NEWS

ကြမ်းတမ်းစွာအော်ဟစ်ဆဲဆိုခိုင်းစေခံနေရတဲ့အပြင် အချိန်ပိုပါ အခမဲ့ ဆင်းပေးနေရတယ်လို့ LIAN CHENE Garment အထည်ချုပ်မှအလုပ်သမားများပြော

CoverLogo
2.3K Views

လုပ်ငန်းခွင်အတွင်း စူပါ အောစူပါများမှရုန့်ရင်းကြမ်းတမ်းစွာအော်ဟစ်ဆဲဆိုပြီး အလုပ်သမားများကိုခိုင်းစေနေတဲ့အပြင် တနဂ်နွေအလုပ်ပိတ်ရက်တွေပါအချိန်ပိုခေါ်ပြီး လုပ်ခလစာမပေးဘဲခိုင်းစေနေတဲ့အတွက် LIAN CHENE Garment အထည်ချုပ်စက်ရုံမှအလုပ်သမားတွေအခက်ကြုံနေရတယ်လို့သိရပါတယ်။

အဆိုပါစက်ရုံမှာတရုတ်နိုင်ငံသားပိုင်ဆိုင်ပြီးရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှု့ဇုန်အမှတ်၂ မှာလုပ်ကိုင်နေတာဖြစ်ပြီးလုပ်သားဦးရေ ၇၀၀ ဝန်းကျင်နဲ့လည်ပတ်နေတဲ့စက်ရုံတခုလဲဖြစ်တယ်လို့ သိရပါတယ်။

"သူက ပွိုင့်ကြေး ခေါ် တစ်ကတ်ကြေး အထည်မပြည့်ရင် စူပါ အောစူပါတွေကအသေဆဲတာ တစ်ကဒ် မပြည့်ရင်လဲတနဂ်နွေနေ့ကိုအိုတီကြေးမပေးပဲဆင်းခိုင်းတာ ဥပဒေပါခွင့်ရက်ဘာညာဘာမှမရဘူးဒီမှာက"လို့အဆိုပါစက်ရံမှ  အလုပ်သမားတဦးကပြောပါတယ်။

ဒါ့အပြင်အလုပ်သမားများအတွက်ဥပဒေပါခံစားခွင့် ရှောင်တစ်ခင်ခွင့်များ၊ လုပ်သက်ခွင်များလည်းမရရှိဘဲ တစ်ရက်ပျက်လျှင်(၁၀၀၀၀)ကျပ်ဖြတ်ခံနေရပြီးလူမှုဖူလုံရေကြေးလစဥ်ထည့်ရသော်လည်း အလုပ်သမားများလူမှုဖူလုံရေးခံစားခွင့်များလည်မရရှိဘူးလို့သိရပါတယ်။

"အခုစက်ရံမှာကနေ့စားသမား၁၀၀ ကျော်ရှိတယ်သုံးလကျော်ပြီးတနှစ်နီးပါးရှိနေပြီ တရားဝင်မခန့်ဘူးပြီးတော့အဲ့လူတွေကိုအတည်ပြုဝန်ထမ်းမဟုတ်ဖူးဆိုပြီးအလုပ်ရှင်ကဥပဒေပါခံစားခွင့်တွေဘာမှမပေးဘူး"လို့စက်ရုံဝန်ထမ်းတဦးကဆက်ပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ LIAN CHENE Garment အထည်ချုပ်စက်ရုံအလုပ်သမားတွေအနေနဲ့သုံးလပြည့်ပြီးနေ့စားသမားများအတည်ပြုဝန်ထမ်းခန့်အပ်ရန်၊ ဆဲဆိုမှုများအရးယူပေးပါရန်နှင့်ဥပဒေ အတိုင်းခံစားခွင့်များပေးရန်အလကားဆင်းပေးရသော OTကြေးများပြန်လည်းရရှိလိုကြောင်းတောင်းဆိုထားကြပါတယ်။

အထက်ပါစက်ရုံဟာ fox&bunny အမှတ်တံဆိပ်အထည်တွေချုပ်လုပ်ပြီးစျေးကွက်ကိုဖြန့်ချီနေတဲ့စက်ရုံတခုလဲဖြစ်တယ်လို့ သိရပါတယ်။


 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026