NEWS

ကျင်မိန်အထည်ချုပ်စက်ရုံမှာ ဘာတွေ ဆက်ဖြစ်လဲ

CoverLogo
700 Views
 
စက်ရုံရဲ့အခြေအနေနဲ့ အလုပ်သမားအခြေအနေကို တစ်ခုမချန် ပြောချင်ပါတယ်။
စက်ရုံက အခြေအနေတွေ MLN ကို ဘယ်သူလာပြောလည်း မသိပေမဲ့၊ ပြောတဲ့သူရော ၊ MNL ကိုရော တကယ် ကျေးဇူးတင်တယ်။
စက်ရုံရဲ့အခြေနေက သတင်းထဲကထက် ပိုဆိုးနေတာပါ။ ဒါတွေကို ထပ်မပြောတော့ဘူး။
သတင်းတက်ပြီး စက်ရုံကို notice စာ ကျလာတယ် ။
ဘယ်လိုတွေသိကုန်လည်း မသိဘူး ။ မန်စီအလုပ်သမားရုံး အတွင်းရေးမှူးချူပ် ကိုယ်တိုင်ဆင်းလာပြီး စကားပြန်နဲ့ ဖြေရှင်းတာ။
သူတို့ အရမ်းကြောက်နေတယ် ပြောရမယ်။ နို့တစ်ပါ ကျလာတာ။ အဲ့တော့ညှိကို ညှိရမှာ ဖြစ်လာတာ။
သတင်းတက်လာပြီး နောက်နေ့မှာ အတွင်းရေးမှူးချူပ် ရောက်လာတယ်။ ပိတ်ရက်မှာ သူဌေးနဲ့ပြောပြီး ညှိပေးမယ် ။ ထမင်းဟင်းကိစ္စ အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်။ မြန်မာနိုင်ငံကလာတဲ့ အလုပ်သမားတွေကို တရုတ်နိုင်ငံ က စက်ရုံသူဌေးတွေက မနှိပ်စက်ပါဘူး။ တရုတ်ဥပဒေမှာလည်း အဲ့လိုလုပ်ခွင့် မပေးပါဘူး ပြောပါတယ် ။ မကျေနပ်တာ၊ အဆင်မပြေတာရှိရင် သူတို့ရုံးကို တိုက်ရိုက်လာပြောပါ လို့ ပြောပါတယ်။
သူတို့ အဲ့လိုပြောပြီး ပြန်သွားတယ်။ ညနေဘက်ရောက်တော့ စူပါတွေကို မီတင်ခေါ်ပါတယ်။
ပိတ်ရက်ကို တနင်္ဂနွေနေ့တိုင်းပိတ်ပေးမယ်။ ထမင်းနဲ့ဟင်းကို အရင်ကထက် ပိုအဆင်ပြေအောင်ကျွေးပါမယ်လို့ ပြောတယ်။ ဒါက သူတို့ ပါးစပ်ကထွက်တဲ့ စကား။ တကယ်လုပ် ပေးမပေးကတော့ စောင့်ကြည့်ရမယ်။
ပြောချင်တာက ည ၁၁၊ ၁၁ခွဲ အထိ အိုတီ ဆင်းခိုင်းတာက လုံးဝမဖြစ်သင့်ပါဘူး ။ တစ်နေ့ ပုံမှန် အလုပ်ချိန် (မနက် ၇ နာရီ ၄၅ ကနေ ညနေ ၆ ခွဲ) ၁၀ နာရီကျော် ဆင်းပေးရတယ်။ ၆ခွဲ နောက်ပိုင်း အိုတီပါ။ ပိတ်ရက်က တစ်လ ၂ ရက်နဲ့ ည ၁၁ ၊ ၁၁ ခွဲဆိုတာ ဘယ်လိုလုပ်နိုင်တော့မလဲ။ စက်တောင် အနား ပေးရသေးတာ။
အလုပ်သမားက နားချိန်မရှိ၊ ပင်ပန်းရတဲ့ ကြားထဲမှာ အစားအသောက်က စုတ်ပြတ်နေတာ။
အဲ့မှာပဲ လူတွေ ထိခိုက်ကုန်တာပါ။
ကြာလာတော့ စက်ချုပ်သမားတွေ ဒဏ်မခံနိုင်တော့ဘူး။
မချူပ်နိုင်တော့ အထည်က မထွက်။
မထွက်တော့၊ စူပါတွေကိုအပေါ်က ဖိ။
စူပါတွေကလည်း အနေစားချောင်ရေး အောက်ခြေကို စွတ်ခိုင်း။ အထည်တွေ စွတ်တောင်းပါတယ်။
ဆဲတာဆိုတာ၊ လူကြားမကောင်းအောင်ပါပဲ။ ဒါတွေက ပြသနာ။
အဲဒီ ပြသနာကလည်း အလုပ်ချိန် များနေတာက စတာပါ။
အပတ်တိုင်းပိတ်မယ်၊ အိုတီကို တနင်္လာကနေ သောကြာ၊ အိုတီကို ၁၀ နာရီ/ ၁၀ ခွဲခေါ်မယ်ဆိုရင် အဆင်ပြေကြမှာ ။
တရုတ်စက်ရုံဘက်က (အခု) ပြောတာတော့ အပတ်တိုင်းပိတ်မယ် ။ ထမင်းဟင်းကိစ္စ အဆင်ပြေအောင် လုပ်ပေးမယ်တော့ ပြောထားပါတယ်။ အိုတီကို ဘယ်ချိန်ထိ ခေါ်ပြိး ဘယ်လိုတွေစီမံမယ်ဆိုတာ မသိရသေးလို့ အလုပ်သမားတွေ အဆင်ပြေနိုင်မလားဆိုစောင့်ကြည့်ရမဲ့ အခြေအနေပါ။
အလုပ်သမားတွေ ချုပ်နိုင်တဲ့ အထည်အရေအတွက်(စံချိန်)တောင်းမယ်ဆိုရင် (အလွန်အရေးကြီးတဲ့ အခြေအနေမျိုးကို အလုပ်သမားတွေ နားလည်ပေးသည်) အလုပ်ရှင်နဲ့ အလုပ်သမားကြား အဆင်ပြေမှာပါ။
MLN ကို အနှစ်ချုပ်ပြောချင်တဲ့ စကားကတော့ ပြသနာဖြစ်ပြီး လာဖြေရှင်းတဲ့အကြောင်း၊ အလုပ်သမားတွေကို လာပြောတဲ့ အကြောင်းနဲ့ စောင့်ကြည့်ရမယ့် အကြောင်းတွေပါ။
(PS , သတင်းအောက်မှာ လာမန့်နေတာတွေက စက်လိုင်းစူပါနဲ့ HRတွေက စက်ရုံကို ကောင်းတယ်ဆိုတဲ့ အနေအထား ဖြစ်အောင်ရေးဆိုလို့ ၊ မဟုတ်တာတွေ လိုက်ရေးနေတာပါ ။ မွေးနေ့ပွဲဘာညာက ပုံထဲကပဲ ကြည့်ကောင်းတာ။ တကယ်က ဘာမှ ပျော်စရာကောင်းမနေပါဘူး)
ကျေးဇူးတင်ပါတယ် MLN

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026