NEWS

ကျွမ်းကျင်ကြေးတွေ ယခင်အတိုင်းပြန်ပေးဖို့ Sewell Garment Myanmar စက်ရုံလုပ်သားတွေတောင်းဆို

CoverLogo
654 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ငွေပင်လယ်စက်မှုဇုန်မှာဖွင့်လှစ်ထားတဲ့ Sewell Garment Myanmar စက်ရုံ အလုပ်သမားတွေဟာ ကျွမ်းကျင်ကြေးတွေကို အရင်ကပေးခဲ့တဲ့နှုန်းထားအတိုင်း ပြန်လည်ပေးချေစေလိုတယ်လို့ တောင်းဆိုလိုက်ပါတယ်။

လက်ရှိမှာ အထည်ချုပ်လုပ်သားတွေအနေနဲ့ အလုပ်ချိန် နံနက် ၈ နာရီမှ ည ၆ နာရီ ၃၀ မိနစ်ထိ အလုပ်ဆင်းရပြီး ဒေးကြေး ၄၈၀၀ ကျပ် အချိန်ပိုကြေး တနာရီ ၁၂၀၀ ကျပ် ထောက်ပံ့ကြေး ၁၀၀၀ ကျပ် တစ်ကတ်ကြေးတို့ဖြင့် လုပ်ကိုင်နေရတာဖြစ်လို့ စားဝတ်နေရေးအတွက် ဖူလုံမှုမရှိတာကြောင့် အရင်က သတ်မှတ်ပေးချေခဲ့တဲ့ ကျွမ်းကျင်ကြေးတွေ ပြန်လည်ပေးချေဖို့ တောင်းဆိုလိုတာဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"တစ်ကတ်ကြေးကိုလည်း ဈေးနှုန်းထည့်မပေးထားဘူး ဈေးနှုန်းထည့်ပေးရင် ချုပ်ရတဲ့လူလည်းသိတယ် ဖြစ်စေချင်တာက အရင်တုန်းကအတိုင်း ဂရိတ်ကြေးသတ်မှတ်ပေးစေချင်တယ် ၃ နှစ်ကျော်လောက်ရှိပြီ ပြောင်းလိုက်တာ  စပြောင်းလိုက်တုန်းကဆို အိုတီ ၂  နာရီပါမှ ၁ သိန်း ၇ သောင်း လောက်ပဲရတာအဲ့တော့  စားဝတ်နေရေးက ပြသနာရှိပြီလေ ၊ အခန်းငှားခက ၆ သောင်းခွဲ ဆိုတော့ ကျန်တာ စားဖို့ ဘယ်လောက်တော့မလဲ အလုပ်လုပ်ရင်းငတ်နေပြီ"လို့ အလုပ်သမားကပြောပါတယ်။

ယခင်က သတ်မှတ်ပေးချေတဲ့ ကျွမ်းကျင်ကြေးတွေကို တစ်ကတ်ကြေးအဖြစ် ပြောင်းလဲလျှော့ချလိုက်သည်မှာ ၃ နှစ်နီးပါးရှိနေပြီး အလုပ်ရှင်ဘက်က တောင်းဆိုထားတဲ့စံချိန်ပြည့်မီမှ သာ ကျွမ်းကျင်ကြေးရရှိတာဖြစ်လို့ စံချိန်အဆမတန်တိုးမြှင့်တောင်းဆိုမှုကြောင့်လဲ အခက်တွေ့နေရတယ်လို့ အလုပ်သမားကပြောပါတယ်။

"အရင်တုန်းက ကျွမ်းကျင်ကြေး (A2+)  55000ကျပ် (A+)  45000(A)35000  (B+)25000 (C)15000 နှုန်းနဲ့ပေးပါတယ် အခုကျတော့ အဲ့လိုမပေးဘဲ အလုပ်သမား သဘောဆန္ဒ   မပါဘဲအလုပ်ရှင်ဆန္ဒတစ်ခုဖြင့် တစ်ကတ်ကြေးအားပြောင်းလဲလိုက်ပါတယ် တစ်ကတ်ကြေး တစ်ထည်ကြေး ဘယ်လောက်ရလဲဆိုတာလည်း ချမပြဘူး စံချိန်ကိုလည်း အလုပ်သမားမချုပ်နိုင်တဲ့ စံချိန်တောင်းပြီး အလုပ်ရှင်ဘက်က တွက်ပေးသလောက်ပဲရတော့ တလလုံးလုပ်မှ အထည်ကြေး ၁၀၀၀၀ လောက်ပဲအများဆုံးရတာအခုကုန်ဈေးနှုန်းနဲ့ စားဝတ်နေရေးမလောက်ငှပါဘူး အရင်ကျွမ်းကျင်ကြေးပဲလိုချင်တယ်"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်အတွင်းမှာ လူမှုဖူလုံရေးဆေးခွင့်ယူပါက အလုပ်ရှင်ဘက်က ပေးရမဲ့ ၄၀ ရာခိုင်နှုန်းသာ ရရှိပြီး ကျန် ၆၀ ရာခိုင်နှုန်းကို ဖူလုံရေးရုံးကို အလုပ်သမားကိုယ်တိုင် သွားရောက်ထုတ်ယူရတာကြောင့် အခက်အခဲရှိနေပြီး အလုပ်ရှင်ဘက်က စီစဉ်ပေးစေလိုတယ်လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ ယခင်ရရှိထားတဲ့ကျွမ်းကျင်ကြေးတွေ ပြန်လည်သတ်မှတ် ပေးဖို့ အလုပ်သမားများချုပ်လုပ်နိုင်တဲ့ စံချိန်ကိုသာတောင်းခံဖို့ နိုင်ငံခြားသားနှင့် စကားပြန်ဝန်ထမ်းများမှ တိုက်ရိုက်ခိုင်းစေခြင်းမပြုဖို့ လူမှုဖူလုံရေးဆေးခွင့်များကို အလုပ်ရှင်ဘက်မှ ဆောင်ရွက်ပေးရန်နဲ့ လုပ်ငန်းခွင်အတွင်း အပူအအေးမျှတအောင် စီမံပေးရန် စတဲ့အချက်တွေတောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာအလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ လုပ်ငန်းရှင်အလိုကျ WCC ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါ စက်ရုံမှာ အလုပ်သမား ၅၀၀ ကျော် အလုပ်လုပ်ကိုင်နေပြီး YAMADATATSU ORRIGINAL  အမှတ်တံဆိတ် ဂျပန် Barndsတွေချုပ်လုပ်တင်ပို့နေတာလို့ သိရပါတယ်။

 

 


Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026