NEWS

ကျိုစိန့်စက်ရုံအလုပ်သမားများအရေး ဖြေရှင်းချက်

CoverLogo
1.3K Views

ဖေဖော်ဝါရီ ၂၀ ရက်နေ့က Myanmar Labour News မှ "စက်ရုံပိတ်သိမ်းစဥ်ပေးရမယ့်နစ်နာကြေးအပြည့်မပေး၍ကျိုစိန့်အထည်ချုပ်စက်ရုံလုပ်သား ၂၀၀၀ ကျော်အခက်တွေ့" ခေါင်းစဥ်ဖြင့်သတင်းတစ်ပုဒ်ရေးသားဖော်ပြခဲ့ပါတယ်။

ကျုံစိန့်စက်ရုံဟာအော်ဒါပါးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့၂၀၂၁ ခုနှစ် ၁၁ လပိုင်းကနေ ယခုနှစ် ၁လပိုင်းအကုန်အထိယာယီပိတ်သိမ်းခဲ့တာဖြစ်တယ်လို့အလုပ်သမားတွေကဆိုပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ငွေပင်လယ်စက်မှုဇုံမှာ ဖွင့်လှစ်ထားတဲ့ အဆိုပါ ကျိုစိန့်အထည်ချုပ်စက်ရုံ ယာယီပိတ်သိမ်းစဥ်ပေးရမယ့် အလုပ်ပိတ်သိမ်းလျော်ကြေး အပြည့်အဝမရရှိတဲ့အတွက် အဆိုပါ အလုပ်သမားတွေရဲ့ ပြောကြားချက်ကို အခြေခံပြီး ရေးသားတင်ပြမှုအပေါ် ကျန်အလုပ်သမားအချို့မှ ယင်းကိစ္စရပ်သည် သတင်းမှားဖြစ်ကြောင်း လာရောက် ဆက်သွယ်ပြောကြားသလို သတင်းစာမျက်နှာ မှာပါ မှတ်ချက်ရေးသားခဲ့ကြတာကို တွေ့ရှိခဲ့ရပါတယ်။

စက်ရုံယာယီပိတ်စဉ်မှာ အလုပ်သမားတွေ အတွက် အလုပ်ပိတ်သိမ်းလျော်ကြေးအဖြစ်  အနည်းဆုံးလုပ်ခလစာပေးချေရမယ်လို့ တည်ဆဲအလုပ်သမားဉပဒေမှာပြဌာန်းထားတာ ဖြစ်ပြီး အဆိုပါ ရပိုင်ခွင့်ဟာ အလုပ်သမားတွေ အပြည့်အဝရရှိရမယ့် အခကြေးငွေမျိုး ဖြစ်တယ်လို့ အလုပ်သမားအရေး ကျွမ်းကျင်သူတွေက ဆိုပါတယ်။

Myanmar Labour News အနေနဲ့ သတင်းမှား ဖြစ်ကြောင်း မှတ်ချက်ပေးတဲ့ အလုပ်သမားတွေကို ဆက်သွယ်မေးမြန်းမှုတွေပြုလုပ်ခဲ့ပါတယ်။သတင်းမှားဟု ပြောကြားမှုများအတွက် သက်သေအထောက်အထားအဖြစ် အပြည့်အဝရရှိခဲ့သည့် ငွေပေးစလစ်များတောင်းယူသည့်အခါမှာတော့ စလစ်မရှိကြောင်းနှင့် လက်မှတ်ထိုးထုတ်ယူခြင်း ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။အလုပ်သမားတွေရခဲ့တဲ့နှုန်းထားကတော့ တစ်လအတွက် ၄ သောင်းကျပ်နှုန်းဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နှစ်သစ်ကူးကာလ အလုပ်ပါးစဉ်မှာ ၂၀၂၁ခုနှစ် ၁၁လပိုင်းကနေ ၂၀၂၂ ခုနှစ် ၁လပိုင်းကုန်အထိ အလုပ်သမားအများအပြားကို ထိုက်သင့်တဲ့ နစ်နာကြေး( ၄ သောင်းကျပ်နှုန်)ပေးကာ ရပ်နားထားခဲ့တာ ဖြစ်တယ်လို့ အဆိုပါ  စက်ရုံဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ကျိုစိန့် အထည်ချုပ်စက်ရုံရပ်နားခဲ့စဉ်အချိန်ကာလ အတွင်းမှာ အလုပ်ကနေ ရပ်နားထားတဲ့အလုပ်သမားတွေအတွက် အလုပ်ပိတ်သိမ်းလျော်ကြေးကို အလုပ်သမားတွေနဲ့ စက်ရုံ တာဝန်ရှိသူတွေ ညှိနှိုင်းပြီးနောက် ရရှိခဲ့တာဖြစ်လို့ မှတ်ချက်ပေးခဲ့တဲ့ စက်ရုံရဲ့အလုပ်သမားတချို့က MLN ကိုပြန်လည်ပြောပါတယ်။

