NEWS

ကိုရီးယားနိုင်ငံတွင်း အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရသူများ မြန်မာအလုပ်သမား လူမှုဖူလုံရေး စင်တာသို့ အကူအညီ တောင်းခံနိုင်

CoverLogo
711 Views

ကိုရီးယားနိုင်ငံမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ မြန်မာအလုပ်သမား လူမှုဖူလုံရေးစင်တာ(ကိုရီးယား)ကို ဆက်သွယ် အကူအညီ တောင်းခံနိုင်တယ်လို့ လုပ်ငန်းကော်မတီဥက္ကဌ ကိုစိုးမိုးသူက ပြောပါတယ်။ 

 

ဒီစင်တာကိုတော့ ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာ ထည့်ဝင်ကြေးတွေနဲ့ ဖွင့်လှစ်ထားတာဖြစ်ပြီး မန်ဘာဝင် မဟုတ်သူတွေကိုလည်း ကူညီပေး နေတာ ဖြစ်ပါတယ်။

 

 "ကျွန်တော်တို့က အလုပ်သမားတွေရဲ့ ထည့်ဝင်ကြေးတွေနဲ့ လည်ပတ်နေတာပါ။ ဘယ်အဖွဲ့အစည်းရဲ့ အထောက်အပံ့မှ မပါပါဘူး။ အဓိကက ကိုရီးယားရောက် မြန်မာတွေ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာတွေကို ကူညီပေးနိုင်ဖို့ ဖွင့်လှစ်ထားတာပါ"လို့ ကိုစိုးမိုးသူက ပြောပါတယ်။ 

 

မြန်မာအလုပ်သမား လူမှုဖူလုံရေးစင်တာ (ကိုရီးယား)ကို ၂၀၁၉ခုနှစ်က စတင်ထူထောင်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ မန်ဘာဝင် (၆၀၀) ကျော် ရှိနေတာ ဖြစ်ပါတယ်။

 

မန်ဘာဝင်တွေအနေနဲ့ အလုပ်သမား အရေးကို ကူညီဆောင်ရွက်ပေးနေသလို လစဉ်တိုင်ကြားမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

 

 "မန်ဘာတွေကတော့ လစဉ်ကြေး ကိုရီးယား ဝမ်တစ်သောင်း သွင်းရပါတယ်။ တစ်ချို့က ထင်နေတာက ငါတို့က မန်ဘာဝင် မဟုတ်လို့ ဆက်သွယ်လို့မရဘူး ထင်ကြတယ်။ တကယ်က မန်ဘာမဝင်ထားတဲ့သူတွကိုလည်း ကူညီပေးနေတာ‌ေတွ အများကြီးပါ။ ဒါကြောင့် မန်ဘာဝင်မဟုတ်လည်း ဆက်သွယ်ကြပါလို့ ပြောချင်ပါတယ်"လို့ သူက ပြောပါတယ်။ 

 

စင်တာကို ဆက်သွယ်လိုသူတွေအနေနဲ့ စင်တာဖုန်းနံပါတ် :032-502-8188/010-9847-8283

Fax: 032-503-8188 နဲ့ စင်တာလိပ်စာ: 인천광역시 부평구 남부역로3-3층 ကိုဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

 

#MyanmarLabourNews


Related posts

Cover
Max Technology စက်ရုံတွင် ဆန္ဒပြ အလုပ်သမားအား နိုင်ငံခြားသာားမှ ကိုယ်ထိလက်ရောက်ကျူးလွန်
Mar 23, 2026
Cover
W & F အထည်ချုပ်စက်ရုံ အချိန်ပို အလွန်အကျွံ ခိုင်းစေ
Mar 23, 2026
Cover
Tianjin Fashion Mileston စက်ရုံ ဆန္ဒပြအလုပ်သမားများ အား ခွဲခြားဆက်ဆံ ဖိနှိပ်
Mar 23, 2026
Cover
အလုပ်သမားများ ပေါ်တာဆွဲခံရသဖြင့် ကံမမြို့ရှိ ရေသန့်စက်ရုံပိတ်လိုက်ရ
Mar 23, 2026
Cover
ရွှေလင်ဗန်း Mengyue စက်ရုံ လုပ်ငန်းခွင်နှင့် အသက်ပေးခဲ့ရသည့် အလုပ်သမားဘဝများ
Mar 23, 2026
Cover
Sky Fashion Myanmar အထည်ချုပ် ရက်စား ၂ ရက်ဆင်းခိုင်းပြီး အချိန်ပို နာရီ လုပ်အားခေါင်းပုံဖြတ်
Mar 22, 2026
Cover
ပြည်တွင်းလုပ်သား ၅၀၀၀ ကျော် အလုပ်အကိုင်ရရှိနိုင်မည်ဆိုသည့် လုပ်ငန်းသစ် ၃၅ခု ကို စစ်ကော်မရှင် ခွင့်ပြု
Mar 22, 2026
Cover
စက်ရုံထဲက "သတို့သမီးလောင်း" ရှာပုံတော်နှင့် အဟောသိကံ စစ်ဆေးမှု
Mar 22, 2026