NEWS

ကုန်ဈေးနှုန်း မတည်ငြိမ်မြင့်တက်မှုကြောင့် ဝင်ငွေနည်းပါးသည့် ပြည်သူများနှင့် ပုံသေလစာရရှိနေသည့်ဝန်ထမ်း များ အဓိကထိခိုက်နေကြောင်း စီမံဘဏ္ဍာဝန်ကြီးပြောဆို

CoverLogo
331 Views

ပြည်တွင်းမှာ ကုန်ဈေးနှုန်း မတည်ငြိမ်မြင့်တက်တာကြောင့် ဝင်ငွေနည်းပါးတဲ့ ပြည်သူတွေနဲ့ ပုံသေလစာရရှိနေတဲ့ ဝန်ထမ်းတွေ အဓိကထိခိုက်နေတယ်လို့ ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဌ၊ ဒုတိယဝန်ကြီး ချုပ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောဆိုတယ်လို့ ဇွန်လ(၂၀)ရက်ထုတ် နိုင်ငံပိုင်မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ ကျပ်ငွေတန်ဖိုး ကျဆင်းလာပြီး စားသောက်ကုန်၊ လူသုံးကုန်နဲ့ ဆေးဝါးတွေဟာ  ဈေးနှုန်းအဆမတန် မြင့်တက်လာပြီး ပြည်သူတွေစားဝတ်နေရေးပိုမိုခက်ခဲလာတာပဲ ဖြစ်ပါတယ်။ ဒီအခြေအ နေမှာ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနကတော့ ခေတ်ကာလနဲ့ ကိုက်ညီတဲ့ လုပ်ခလစာ ပေးချေရေးကို ပြောင်းလဲသတ်မှတ်ပေးတာ မရှိသေးပါဘူး။

“တစ်ချို့စက်ရုံတွေမှာတော့ ဒေးကြေးတွေ တိုးပေးပါတယ်။ ဒါပေမယ့် အခုချိန်ထိ အရင်အတိုင်းပေးနေတဲ့စက်ရုံ တွေ ကျန်သေးတယ်။ သူတို့က သတ်မှတ်ထားတဲ့နှုန်းအတိုင်းပေးနေတာဆိုတော့ အလုပ်သမားက ဘာမှလုပ်မ ရဘူး။ အဆင်မပြေလည်း သည်းခံနေရတယ်။  တကယ်ဆို အခုပေးနေတဲ့လစာက ဆန်နဲ့ဆီ ဝယ်တာနဲ့တင် ကုန်နေပါပြီ။ အချိန်ပိုတွေ မတရားဆင်းမှ မငတ်ရုံစားနိုင်တာပါ။ အခုက အလုပ်လုပ်နေရင်း ပိုကြပ်တည်းလာ တာပါ။ အလုပ်သမားဝန်ကြီးဌာနကလည်း မသိချင်ယောင်ဆောင်နေတုန်းပါပဲ”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ အလုပ်သမားဝန်ကြီးဌာက တစ်ရက်(၈)နာရီအလုပ်ချိန်အတွက် (၄၈၀၀)ကျပ်နဲ့ အပိုထောက်ပံ့ကြေး (၁၀၀၀)ကျပ် ပေးချေဖို့ သတ်မှတ်ထားတာပဲ ဖြစ်ပါတယ်။ ဒီနှုန်းထားဟာ လက်ရှိမှာမြင့်တက်နေတဲ့ ကုန်ဈေးနှုန်း နဲ့ ကိုက်ညီမှုမရှိတာကို အလုပ်သမားအရေးဆောင်ရွက်သူတွေက ဝေဖန်ထောက်ပြနေပေမယ့် ထပ်တိုးပေးတာ မရှိပါဘူး။

“ခေတ်ကာလနဲ့ ကိုက်ညီတဲ့ လုပ်ခလစာပေးချေဖို့ ဥပဒေမှာလည်း ပြဌာန်းထားတယ်။ သူတို့လည်း သိတယ်။ ဒါပေမယ့် မလုပ်ဘူး။ ပြောမယ်ဆို အလုပ်သမားဝန်ကြီးဌာနက အခုချိန်နာမည်ပဲရှိတယ်။ ပေးတဲ့လစာနဲ့ မငတ်အောင်စားနေရတာလည်း သူတို့သိတာပဲ။ အခွင့်အရေးတွေ ချိုးဖောက်ခံရလို့ တိုင်ရင်လည်း အလုပ်ရှင် သဘောကျပဲ။  အဲဒီတော့ ဘာမှမလုပ်မယ့်အတူတူ ထားမနေနဲ့တော့ပဲ ပြောချင်တယ်”လို့ အခြေခံသမဂ္ဂ အဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဆန်ဈေးဟာလည်း တစ်ပြည်ကို ကျပ်(၆၀၀၀) နီးပါးထိ ရှိနေသလို စားဆီဈေးကလည်း ကျပ်(၁၃၀၀၀) ထိ ပေါက်ဈေးရှိနေပါတယ်။ အလုပ်သမားတွေလုပ်ခလစာက ခေတ်ကာလနဲ့အညီ တက်မလာပေမယ့် ဧည့်စာရင်းကြေး၊ ကင်းကြေးစတာတွေကိုလည်း လက်ရှိမှာ ပေးနေရပါတယ်။

 


Related posts

Cover
Sky Fashion Myanmar အထည်ချုပ် ရက်စား ၂ ရက်ဆင်းခိုင်းပြီး အချိန်ပို နာရီ လုပ်အားခေါင်းပုံဖြတ်
Mar 22, 2026
Cover
ပြည်တွင်းလုပ်သား ၅၀၀၀ ကျော် အလုပ်အကိုင်ရရှိနိုင်မည်ဆိုသည့် လုပ်ငန်းသစ် ၃၅ခု ကို စစ်ကော်မရှင် ခွင့်ပြု
Mar 22, 2026
Cover
စက်ရုံထဲက "သတို့သမီးလောင်း" ရှာပုံတော်နှင့် အဟောသိကံ စစ်ဆေးမှု
Mar 22, 2026
Cover
LITA MYANMAR အထည်ချုပ် သင်္ကြန်ကာလ ပိတ်ရက်အတွက် ရက်စား ဆင်းခိုင်း
Mar 22, 2026
Cover
Jin Shi Yuan Garment အလုပ်သမားဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်ခိုင်း
Mar 22, 2026
Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026