NEWS

ချန်းရိ(Tsang Yih) ဖိနပ်စက်ရုံ လုပ်ခကျပ် ၉၀၀ ပဲ တိုးပေးဟု လူမှုကွန်ရက်တွင် ပျံနှံ့

CoverLogo
745 Views
 
Adidas တံဆိပ် ဖိနပ်တွေ ချုပ်လုပ်နေတဲ့ ချန်းရိ Tsang Yih စက်ရုံလုပ်သားတွေ တောင်းဆိုထားတဲ့လုပ်ခဒေးကြေးကို စက်ရုံဘက်က ကျပ် ၉၀၀ သာ တိုးမြှင့်ပေးတယ်ဆိုတဲ့ စာချုပ်တစုံ လူမှုကွန်ရက်တွေမှာ မျှဝေနေတာကို တွေ့ရပါတယ်။
အလုပ်သမားတွေတောင်းဆိုတဲ့ ဒေးကြေး၊ အချိန်ပိုကြေး၊ လုပ်သက်ကြေး နဲ့ ရက်မှန်ကြေး တိုးမြှင့်ပေးဖို့ ညှိနှိုင်းမှုမှာ သဘောတူညီမှုရခဲ့ပြီး လှိုင်သာယာမြို့နယ်(အနောက်ပိုင်း) အလုပ်သမားဦးစီးဌာန တာဝန်ရှိသူတွေရဲ့ ရှေ့မှာ လက်မှတ်ရေးထိုးတယ်လို့လည်း နှစ်ဖက်သဘောတူစာချုပ်မှာ ဖော်ပြထားပါတယ်။
 
အဲဒီစာချုပ်ထဲမှာ အလုပ်သမားကိုယ်စားလှယ် ၉ ဦးနဲ့ သဘောတူခဲ့လို့ ဖော်ပြထားပြီး အလုပ်သမား တွေဆို တောင်းဆိုခဲ့တဲ့ ဒေးကြးစုစုပေါင်း ကျပ် ၁၂၀၀၀ ကို စက်ရုံဘက်က ကျပ် ၉၀၀ တိုးပြီး ဒေးကြေးကို ကျပ် ၈၅၀၀ ပဲ သတ်မှတ်ပေးခဲ့တာပါ။
 
ရက်မှန်ကြေးကို တိုးပေးခဲ့ပြီး စုစုပေါင်း ကျပ် ၄၀၀၀၀ ပေးခဲ့ပေမဲ့ အချိန်ပိုကြေးကို မူလအတိုင်းပဲ ပေးချေသွားမယ်လို့ စာချုပ်မှာတွေ့ရပါတယ်။
 
လုပ်သက် ဆုကြေးကို ရက်အပိုင်းအခြားခွဲခြားပြီး လုပ်သက်ရက်အလိုက် အနည်းဆုံး ၅၀၀၀ ကနေ အများဆုံး ကျပ် ၆၀၀၀၀ အထိ သတ်မှတ်ထားပါတယ်။
 
နှစ်ဖက်ညှိနှိုင်း သဘောတူထားတဲ့ ဒေးကြေး၊ အချိန်ပိုကြေး၊ ရက်မှန်ကြေးနဲ့ လုပ်သက်ကြေးတွေကို တနှစ်အတွင်း တိုးမြှင့်တောင်းဆိုတာ မပြုရလို့ စာချုပ်မှာ ပါရှိတဲ့အပြင် လာမဲ့ ဇွန်လမှာ ညှိနှိုင်းထားတဲ့ လုပ်ခလစာတွေ ခံစားခွင့်ရမှာလို့ ဖော်ပြထားတယ်။
 
စက်ရုံအတွင်း တောင်းဆိုမှုတွေကို မေလ ၁၄ ရက်မှာ စတင်ခဲ့ပြီးနောက် တောင်းဆိုတဲ့ အလုပ်သမားတွေ မရှိဖို့ အလုပ်ပိတ်ပြီး ဒီသဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။
 
ဒီညှိနှိုင်းထားတဲ့ ရလာဒ် စာချုပ်ကို သီးခြားအတည်ပြုနိုင်တာ မရှိသလို Myanmar Labour News ကလည်း အလုပ်သမားတွေရဲ့ သဘောထားမေးမြန်းဖို့ ကြိုးစားဆက်သွယ်နေပါတယ်။
 
စက်ရုံမှာ အလုပ်သမား ၆၂၀၀ ကျော်ရှိပြီး တောင်းဆိုမှုအတွင်းအလုပ်သမား အားလုံးနီးပါး ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ သာဓုကန်စက်မှုဇုန်က Adidas ဖိနပ်ချုပ်တဲ့ Myanmar Pon Chen စက်ရုံအလုပ်သမားတွေကလည်း ဒေးကြေးကျပ် ၁၃၀၀၀ တိုးမြှင့်ပေးဖို့ တောင်းဆိုထားပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026