မှတ်ချက်ပေးခဲ့တဲ့ လိုင်းကြီးကြပ် စူပါ ရာထူးဝန်ထမ်းအမျိုးသမီးတစ်ဦးက"နားတဲ့သူ အကုန်လုံးရတယ်လေ၊ အခု စက်ရုံမှာ မပိတ်ခင်မှာ တစ်ထောင်ကျော်လောက်ရှိတယ်ဆိုလို့ရှိရင်လည်း တစ်ထောင်ကျော်လောက်ကတော့ အကုန်လုံးရတယ်၊ ပြောရမယ်ဆိုရင် ထွက်သွားတဲ့ဝန်ထမ်းတွေတောင် ရသေးတယ်"လို့ ပြောပါတယ်။

အဆိုပါစက်ရုံရဲ့ ဌာနအလိုက် ဝန်ထမ်း ၁၄၀၀ ကျော်ကို ရပ်နားခဲ့တာဖြစ်ပြီး လုပ်သက်၆လမပြည့်သေးတဲ့ အလုပ်သမား ၃၀ခန့်အတွက်ကိုတော့ နစ်နာကြေးပေးတာမရှိခဲ့ဘူးလို့ အလုပ်သမားတချို့ထံက သိရပါတယ်။

နစ်နာကြေးပေးစဉ်မှာလည်း နယ်ပြန်သွားသူတွေ၊ ထိုင်းနိုင်ငံဘက်သို့ ကူးပြောင်းအလုပ်လုပ်သူတွေကိုပါ ဆက်သွယ်ပြီး အထောက်အထားအခိုင်အလုံရှိပါက အလုပ်သမားခေါင်းဆောင်တွေရဲ့ ထောက်ခံမှုနဲ့ ၎င်းအလုပ်သမားတွေရဲ့ မိသားစုတွေကို ချိတ်ဆက်ပြီး နစ်နာကြေးပေးခဲ့တယ်လို့ ဆိုပါတယ်။

စက်ရုံရဲ့ ဌာနအားလုံးကို တပြိုင်ထဲရပ်နားခဲ့တာမဟုတ်ပဲ အလုပ်အရင်ပြီးပြတ်သည့်ဌာနအား အရင်ရပ်နားခဲ့တာဖြစ်ကာ အဲ့ဒီအတွက်ကိုလည်း အလုပ်ရှင် ၊အလုပ်သမား ညှိနှိုင်းခဲ့ကြပြီး တစ်လလျှင်လေးသောင်းနှုန်း ခံစားခွင့်ပေးဖို့ သဘောတူ ရပ်နားခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

တစ်လလေးသောင်းကျပ်နှုန်းနဲ့ ညှိနှိုင်းခဲ့ကြတယ်ဆိုပေမယ့် အလုပ်သမားတွေကို ကိုယ်စားပြုတဲ့ သမဂ္ဂမရှိဘဲ စူပါတွေနဲ့ အုပ်ချုပ်ရေးပိုင်းကပဲ ဆွေးနွေးလုပ်ဆောင်တာ ဖြစ်တယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

ရပ်နားချိန် အနည်းဆုံး ရက်ပေါင်း ၇၀ကျော်ကနေ ၈၅ ရက်ခန့်အထိ ရှိခဲ့ပြီး ရပ်နားခဲ့စဉ်ကာလအတွက် တစ်လလျှင် လေးသောင်းနှုန်းဖြင့် အစွန်းထွက် ရက်တွေအတွက်ပါ နစ်နာကြေးကို ဖေဖော်ဝါရီလ ၁၅ရက်နေ့ကတည်းက စက်ရုံကနေ ရရှိခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

အလုပ်သမားတွေရဲ့နစ်နာကြေးကိုစက်ရုံဖက်ကထောက်ပံ့ကြေးဆိုပြီး တစ်လလျှင် လေးသောင်းကျပ်နှုန်းနဲ့ ပေးချေပြီးတော့ စက်ရုံမပိတ်ခင်ကလုပ်သက်၆လမပြည့်တဲ့သူတွေဆီကလဲပြန်တောင်းယူခံခဲ့ရတယ်လို့ ကျေနပ်မှု မရှိတဲ့ အလုပ်သမားတွေဖက်ကပြောပါတယ်။

