NEWS

ချန်းရိ(Tsang Yih) ဖိနပ်စက်ရုံအလုပ်သမား တောင်းဆိုမှု ဆက်လက် ပြုလုပ်

CoverLogo
594 Views
 
Adidas တံဆိပ် ဖိနပ်တွေ ချုပ်လုပ်နေတဲ့ ချန်းရိ Tsang Yih စက်ရုံလုပ်သားတွေ တောင်းဆိုထားတဲ့ လုပ်ခဒေးကြေးကို စက်ရုံဘက်က ကျပ် ၉၀၀ သာ တိုးမြှင့်ပေးခဲ့တာကြောင့် တောင်းဆိုမှုတွေကို ဒီကနေ့ ဆက်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ညီမတို့တောင်းထားထက် အများလျှော့ပေးခဲ့တာ။ ၉၀၀ ဆိုတာ ကြက်ဥ နှစ်လုံးဝယ်မရပါဘူး။ အလုပ်သမားတွေ အားလုံး ဆက်ပြီးတောင်းဆိုနေတယ်။ အခုလောလောဆယ် ဒီလောက်ပဲ ပြောနိုင်ပါတယ်” လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
လုပ်ခ ဒေးကြေး တိုးမြှင့်ပေးဖို့ ချန်းရိ(Tsang Yih) ဖိနပ်စက်ရုံအလုပ်သမားတွေက မေလ ၁၄ ရက်မှာ အလုပ်ရုံအတွင်း စတင် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီနောက် မေလ ၁၇ ရက်မှာ အလုပ်သမားရုံးက တာဝန်ရှိသူတွေ၊ စက်ရုံတာဝန်ရှိသူတွေနဲ့ အလုပ်သမားကိုယ်စားလှယ်တွေ ညှိနှိုင်းခဲ့ကြတာပါ။ မေလ ၁၈ ရက်မှာ တောင်းဆိုမှုပြုလုပ်နေတဲ့ အလုပ်သမားတွေကို အလုပ်ပိတ်ပေးခဲ့ပြီးနောက် အလုပ်သမားကိုယ်စား ၉ ဦးနဲ့ ဆက်လက်ညှိနှိုင်းခဲ့ရာမှာ သဘောတူညီမှုရတယ်ဆိုပြီး အလုပ်သမားရုံးတာဝန်ရှိသူတွေ ရှေ့မှာ သဘောတူ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ စက်ရုံဘက်ကထုတ်ပြန်ခဲ့ပါတယ်။
 
“တောင်းဆိုနေတဲ့ အလုပ်သမားတွေကို ဘာမှ ပြောမပြ၊ ချမပြဘဲ အလုပ်သမားကိုယ်စားလှယ်တွေ ကို ဖိအားပေး သဘောတူခဲ့တယ်လို့ ယူဆတယ်။ ဒါက အလုပ်သမားတွေကို ဘာမှမပြောဘဲလုပ်တာ။ စက်ရုံဘက်က အဲ့နေမှာ အလုပ်သမားတွေမရှိအောင် စက်ရုံကို ပိတ်ထားတယ်။ တောင်းထားတဲ့ အတိုင်းရဖို့ ညီမတို့ ဆက်ပြီး တောင်းဆိုတာပါ.” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားတွေက စုစုပေါင်း ဒေးကြေး ကျပ် ၁၂၀၀၀ တောင်းဆိုခဲ့ပေမဲ့ စက်ရုံဘက်က ကျပ် ၈၅၀၀ ပဲ ပေးခဲ့တာပါ။ တခြား CMP လုပ်ငန်းတွေမှာ ဒေးကြေး ကျပ် ၁၀၀၀၀ အနည်းဆုံး ပေးချေနေပေမဲ့ ကမ္ဘာကျော် Adidas ဖိနပ်စက်ရုံက အနည်းဆုံးဒေးကြေးနဲ့ ပေးချေဖို့ ကြိုးစားနေတယ်လို့ အလုပ်သမားရေးလှုပ်ရှားတွေက ပြောဆိုပါတယ်။
 
သာဓုကန်စက်မှုဇုန်က Adidas ဖိနပ်ချုပ်တဲ့ Myanmar Pon Chen စက်ရုံအလုပ်သမားတွေကလည်း ဒေးကြေးကျပ် ၁၃၀၀၀ တိုးမြှင့်ပေးဖို့ တောင်းဆိုထားပြီး ညှိနှိုင်းမှုပြုလုပ်နေတယ်လို့ သိရပါတယ်။
 
ချန်းရိ(Tsang Yih) ဖိနပ်စက်ရုံမှာ အလုပ်သမား ၆၂၀၀ ကျော်လုပ်ကိုင်နေပြီး စက်ရုံကတော့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အပြင်ပဒံရပ်ကွက်အနီး၊ အနော်ရထာစက်မှုဇုန်အပိုင်း ၂ မှာဖွင့်လှစ်ထားပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026