NEWS

ခေတ်သစ်ကျွန်စနစ်သဖွယ်ကျင့်သုံးဆောင်ရွက်နေတာကြောင့် Honor Apparel အထည်ချုပ်စက်ရုံအလုပ်သမားများ လုပ်ငန်းခွင်မှာငရဲခန်းသဖွယ်ဖြစ်နေ

CoverLogo
1.9K Views

နာမည်ကြီး ကုန်အမှတ်တံဆိပ်တွေဖြစ်တဲ့ Sinsay,PIOMBO, RESERVEO, SOCUTE, OVS, KIGS, ONLY အစရှိတဲ့ အမှတ်တံဆိပ်အထည်တွေကို ချုပ်လုပ်နေရတဲ့ Honor Apparel အထည်ချုပ်လုပ်ငန်းခွင်မှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတွေ ကြုံတွေ့နေရလို့ အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ အဲ့ဒီစက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကပြောဆိုပါတယ်။

ရန်ကုန် ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၃ ပုလဲလမ်း မှာဖွင့်လှစ်ထားတဲ့အဆိုပါ တရုတ်နိုင်ငံသာပိုင် အထည်ချုပ်စက်ရုံမှာ အလုပ်သမား အင်အား ၁၀၀၀ ခန့် နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ သမဂ္ဂအဖွဲ့အစည်းလည်းဖွဲ့စည်းထားတာမရှိပါဘူး။

အခြေခံအလုပ်သမားတွေဖြစ်တဲ့ စက်ချုပ်ရာထူးနဲ့ လုပ်ကိုင်သူတွေဟာ တစ်ရက်အတွက် သတ်မှတ်ထားတဲ့ စံချိန်၇၀ ပါ။ စံချိန်မပြည့်ရင် ဝမ်တိမ် လက်မှတ်ထိုးရပါတယ် ၊ အလုပ်ချိန် ၈ နာရီအတွက် ဒေးကြေးက ၄၈၀၀ ကျပ်ရရှိပါတယ်။တကယ်တမ်း အထည်ချုပ်ရာမှာတော့  ၈ နာရီမှာ ၇၂၀၀ ကျပ်ဖိုး ပြည့်မှီအောင်ချုပ်ပေးနေရတာလို့ အဲ့ဒီစက်ရုံက အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

နောက်ထပ် အရေးကြီးတဲ့အချက်တွေကတော့ ဥပဒေပါခွင့်တွေခံစားခွင့်မရတာပဲဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

တစ်လမှာ တစ်ရက်ခွင့်ယူရင် လုပ်ခလစာ နဲ့ ရက်မှန်ကြေးအပါ ၁၄၈၀၀ အစား တစ်နေ့ကို ၇၂၀၀ ဖိုးအထိရအောင် ခိုင်းစေနေတာဖြစ်လို့ ၁၇၂၀၀ ကျပ်ဖြတ်တောက်ခံရတာပါ။ အဲဒါထက်ဆိုးတာက ခွင့်ယူရင် အငြိုးအတေးအထားခံရပြီး အလုပ်ထုတ်တဲ့အထိ အပြစ်ကြီးတယ်လို့ လည်း မခံမရပ်နိုင်ဖြစ်နေတဲ့ အလုပ်သမားတွေကပြောပါတယ်။

"အလုပ်တက်ချိန်က မနက်က ၇ : ၃၀ ပါ ၇ နာရီကတည်းက အထည်စချုပ်ခိုင်းတယ် နေ့လည်ထမင်းစားနားချိန် မိနစ် ၃၀ မှာ ၁၀ မိနစ်ပဲရပြီး ကျန် မိနစ် ၂၀ ကို အလုပ်ချိန်ထဲထည့်ရပါတယ် အလုပ်ပြုတ်မှာကြောက်တဲ့အလုပ်သမားတွေကတော့ ထမင်းတောင်မစားဘူး"လို့ အဲ့ဒီအလုပ်သမားကပြောပါတယ်။

"စက်ရုံမှာ အော်ဒါတွေများရင် ည ၈ နာရီကနေ ၁၁ နာရီ အချိန်ပိုဆင်းပေးရပါတယ် အောနိုက်၊ အောလင်း( ညလုံးပေါက်) အတင်းဆင်းခိုင်းတာတွေလည်းရှိတယ် အိမ်နီးတဲ့သူဆို ကိုယ့် အစီအစဉ်နဲ့ ပြန်ရပြီး အဝေးဆိုရင်တော့ စက်ရုံမှာပဲဖြစ်သလိုအိပ်ရပါတယ်၊ မနက်မိုးလင်းရင် ပုံမှန်ချိန်အတိုင်း အလုပ်ပြန်ဆင်းရပါတယ်။"လို့ အမည်မဖော်လိုတဲ့ အလုပ်သမားက ထပ်ပြောပါတယ်။

အထူးသဖြင့် တရားဝင်ရုံးပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာလည်း အနားမယူရဘဲ အချိန်ပိုဆင်းဖို့ လက်မှတ်အတင်းအကြပ်ထိုးခိုင်းတာ ငြင်းဆန်ရင် ဖိအားပေးပြီး လိုင်းပြောင်းပစ်တာနဲ့ စိတ်ဆင်းရဲအောင် ဖိအားပေးတာနဲ့ ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုတာကြောင့် ငိုရတဲ့ အခြေအနေတွေဖြစ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
ပြန်လည်တုန့်ပြန်ပြောဆိုရင်တော့ အလုပ်တန်းထုတ်ပစ်တယ်လို့ ဆိုပါတယ်။

"လုပ်ငန်းခွင်ထဲမှာနေ့စားသမား ၂၀၀ ကျော်ရှိတယ် လုပ်သက် ၄ လကျော်လာရင် နားခိုင်းလိုက် ၊ ပြန်ခေါ်လိုက်လုပ်ပါတယ် ဒါပေမယ့် အတည်ပြုဝန်ထမ်းသဖွယ် ကတ်တွေထုတ်ပေးထားပါတယ် ဒါတွေက စစ်ဆေးရေးလာရင် ရှောင်ရအောင်ပါ တကယ်တမ်းက နေ့စားသမားတွေပါ"လို့ အလုပ်သမားက ဆက်ပြောပါတယ်။
 

လုပ်ငန်းခွင်ထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရှိရင်လည်း အများနဲ့ တန်းတူချုပ်လုပ်ပေးရတာဖြစ်ပြီး စံချိန်ပြည့်မီအောင်လုပ်ပေးရတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားများနှင့်ပတ်သက်ပြီး အဖြစ်အပျက်များရှိပါက WCC  နှင့်တောင်ဖြေရှင်းခြင်းမပြုတော့ဘဲ ရဲနှင့်စစ်သားများကိုသာတခါတည်း ခေါ်ပြီး ဖြေရှင်းတဲ့အတွက်ကြောင့် အလုပ်သမားတွေရဲ့ လုံခြုံရေးအထိပါ ခြိမ်းခြောက်မှုတွေဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

အထည်ချုပ်အလုပ်သမားတွေအနေနဲ့ အထက်ဖော်ပြပါ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရမှုများကို ပြေလည်စေချင်ပြီး နှစ်ဦးနှစ်ဖက် မျှတတဲ့ လုပ်ငန်းခွင်ဖြစ်စေချင်တယ်လို့ တညီတညွတ်တည်းပြောဆိုကြပါတယ်။

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026