"မနေ့ကတစ်လိုင်းချင်းဆီခေါ်ပြီး ဖေ့ဘုတ်အကောင့်တွေပြခိုင်းပြီးကျေနပ်ကြောင်းမှတ်ချက်တွေခေါ်ရေးခိုင်းတယ်ပြီးရင်ပြခိုင်းတယ် မနက်ကနေညနေအထိပဲမရေးရင်ပြောမယ့်ဆိုမယ့်ပုံတွေဆိုတော့အလုပ်သမားတွေကကြောက်ပြီးရေးပေးလိုက်ကြပေမယ့်မကျေနပ်ကြဘူး"လို့ စက်ရုံအလုပ်သမားတဦးက MLN ကိုထပ်မံပြောပါတယ်။

"၆ လကလေးမလေးတွေလဲမနေ့က ကျေနပ်တဲ့အကြောင်းဝင်ရေးခိုင်းတယ် စူပါတွေအောစူပါတွေအကုန်ခေါ်ပြီးရေးခိုင်းနေတာသူတို့လဲမမန့်ချင်ပဲမန့်နေရတာ"လို့စက်ရုံဖက်ကဖိအားပေးပြီးမှတ်ချက်ရေးခိုင်းတာခံခဲ့ရတဲ့စက်ရုံအလုပ်သမားတဦးကဆက်ပြောပါတယ်။

ယခုလိုဖိအားပေးမှတ်ချက်ရေးခိုင်းတာတွေအပြင် စူပါတွေကိုအလုပ်သမားတွေဆီကယခင်ကထက်အထည်တိုးတောင်းခိုင်းတာတွေလုပ်ငန်းခွင်အတွင်းအလုပ်သမားတွေကိုဖိနှိပ်ဖို့ခိုင်းစေတာတွေကိုမန်နေဂျာတွေဖက်ကဖိအားထပ်ပေးလာတယ်လို့လဲသိရပါတယ်။

အလုပ်ဝင်တဲ့အချိန်ကချုပ်ဆိုခဲ့တဲ့အလုပ်ရှင်အလုပ်သမားစာချုပ်ပါအချက်အလက်အတိုင်းရရှိရမယ့်နစ်နာကြေးမှာတလစာ ၁၄၀၀၀၀ ဖြစ်တဲ့အတွက်အခုလို ၄၀၀၀၀ သာပေးတဲ့အတွက်အလုပ်သမားတွေဖက်ကအခက်ကြုံနေကြရတာဖြစ်ပါတယ်။

"ခုကစက်ရုံဖက်ကလူလည်ကျမှာကျတော်တို့ကိုမောင်းမယ်အော်ဒါတွေတိုးချုပ်ခိုင်းတယ်ပြီးတော့အော်ဒါပါးတယ်ဆိုပြီးအဲ့လိုပဲပိတ်ပစ်မှာ"လို့ကျုံစိန့်စက်ရုံအလုပ်သမားတဦးကဆိုပါတယ်။

စက်ရုံတွေဖက်ကအလုပ်သမားတွေအပေါ်အလုပ်ချိန်တွေတိုးခိုင်းထားပေမယ့် ရသင့်ရထိုက်တဲ့လုပ်ခလစာ၊ နစ်နာကြေးမပေးတာတွေရှိနေတဲ့အပြင်မကြာခဏဆိုသလိုအော်ဒါမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့စက်ရုံပိတ်သိမ်းမှာကိုလည်းအလုပ်သမားတွေဖက်ကစိုးရိမ်နေရတယ်လို့လဲသိရပါတယ်။

"သူတို့ပေးတော့အလုပ်ပြုတ်မှာစိုးရိမ်တာနဲ့လတ်မှတ်ထိုးပေးလိုက်ရပေမယ့်ကျတော်တို့ကိုစာချုပ်မှာပါတဲ့အတိုင်းသူတို့ဖက်ကအပြည့်ပေးစေချင်တယ်"လို့စက်ရုံပိတ်သိမ်းစဥ်ကာလအတွက်နစ်နာကြေးအပြည့်အဝမရခဲ့တဲ့အဆိုပါစက်ရုံအလုပ်သမားတဦးကပြောပါတယ်။

