NEWS

ကုန်ဈေးနှုန်းကြောင့် ထောင်ဝင်စာ​ပေးပို့သူ​တွေအခက်​တွေ့

CoverLogo
552 Views
 
ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်နေတာကြောင့်ထောင်ဝင်စာပေးပို့နေရတဲ့ အကျဉ်းသားမိသားစုတွေပိုမိုခက်ခဲလာပြီးထောင်ဝင်စာပို့ဖို့အဆင်မပြေတာတွေရှိလာပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ အကျဥ်း​ထောင်​တွေမှာ အကြောင်းပြချက်အမျိုးမျိုးနဲ့ဖမ်းဆီးထိန်းသိမ်းခံရသူအရေအတွက်ဟာပိုများလာတာဖြစ်ပြီး ဖိနှိပ်မှုတွေဟာလည်းပိုမိုဆိုးရွားလာတာဖြစ်ပါတယ်။
"ထောင်ဝင်စာကတစ်လတစ်ခါပို့ဖို့ကိုအနိုင်နိုင်ဖြစ်နေတယ်။ဟင်းစားအပေါအပဲလေးတွေပို့တာကိုဈေးကမတရားဖြစ်နေတာ။သွားတိုက်ဆေး၊ ဆပ်ပြာတွေလည်းဈေးတက်တယ်။ယားနာလိမ်းဆေးတွေလည်းပုံမှန်မပို့နိုင်တော့ဘူး။ကော်ဖီကလည်းလိုအပ်တယ်ဆိုပေမယ့်ပါကင်လိုက်မဝယ်နိုင်တော့ဘူး။ဆယ်ထုပ်လောက်ပဲထည့်ပေးနိုင်တော့တယ်"လို့အကျဉ်းသားမိသားစုဝင်တစ်ဦးကပြောပါတယ်။
လက်ရှိမှာအကျဉ်းထောင်တွေမှာနေထိုင်စားသောက်ရေးအဆင်ပြေစေဖို့မိသားစုတွေကထောင်ဝင်စာပေးပို့တာတွေလုပ်ဆောင်နေရတာဖြစ်ပါတယ်။
ထောင်ဝင်စာပေးပို့ရာမှာနှစ်ပတ်တစ်ကြိမ်ပေးပို့ခွင့်ပြုထားပြီးတွေ့ဆုံခွင့်ကိုတော့တစ်လတစ်ကြိမ်ခွင့်ပြုတာဖြစ်ပါတယ်။
"တဖြေးဖြေးတော့ပို့တာတွေနည်းလာတာပေါ့။ဆေးတွေလည်းဈေးကမတရား။ကော်ဖီမုန့်ကလည်းမသက်မသာဆိုတော့အခြောက် အခြမ်းလေးပဲထည့်တော့တယ်။မုန့်ကမပါသလောက်ပါပဲ။အထဲကယောကျာ်းကတော့အဆင်မပြေရင်မပို့နဲ့ပြောပါတယ်။ဒါပေမယ့်အပြင်ကမပို့ရင်အထဲကစားသောက်ရေးခက်ခဲမှာသိနေတော့ဟိုချေးဒီချေးနဲ့ပို့ရတာအထဲကလူကောအပြင်ကလူကော သောကတွေချည်းပဲ"လို့ထောင်ဝင်စာပေးပို့သူတစ်ဦးကပြောပါတယ်။
လက်ရှိမှာအကျဉ်းထောင်တွေမှာဈေးဘားတွေကတစ်ဆင့်ငွေသွင်းပြီးလိုအပ်တာတွေကိုဝယ်ယူခွင့်ရှိပေမယ့်အပြင်ပေါက်ဈေးထက်ပိုပေးရတယ်လို့အကျဉ်းကျသူတွေဆီကသိရပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026