"ကြားကာလအလုပ်သမားနစ်နာမှု့တွေနဲ့ပတ်သက်ပြီးပေါ်ပေါက်လာတဲ့ပြသနာရပ်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ NUCC နဲ့ NUG ကြားမှာ JCC ဖွဲ့ပြီးကိုင်တွယ်နိုင်မယ့်နည်းလမ်းရှိတယ်"လို့ ကိုနန္ဒာစစ်အောင် ( မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု )ကMyanmar Labour News ကိုပြောပါတယ်။
ဒီကနေ့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ( NUCC)ရဲ့သတင်းစာရှင်းပွဲမှာအလုပ်သမားတွေရဲ့ကြားကာလနစ်နာမှု့ကိစ္စရပ်တွေအပေါ်ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတဲ့ မေးခွန်းကို ယင်းကအခုလိုပဲဖြေကြားခဲ့ပါတယ်။
"ကြားကာလအလုပ်သမားတွေရဲ့အခွင့်အရေးနဲ့ထိခိုက်နစ်နာဆုံးရှူံးမှု့တွေအတွက်ပဋိညာဥ်ရဲ့အခန်းတွေမှာအာမခံချက်တွေပါတယ်။ဘယ်လိုမျိုးဆောင်ရွက်မလဲဆိုတာအသွင်ကူးပြောင်းရေးကာလမှကော်ရှင်တွေဖွဲ့ဖို့ရှိတယ်။အဲ့မှာအလုပ်သမားတောင်သူလယ်သမားဆိုင်ရာကော်မရှင်တွေပါတယ်ဒီကော်မရှင်တွေကဘာအတွက်ရည်ရွယ်လဲဆိုတော့အသွင်ကူးပြောင်းရေးကာလရဲ့သဘာဝဖြစ်တဲ့တရားမျှတမှု့တွေကိုတည်ဆောက်ဖို့ရည်ရွယ်ပါတယ်။အဲ့ဒီ့ကော်မရှင်တွေထဲမှာတရားမျှတမှု့ရှာဖွေရေးကော်မရှင်တွေလဲပါတယ်။ဒီကော်မရှင်တွေကိုထည့်သွင်းဖို့ဘာကြောင့်စဥ်းစားခဲ့တာလဲဆိုတော့ကြားကာလထိခိုက်နစ်နာမှု့တွေရှာဖွေဖို့ယန္တရားလိုအပ်တာမို့လို့ပဲ။"လို့ ၄င်းကပြောဆိုပါတယ်။
ကြားကာလမှာ ဖြစ်ပေါ်နေတဲ့ အလုပ်သမားတွေရဲ့ နစ်နာမှုတွေအပေါ် ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားဖို့ရှိလဲဆိုတဲ့မေးခွန်းကိုတော့
"ကြားကာလမှာဘယ်လိုကိုင်တွယ်နေလဲဆိုတာကတော့ NUG နဲ့ NUCC ကြားမှာ Joint Coordination Committee ဖွဲ့ပြီးဆောင်ရွက်ပါတယ်။ဆောင်ရွက်နိုင်မယ့်နည်းလမ်းရှိပါတယ်။NUG သည် NUCC ရဲ့ပေါ်လစီကိုတည်ဆောက်ရတာဖြစ်တဲ့အတွက်ဒီနှစ်ခုကိုပေါင်းပြီးလက်တွေ့ပြသနာတွေကိုဖြေရှင်းကိုင်တွယ်ဖို့စဥ်းစားတဲ့အခါမှာJCBပေါ်လာတာပဲဖြစ်ပါတယ်"လို့ ၄င်းကဖြေကြားခဲ့ပါတယ်။
#MyanmarLbourNews