NEWS

ကုန်ဈေးနှုန်း ၃ ဆအထိမြင့်တက်ပေမဲ့ လုပ်အားခတွေ နှုန်းထားအဟောင်းတိုင်းသာပေးချေနေ

CoverLogo
803 Views

ပြည်တွင်းမှာကုန်ဈေးနှုန်း ၃ဆအထိမြင့်တက်နေပေမဲ့ အလုပ်သမားတွေရရှိတဲ့နှုန်းထားကတော့ ၂၀၁၈ ခုနှစ်က သတ်မှတ်ခဲ့တဲ့အတိုင်းသာဖြစ်နေသေးတာကြောင့် စားဝတ်နေရေး ထိခိုက်မှုဖြစ်ပေါ်နေတယ်လို့ စက်မှုဇုန်အလုပ်သမားတွေကပြောဆိုပါတယ်။ 

မြန်မာနိုင်ငံကထွက်ခွာဖို့ပြင်ဆင်နေတယ်လို့  ကြေညာထားတဲ့နာမည်ကြီး အမှတ်တံဆိပ်တွေအနေနဲ့ မြန်မာနိုင်ငံကမထွက်ဖို့နဲ့ ဆက်ပြီးလုပ်ငန်းလုပ်ကိုင်ဖို့နဲ့ အတူလက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ရှိနေတယ်ဆိုပြီး မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်အသင်းက ထုတ်ပြန်ပြီးတော့ အလုပ်သမားအခွင့်ရေးနဲ့ပတ်သက်လို့ လုပ်အားခနှုန်းထားနဲ့ပတ်သက်လို့ကတော့ ဘာတစ်ခုမှ တုန့်ပြန်ပြောဆိုတာမရှိဘူးလို့ လည်း အလုပ်သမားကပြောဆိုပါတယ်။

" လုပ်ငန်းရှင်တွေက သူတို့အကျိုးစီးပွား ထိမှာကြောက်လို့ သူတို့ရဲ့ကုမ္ပဏီတွေထိခိုက်မှာစိုးရိမ်လို့ ထုတ်ပြန်တာလို့ပဲမြင်တယ်။ အလုပ်သမားရဲ့အသက်မွေးဝမ်းကြောင်းထိခိုက်မှာစိုးတယ် အလုပ်အကိုင်တွေတည်မြဲစေချင်တယ် ဒီစကားမှန်ကန်ရင် အလုပ်သမားတွေကိုမဖိနှိပ်သင့်ဘူး။ အလုပ်သမားတွေအခွင့်အရေးတွေကိုကြည့်သင့်တယ်။ သူတို့ရဲ့ကုန်ပစ္စည်းတွေ ၂၀၁၈ ခုနှစ်ကစျေးအတိုင်း သူတို့ရောင်းလားစျေးတွေသုံးဆလောက်တက်လာတယ်။ ကျွန်တော်တို့အလုပ်သမားတွေလုပ်ခကျ ၂၀၁၈ ခုနှစ်ကလုပ်ခအတိုင်း ခုထိပဲမတိုးပေးဘူး။ သူတို့ပေးချင်ရင်ရတယ်။ ဘယ်အစိုးရခွင့်ပြုချက်မှမလိုဘူး။ မပေးချင်လို့ကို အစိုးရဆီတောင်းလို့ပြောတာ။ တကယ်သာအလုပ်သမားကိုကြည့်ရင် ခုလိုမနေပါဘူး " လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

အထည်ချုပ်လုပ်ငန်းရှင်အသင်းဟာ  နာမည်ကြီးကုန်အမှတ်တံဆိပ်တွေအနေနဲ့ မြန်မာနိုင်ငံက ထွက်မသွားဖို့ တောင်းဆိုတဲ့ထုတ်ပြန်ချက်ဟာ  စက်ရုံတွေမှာလုပ်ကိုင်နေတဲ့အလုပ်သမားများအတွက်မဟုတ်ဘဲ ၎င်းတို့ရဲ့ကိုယ်ကျိုးစီးပွားဆုံးရှုံးမှာစိုးရိမ်စိတ်ဖြင့်ထုတ်ပြန်လိုက်တာဖြစ်ပြီး အဲလိုထုတ်လိုက်ပေမဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကိုတော့ဆက်လက်ကျူးလွန်ကာ အလုပ်သမားအပေါ်  လျစ်လျူရှုနေဆဲဖြစ်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။

