NEWS

ကျောင်းသူအရွယ် မိန်းကလေးငယ်ကို တရုတ်မယား ပြုလုပ်ရန် စည်းရုံးတဲ့ တရုတ်နိုင်ငံသားအပါ ၃ ဦး ကို အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီချ

CoverLogo
173 Views
 
ရန်ကုန်တိုင်းဒေသကြီးဒလ မြို့နယ် မှ ကျောင်းသူ ၂ ဦး ကို တရုတ်မယား အဖြစ် ပို့ဆောင် ရောင်းစားရန် စီစဉ်တဲ့ တရုတ် နိုင်ငံသားနဲ့စကားပြန်ပြုလုပ်သူ လင်မယား ၂ဦး ကိုအလုပ်နဲ့ထောင်ဒဏ် ၁၀နှစ်စီ ချမှတ်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
ဒလမြို့နယ် ဗိုလ်ရန်ပြေရပ်ကွက် ဗိုလ်ရန်ပြေ (၆) လမ်းနေ မသီတာအောင်၊ အောင်ဇော်ဦး (ခ) ဟာမီဒူဘာ (လိပ်စာတူ) နေသူနဲ့ ဟူနန်မြို့ တရုတ်နိုင်ငံနေ Mr. LUO FU CAI တို့က ဒလမြို့နယ်နေ မ---၊ ၁၃/၂၀၂၅ နှစ်နှင့် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နေ မ---၊ ၁၆/၂၀၂၅ နှစ်တို့ကို တရုတ်အမျိုးသားနဲ့ လက်ထပ်ပါက ရွှေဆွဲကြိုး၊ ရွှေလက်စွပ်ရွှေနားကပ်ဆင်ပေးမည့်အပြင် ငွေဖြင့်လည်းတင်တောင်းမည်ဟု ပြောဆိုစည်းရုံးပြီး ရရှိ တဲ့ ငွေကြေးများ ကို ခေါင်းပုံဖြတ်ရယူရန် စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။
 
အခုလို အသက်မပြည့်သေးတဲ့ ကျောင်းသူလေးတွေ ကို တရုတ်မယား ပြုလုပ်ဖို့ ငွေကြေး မက်လုံးပေး စည်းရုံးနေ တဲ့ ရုပ်သံဖိုင် တွေ လူမှုကွန်ယက် မှာ ပျံ့နှံ လာရာ မှ အွန်လိုင်းအသုံးပြုနေတဲ့ ပြည်သူတွေ အကြား ဝေဖန်မှုမြင့်တက်ခဲ့ကြပါတယ်။
 
ဒါကြောင့် တရုတ်မယားအဖြစ် ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့သူတွေ ကို ဒလမြို့မရဲစခန်း (ပ) ၂၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့တယ်လို့သိရပါတယ်။
 
ပြစ်မှုထင်ရှားတဲ့ အတွက် တွံ့တေးခရိုင်တရားရုံးမှ မေ ၅ ရက်တွင် တရားခံ မသီတာအောင်၊ အောင်ဇော်ဦးနဲ့ Mr. LUO FU CAI တို့ သုံးဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/ ၄၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။
 
Photo-လူမှုကွန်ယက်

Related posts

Cover
Hope one စက်ရုံ အခွင့်အရေးများ လျှော့ချ
Jun 18, 2025
Cover
လုပ်ခတိုးပေးဖို့နဲ့ လုပ်ငန်းခွင်အတွင်းအခွင့်အရေးချိုးဖောက်တာတွေမလုပ်ဖို့ Casico Garment အလုပ်သမားတွေတောင်းဆိုမှုပြုလုပ်
Jun 18, 2025
Cover
ILO ဥပဒေပုဒ်မ ၃၃ ဆုံးဖြတ်ချက် အတွက် အထည်ချုပ်အသင်း ပူးပေါင်းဆောင်ရွက်မည်ဟု ဆို
Jun 18, 2025
Cover
New Plus စက်ရုံမှာ ဘာတွေ ဖြစ်နေလဲ
Jun 18, 2025
Cover
Shi An Myanmar အထည်ချုပ် နားရက် တနင်္ဂနွေနေ့ပါ အချိန်ပို လုပ်ကိုင်ခိုင်း
Jun 18, 2025
Cover
Tianjin Fashion Milestone စက်ရုံ ကြိုပို့ယာဉ် နောက်ကျမှု အလုပ်သမားများ အခက်တွေ့
Jun 18, 2025
Cover
Chisheng စက်ရုံလုပ်သားများအား နို့တစ်ပေးအလုပ်ထုတ်မည်ဟု စက်ရုံမန်နေဂျာ ပြောဆို
Jun 18, 2025
Cover
Rong Da အထည်ချုပ် စက်ရုံနှင့် အလုပ်သမားများ သဘောတူညီမှုရ၊ တောင်းဆိုမှု ပြီးဆုံး
Jun 18, 2025