ကျိုစိန့်စက်ရုံ ဟာတရုတ်နိုင်ငံသားပိုင်စက်ရုံတစ်ခုဖြစ်ပြီး H&Mအမှတ်တံဆိပ်သိုးမွှေးအနွေးထည်တွေကိုအဓိကချုပ်နေတာဖြစ်ပြီးဥရောပနိုင်ငံတွေကိုဖြန့်ချီနေတာဖြစ်တယ်လို့သိရပါတယ်။

ကျေနပ်ကြောင်းမှတ်ချက်ရေးခဲ့သူ အထည်ချုပ် အလုပ်သမတစ်ဦးက"ညီမတို့ စက်ရုံက ဒီ H&M Brand ကိုပဲချုပ်တာများတယ်၊ စက်ရုံစဖွင့်ပြီ ဆိုကတည်းကချုပ်ရတာ၊ ချုပ်ရတဲ့ခါကျတော့ ဒီ H&M Brand ကကျတော့ သူက အော်ဒါပေးပြီဆိုလို့ရှိရင် error မရှိတဲ့ စက်ရုံကိုပဲ သူက အော်ဒါပေးတာ၊ ညီမတို့က ခုလိုပြဿနာတွေဖြစ်နေတဲ့အပေါ်မှာတော့ ညီမတို့က မဖြစ်စေချင်ဘူးကွာ၊ ညီမတို့ အော်ဒါမရမှာလည်း ကြောက်တယ်၊ ညီမတို့ အခု အလုပ်လေးပြန်ကောင်းတော့ အားလုံးဝမ်းသာကြတယ်၊ ညီမတို့စက်ရုံက အလုပ်ကောင်းရင် ကိုယ်ချုပ်ရင် ခုနစ်သိန်း၊ ရှစ်သိန်းလောက်ရတယ်၊ အဲ့တော့ အလုပ်လေးပြန်ကောင်းချင်တယ်၊အဲ့ဒါကြောင့်မို့ ညီမတို့ကအခုလို ပြဿနာတွေဖြစ်လို့ H&M က သိသွားလို့ ညီမတို့ကို အော်ဒါချမပေးမှာကို ညီမအပါအဝင် အကုန်လုံးကကြောက်တယ်၊ ညီမတို့က အလုပ်မရှိမှာကိုကြောက်တာ"လို့ MLN ကိုပြောပါတယ်။

လတ်တလောမှာတော့ အဆိုပါစက်ရုံမှာ အလုပ်သမားတွေ အလုပ်ဆက်ဆင်းနေပြီဖြစ်သလို၊ နေရပ်ပြန်သွားတဲ့ အလုပ်သမားတွေကိုလည်း ပြန်ခေါ်ခန့်ထားတယ်လို့ သိရပါတယ်။အလုပ်ရပ်နားစဥ်က ရပ်နားခံခဲ့ရတဲ့ ဝန်ထမ်း ၁၄၀၀ ကျော်ရှိခဲ့ပြီး လက်ရှိမှာ အလုပ်သမား ၂၀၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။


Related posts

Cover
အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား Nay Shwe Win စက်ရုံ အလုပ်ထုတ်
Mar 10, 2026
Cover
Myanmar Yangon Richang Apparel စက်ရုံလုပ်သားများ နားရက်မရှိ လုပ်ကိုင်နေရ
Mar 10, 2026
Cover
Myanmar Handsome အထည်ချုပ် EC စာချုပ် ပေးမထားလို့ အလုပ်သမားအခွင့်အရေးများ နစ်နာနေရ
Mar 09, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026
Cover
Sky Fashion Myanmar အထည်ချုပ် လုပ်သက်တစ်နှစ်နီးပါး လုပ်သားများအား အသက်မပြည့်လို့ဆိုပြီး နေ့စားလုပ်သားအဖြစ် ပြောင်းခိုင်း
Mar 09, 2026
Cover
လှိုင်သာယာ အနော်ရထာ စက်မှုဇုန် ရှိ ဆန်စက်အတွင်း ဆန်အိပ်ပုံပြိုကျရာမှ အလုပ်သမား ၂ဦးသေဆုံး
Mar 07, 2026
Cover
လူမှုဖူလုံရေး အာမခံလုပ်သား ၁ ဒသမ ၃၄ သန်းကျော်အထိ ရှိလာဟုဆို
Mar 07, 2026
Cover
Jinli Garment စက်ရုံမှ အချိန်ပို အောလင်း၊ အောနိုက် ဆဲဆို ဆင်းခိုင်းလို့ တစ်ပတ် ၃ ရက် လုပ်ကိုင်ပေးရ
Mar 07, 2026