လုပ်ငန်းရှင်များအသင်းရဲ့ ဩဂုတ်၂၆ရဲ့ထုတ်ပြန်ချက်အရ အပြည်ပြည်ဆိုင်ရာအမှတ်တံဆိပ်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ဆက်လက်တည်ရှိနေခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်မယ်လို့ယုံကြည်ပြီး တာဝန်ယူမှုနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်မှုကနေအလုပ်အကိုင်အခြေအနေတွေ ပိုမိုကောင်းမွန်လာစေဖို့ အထောက်အကူပြုမယ်လို့ ယုံကြည်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ တာဝန်ယူမှုရှိတဲ့စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ဖို့ အပြည်ပြည်ဆိုင်ရာအမှတ်တံဆိပ်တွေ၊ မိတ်ဖက်တွေနဲ့ အတူလက်တွဲလုပ်ဆောင်ဖို့ မြန်မာနိုင်ငံလုပ်ငန်းရှင်များအသင်းအနေနဲ့ အဆင်သင့်ရှိနေပြီး အထည်ချုပ်လုပ်ငန်း​ရှင်တွေ၊ အလုပ်သမားတွေအားလုံးအတွက်အထည်ချုပ်ကဏ္ဍ အခြေအနေတိုးတက်ကောင်းမွန်လာဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကတိပြုတယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။ 

H&M ၊ ZARA စတဲ့နာကြည်ကြီး ကုန်အမှတ်တံဆိ​ပ်တွေအနေနဲ့
မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ပြင်ဆင်နေတယ်ဆိုတဲ့ ကြေညာချက်ထွက်လာခဲ့တာကြောင့်  အထည်ချုပ်လုပ်ငန်းရှင်အသင်းက ဩဂုတ်၂၆ရက်မှာ အခုလို ထုတ်ပြန်ချက်ထုတ်လိုက်တာဖြစ်ပါတယ်။

 မြန်မာနိုင်ငံက ထွက်ခွာမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေကြောင့် အလုပ်ထုတ်ခံရနိုင်ခြေ မြင့်မားမှုအပါအဝင် စက်ရုံများရှိ ဝန်ထမ်းများရဲ့ အသက်မွေးဝမ်းကြောင်းကိုများစွာထိခိုက်စေနိုင်တယ်လို့ ဖော်ပြထားသလို ၂၀၀၀ 
ပြည့်နှစ်အစောပိုင်းက အလားတူ ထွက်ခွာမှုတွေကြောင့်အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေကိုမျက်ဝါးထင်ထင် တွေ့မြင်ရပြီးဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

မကြာသေးမီက H&M၊ ZARA နဲ့ Inditex ချုပ်လုပ်​နေတဲ့စက်ရုံတွေက အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့ အလုပ်သမားအခွင့်အရေးထုတ်ဖော်ပြောဆိုတဲ့အလုပ်သမားတွေကို  စစ်အစိုးရက ဖမ်းဆီးမှုတွေပြုလုပ်ခဲ့သလို ကြီးမားတဲ့အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမိုမြင့်တက်လာတာကြောင့် မြန်မာနိုင်ငံအတွက် လုပ်ငန်းလည်ပတ်မှု အရင်းအမြစ်တွေကို ရပ်တန့်ပစ်မယ်လို့ ကြေညာမှုတွေရှိခဲ့ပါတယ်။  

ဒါ့အပြင်နာမည်ကြီး ဖက်ရှင်ကုန်အမှတ်တံဆိပ်တွေ မြန်မာနိုင်ငံက ထွက်ခွာမဲ့သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက်  အီးယူကလည်း မြန်မာနိုင်ငံက အလုပ်သမားအခွင့်အရေးကို စောင့်ကြည့်နေတယ်လို့  ဥရောပ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက Reuters သတင်းတစ်ရပ်မှာပြောဆိုထားပါသေးတယ်။

#MyanmarLabourNews

 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026