် ၄ သောင်းကနေ ၅ သောင်းထိအဖြတ်ခံရပါတယ်။ အလုပ်သမားတစ်ယောက်နဲ့ တစ်ယောက် ဂရိတ်ကြေးမတူတော့ ဖြတ်ခံရတာချင်းမတူဘူးပေါ့ အလုပ်သမားတွေအတွက် ဆွေးနွေးညှိနှိုင်းတာတွေလုပ်ဖို့ အလုပ်သမားသမဂ္ဂလည်းမရှိဘူး"လို့အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေချုပ်လုပ်ဖို့သတ်မှတ်ထားတဲ့အထည်စံချိန်ကို တစ်နာရီလျင် အထည် ၁၀၀ နှုန်းတောင်းခံနေပြီး ယင်းသတ်မှတ်စံချိန်ကို ပြည့်မီဖို့ ခက်ခဲတာကြောင့် စံချိန်မပြည့်မီပါက စူပါတွေ လီဒါတွေက နားမခံသာအောင် အော်ဟစ် ဆဲဆိုတာ တွေပြုလုပ်ပြီး စံချိန်တောင်းခံခြင်း အချို့အလုပ်သမားတွေအနေနဲ့ ရေမသောက် အပေါ့အပါးမသွားဘဲ ချုပ်လုပ်ရာ စံချိန်ပြည့်မီသွားပါကလည်း အခြားအလုပ်များထပ်မံခိုင်းစေလို့ အခက်တွေ့ရတယ်လို့ အလုပ်သမားကပြောပါတယ်။

"အထည်စံချိန်ကို အလုပ်ရှင်ဘက်က တဖက်သက် မတရားတောင်းခံတာပါ စံချိန်မပြည့်ရင် ဝမ်တိမ်ထိုးခိုင်းတယ် ၃ ကြိမ်ပြည့်ရင် အလုပ်ထုတ်ပါတယ် အစိုးရ ရုံးပိတ်ရက်လိုမျိုးတနင်္ဂနွေ နေ့ ဆိုအချိန်ပိုခေါ်တာ အကြောင်းအမျိုးမျိုးကြောင့် သွားမဆင်းဖြစ်တဲ့အလုပ်သမားတွေရှိတာပေါ့ အဲ့ဒါကိုအလုပ်ထုတ်ပစ်ပါတယ် အထုတ်မခံရတဲ့သူတွေကိုကျ နောက်နေ့ အိုတီခေါ်ရင် မဆင်းခိုင်းပါဘူး အပြစ်ပေးတဲ့သဘောပေါ့ အဲ့လို အပြစ်ပေးပြီး အောစူပါတွေ တာဝန်ခံမန်နေဂျာတို့ကနေ လက်ညှိုးငေါက်ငေါက်ထိုးပြီး ဆူတာဆိုတာ စောက်နဲ့ နှိုင်းပြီး ပြောတာ"လို့ အမည်မဖော်လိုတဲ့ အလုပ်သမားကပြောပြပါတယ်။

လက်ရှိလုပ်ငန်းခွင်ထဲမှာ အလုပ်သမားတစ်ဦးလျင် အနည်းဆုံး ၅၀၀ ကျပ်ကောက်ခံပြီး ပေးဖို့ ငြင်းတဲ့အလုပ်သမားတွေကို ဂရိတ်မတိုးဘူးလို့ ခြိမ်းခြောက်ပြောဆိုတာ သာရေးနာရေးရှိပါက အလှူငွေမကောက်ပေးဘူးလို့ ပြောဆိုတာတွေပြုလုပ်လို့ စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာအလုပ်သမား ၆၀၀ ကျော်ရှိလို့ ထမင်းစားနားချိန်မှာ ခုံအလုံအလောက်မရှိလို့ ကြမ်းပြင်မှာထိုင်စားရတာတွေကိုလည်း အဆင်ပြေအောင်ပြုလုပ်ပေးစေချင်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ ခွင့်ခံစားခွင့်မပေးတာ  ၊ အချိန်ပိုအတင်းအဓမ္မဆင်းခိုင်းတာ ၊ ခွဲခြားဆက်ဆံတာ ၊ ရိုင်းစိုင်းစွာ အော်ဟစ်ဆဲဆိုတာတွေက ဥပဒေပါ အခွင့်အရေးတွေကို ကျူးလွန်ဖောက်ဖျက်နေတာဖြစ်ပြီး ပြုပြင်ပြောင်းလဲပေးဖို့နဲ့  အကြောင်းပြချက်မရှိ ငွေကြေးကောက်ခံတာတွေနဲ့ လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲတွေ ရှိပါက လုပ်ငန်းတာဝန်ရှိသူတွေအနေနဲ့ ဖြေရှင်းပေးဖို့ လိုလားတယ်လို့ အလုပ်သမားတွေကတောင်းဆိုထားပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026