NEWS

ချန်းရိ စက်ရုံ သုံးပွင့်ဆိုင် ညှိနှိုင်းမှုတွေ ပြုလုပ်နေ

CoverLogo
628 Views
 
အလုပ်ရပ်ပြီး လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုနေတဲ့ ချန်းရိစက်ရုံက အလုပ်သမားတွေ၊ ချန်းရိစက်ရုံတာဝန်ရှိသူတွေနဲ့ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေ သုံးပွင့်ဆိုင် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ အလုပ်သမားတဦးက Myanmar Labour News ကို ပြောပါတယ်။
 
“အခု ညီမတို့ ညှိနှိုင်းတာကို စောင့်နေတာ၊ အလုပ်သမားတွေဘက်က ကိုယ်စားလှယ်ဆိုပြီး ၆ ယောက် လောက် ခေါ်သွားတယ်။ အလုပ်သမားရုံးက လူကြီးနှစ်ယောက်လာတာတွေ့တယ်။ အဝေးကဆိုတော့ သိပ်မမြင်ရဘူး။ သူတို့တွေ ညှိနှိုင်းနေတာကို အလုပ်သမားတွေ စောင့်နေကြတာပါ.”လို့ ဆန္ဒပြရာမှာ ပါဝင်နေတဲ့ အမျိုးသမီးအလုပ်သမားတဦးက ပြောပါတယ်။
 
မေလ ၁၄ ရက် နေ့လည်ပိုင်းက စတင်ပြီး ချန်းရိ အထည်ချုပ်လုပ်သားတွေက လုပ်ခ ဒေးကြေး တိုးပေးဖို့ အလုပ်ရပ်တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ တောင်းဆိုမှု ၃ ရက်အတွင်း စက်ရုံဘက် လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်ပြီး တောင်းဆိုမှုကို စောင့်ဆိုင်းဖို့ကို နည်းလမ်းမျိုးစုံနဲ့ ညှိနှိုင်းခဲ့ပါတယ်။
 
“စက်ရုံကို ညီမတို့ မယုံကြည်ဘူး။ တောင်းဆိုနေတဲ့ ၃ ရက်အတွင်း တောင်းထားတဲ့ ဒေးကြေးကို ၁၀၀ ရာခိုင်နှုန်း အပြည့်အဝပေးဖို့ အာမ မခံဘူးလို့ ပြောနေတာ။ ပြီးတော့ လုပ်ငန်းခွင်ဝင်ပြီး စက်ရုံဘက်က ဒေးကြေး တိုးပေးတာကို စောင့်ပေါ့ ။ အလုပ်သမား ကိုယ်စားလှယ်လေးယောက်ခေါ်ပြီး စက်ရုံဘက်က ညှိတယ်။ ဒါလည်း အဆင်မပြေဘူး။ သူတို့စောင့်ခိုင်းတဲ့ ၅ ရက်ကို စောင့်မယ်။ လုပ်ငန်းခွင် မဝင်ဘူး။ ” လို့ အဲ့ဒီ အလုပ်သမားက ပြောပါတယ်။
 
အလုပ်သမားတွေ တောင်းဆိုမှုအတွင်း ညှိနှိုင်းတောင်းဆိုမှုနည်းလမ်းတွေ အသုံးမပြုတာ၊ အလုပ်ရပ်တောင်းဆိုတာကို ပျက်ကွက်မှု၊ ဥပဒေနဲ့ မညီဘူးလို့ HR မန်နေဂျာက ပြောဆိုခဲ့ပြီး လုပ်ငန်းခွင်ဝင်ရောက်ပြီး ညှိနှိုင်းမှု ရလဒ်ကို စောင့်ဆိုင်းဖို့ ပြောဆိုခဲ့ပါတယ်။
 
“ညီမတို့တောင်းဆိုတာ အပြည့်အဝရရင်တော့ လုပ်ငန်းခွင် ချက်ချင်းပြန်ဝင်ကြမှာ။ လက်ရှိတော့ ဒီတိုင်းဘဲ ဆက်သွားကြမှာ ။ ” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
ချန်းရိ(Tsang Yih) ဖိနပ်စက်ရုံ အလုပ်သမားတောင်းဆိုမှုအတွင်း လုပ်သား ၆၀၀၀ ပါဝင်နေပြီး စက်ရုံကတော့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အပြင်ပဒံရပ်ကွက်အနီး၊ အနော်ရထာစက်မှုဇုန်အပိုင်း ၂ မှာ ရှိပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026