NEWS

ကိုယ့်ကံကြမ္မာကိုကိုယ်တိုင်ဖန်တီးရမယ်ဆိုတဲ့စိတ်ဓါတ်နဲ့အလုပ်သမားသွေးစည်းညီညွတ်ရေးဟာအလုပ်သမားတွေရဲ့ဝိဥာဏ်ဖြစ်ပါတယ်။

CoverLogo
1.3K Views

မေဒေးနေ့မှာ အလုပ်သမားထုကို ဘာများပြောကြားလိုပါသလဲ။

မေဒေးနေ့ရဲ့တောင်းဆိုချက်ကိုတိတိပပပြောရရင်တနေ့အလုပ်ချိန်(၈)နာရီရရှိရေးပါပဲ၊ ၈နာရီနား၈နာရီလုပ်၈နာရီပျော်ပေါ့၊တနည်းအားဖြင့်အလုပ်သမားဘဝအာမခံချက်ရရှိရေးထဲကတခုပါပဲ၊ကျတော်တို့၈နာရီမအိပ်ကသေးဘူး၈နာရီမပျော်ရသေးဘူးဒါကြောင့်မေဒေးခေါ်သံကိုဆက်လက်ကိုင်စွဲရမယ်။

မေဒေးရဲ့ရည်ရွယ်ချက်ကိုရှင်းပြပေးပါ။

မေဒေးနေ့ဟာအလုပ်သမားတွေရဲ့ဘဝအာမခံချက်ရရှိရေးကိုရယူဖို့ရည်ရွယ်တာဖြစ်ပြီးအလုပ်သမားအားလုံးဟာလဲအလုပ်သမားတွေရဲ့ဘဝအာမခံချက်ရရှိဖို့အတွက်ပြည့်စုံလုံလောက်တဲ့အလုပ်သမားအခွင့်အရေးတွေအလုပ်ခွင်အာမခံချက်နဲ့လုပ်အားနဲ့ညီမျှတဲ့လုပ်ခဖြစ်တယ်။

မြန်မာ့အလုပ်သမားတွေရဲ့လက်ရှိကြုံတွေ့ရင်ဆိုင်နေရတဲ့အခက်အခဲကဘာတွေလဲ။

မြန်မာ့အလုပ်သမားတွေအနေနဲ့ရင်ဆိုင်နေရတာကတော့ လုပ်ငန်းခွင်အာမခံချက်မရှိတာ အလုပ်ရှားပါးတာနဲ့ဥပ​ဒေစိုးမိုးမှု့မရှိတာဖြစ်တယ်။

မြန်မာ့အလုပ်သမားထုအနေနဲ့မေဒေးနေ့မှာမေဒေးစိတ်ဓာတ်ကိုဘယ်လိုဆွဲကိုင်ပြီးတိုက်ပွဲဝင်သင့်တယ်ဘယ်လိုပြုမူနေထိုင်သင့်တယ်ဆိုတာလေးလဲပြောပြပေးပါ။

ဥစ္စာရင်လိုဥစ္စာရင်ခဲဆိုသလိုကိုယ့်ကံကြမ္မာကိုကိုယ်တိုင်ဖန်တီးရမယ်ဆိုတဲ့စိတ်ဓါတ်နဲ့အလုပ်သမားသွေးစည်းညီညွတ်ရေးဟာအလုပ်သမားတွေရဲ့ဝိဥာဏ်ဖြစ်ပါတယ်။

မေဒေးနေ့မှာအလုပ်သမားတွေဟာမိမိတို့လုံ​ခြုံရေးနဲ့ဘဝတိုးတက်ရေးအတွက်အလုပ်သမားထုရဲ့ရည်ရွယ်ချက်တွေကိုမျက်နှာချင်းဆိုင်နှီးနှောဖလှယ်ပြီးမေဒေးအလံကိုကိုင်စွဲပြီးချီတက်ဖို့လမ်းစဥ်တွေချမှတ်စတင်ကြရမယ်ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။


Related posts

Cover
Safety Clothing Myanmar အထည်ချုပ် EC စာချုပ် ချိုးဖောက်ပြီး သတ်မှတ်အလုပ်ချိန်ထက် ပိုလုပ်ခိုင်း
Jan 09, 2026
Cover
COSTEC စက်ရုံတွင် လုပ်လစာထိုးပေးရန် ၆ ရက်ကြာ တောင်းဆို၊ တနာရီ လုပ်ခ ၂၅ ကျပ်တိုးပေး
Jan 09, 2026
Cover
Yangon Oscar စက်ရုံ EC ချုပ်မပေး၊ အလုပ်သမားများ နစ်နာနေ
Jan 08, 2026
Cover
Myanmar Ju Chuan စက်ရုံ လုပ်သက်ခွင့်ကို ချိုးဖောက်
Jan 08, 2026
Cover
Arao အထည်ချုပ်စက်ရုံ ဌာနခေါင်းဆောင်များအား ရာထူးချ
Jan 08, 2026
Cover
Yangon Wan Ping Garment တွင် ဆန္ဒမပါဘဲ အချိန်ပိုဆင်းနေရ
Jan 08, 2026
Cover
Xing Yuan စက်ရုံသည် အလုပ်သမားများ ပေးစာ
Jan 08, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026