NEWS

ကိုယ်ဝန်ဆောင်အလုပ်သမားအားအလုပ်ထုတ်ပယ်ခြင်းမပြုဖို့ Sewell Garment Myanmar အထည်ချုပ်စက်ရုံလုပ်သားတွေ တောင်းဆို

CoverLogo
636 Views

လှိုင်သာယာမြို့နယ်၊  ငွေပင်လယ်စက်မှုဇုန်၊ အလယ် (၂)လမ်း မှာ အလုပ်သမားအင်အား ၅၀၀ ကျော်နဲ့ ဂျပန်အမှတ်ဆိပ်  YAMADATATSU ORRIGINAL ချုပ်လုပ်နေပြီး လုပ်ငန်းခွင်အတွင်း ကိုယ်ဝန်ဆောင် အမျိုးသမီးလုပ်သားတွေကို အလုပ်ထုတ်ပယ်တာတွေနဲ့ လုပ်သားအခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေလို့ ဖြေရှင်းပေးစေလိုတယ်လို့  အလုပ်သမားတွေကပြောဆိုပါတယ်။

အိမ်ထောင်သည် အမျိုးသမီးလုပ်သားတွေ အနေနဲ့ အလုပ်၀င်ကာစမှာ ကိုယ်ဝန်ဆောင် မဟုတ်ပေမဲ့  ကိုယ်ဝန်ရှိပါက စက် ရုံဘက်မှ အလုပ်ထုတ်ပယ်တာတွေ ကျူးလွန်နေပြီး ကိုယ်ဝန်ဆောင်များကိုအလုပ်ထုတ်ပါက စား ၀တ် နေ ရေး အခက်အခဲများ ကြုံတွေ့ရပြီး နစ်နာမှုများ ဖြစ်ပေါ်စေတာကြောင့် အလုပ်ထုတ်ခြင်းမပြုလုပ်ရန် တောင်းဆိုလိုတယ်လို့ဆိုပါတယ်။ 

အလုပ်သမားတွေရဲ့ အလုပ်ချိန်မှာ နံနက် ၈ နာရီ မှ ညနေ ၆ နာရီ ၃၀ အထိဖြစ်ပြီး ရရှိသော အခ ကြေး ငွေနှုန်းထားမှာ ဒေကြေး(၄၈၀၀)ကျပ်  OT ကြေးတစ်နာရီ (၁၂၀၀ )ကျပ် ထောက်ပံ့ကြေး (၁၀၀၀ )ကျပ် နှစ်ကြေးနှစ်လိုက် တစ်ကတ်ကြေးအဖြစ် လုပ်ကိုင်နေရတာလို့ဆိုပါတယ်။ 


ချိုးဖောက်မှုအနေဖြင့် အလုပ်သမားများ တနဂ်နွေးအချိန်းပို ဆင်းရပါက ၉၆၀၀ ကျပ်သာ ပေးပြီး ထောက်ပံ့ကြေး(၁၀၀၀)ကျပ်အားထည့်ပေးခြင်းမရှိတာ၊ လုပ်သက် ၆ လမပြည်သေးသောအလုပ်သမားကိုရှောင်တခွင့်များကိုပေးခြင်းမရှိတာ၊ 
အလုပ်သမားသဘောဆန္ဒမပါဘဲ ဌာနပြောင်းရွေ့ခိုင်းပြီး စက်ချုပ်အလုပ်သမားများကိုမီးပူတိုက်ခိုင်းခြင်းများဖိအားပေးခိုင်းစေတာတွေ ပြုလုပ်တာကြောင့် ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားကပြောဆိုပါတယ်။ 

ဆက်လက်ပြီး လုပ်ငန်းခွင်အတွင်း အထည်စံချိန်များအတင်းအဓမ္မတောင်းခံပြီး မရရှိပါကအော်ဟစ်ပြောဆိုခြင်းများလုပ်ဆောင်တာ ရှောင်တခင်ခွင့်မပေးတာ၊ အလုပ်သမားများနေမကောင်းပါက  စက်ရုံရှိဆေးခန်တွင်ဆေးသွားယူရန်အတွက် ရုံးပေါ်သို့နေမကောင်းတဲအလုပ်သမားကိုယ်တိုင် ဆေးယူလက်မှတ်ယူရသဖြင့်အခက်ခဲများဖြစ် ပေါ် နေပြီး အဆင်ပြေအောင် ဖြေရှင်းပေးစေလိုတယ်လို့ ဆိုပါတယ်။

အလုပ်သမား တွေအနေနဲ့ အလုပ်သမားများထုတ်လုပ်နိုင်သောစံချိန်းသာတောင်းခံရန်၊ ဥပဒေအပါအတိုင်းရှောင်တခင်ခွင့်ရရှိရန်၊ စကားပြန်များ စူပါများမှအော်ဟစ်ပြောဆိုခြင်းမပြုလုပ်ရန်၊ စက်ရုံဆေးပေးခန်းအား နေမကောင်းပါကလိုင်းစူပါလက်မှတ်ဖြင့်သာခွင့်ပြုပေးရန်၊ အလုပ်သမားများဆန္ဒမပါဘဲဌာနပြောင်း‌ရွေ့ခြင်းမခိုင်းစေရန် စတဲ့အချက်တွေတောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောဆိုထားပါတယ်။ 

အဆိုပါ စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး လုပ်ငန်းခွင်အတွင်း အလုပ်သမား သမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။ 


Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026