NEWS

ကိုယ်ဝန်ဆောင်အလုပ်သမားတွေ မီးဖွားခွင့် ခံစားခွင့်ဆုံးရှုံးနေရ

CoverLogo
785 Views
 
ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ် ဦးအောင်ဇေယျလမ်းမှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် MYAMKA GARMENT LIMITED အထည်ချုပ်စက်ရုံလုပ်ငန်းခွင်မှာ ဥပဒေပါခံစားခွင့်တွေမရသလို ကိုယ်ဝန်ဆောင် အလုပ်သမားတွေအတွက်လည်း လူမှုဖူလုံရေးခံစားခွင့် ဖြစ်တဲ့ မီးဖွားခွင့်တွေဆုံးရှုံးနေရတာကြောင့် နစ်နာမှုရှိနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
လုပ်ငန်းခွင်မှာ အလုပ်သမား ၁၅၀၀ ဝန်းကျင်နဲ့ SPRINFFIELD အမှတ်တိဆိပ် အင်္ကျီ ဘောင်းဘီ အထည်တွေ ချုပ်လုပ်နေပြီး လုပ်ငန်းခွင်ထဲမှာ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ယန္တရားဖြစ်တဲ့ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ ဆိုပါတယ်။
 
"လူမှုဖူလုံရေးကြေး တလကို ၃၀၀၀ ကျပ် ပေးရပါတယ် လူမှုဖူလုံရေးဆေးခွင့်ကျတော့မရဘူး အရေးပေါ် ရှောင်တခင်ခွင့်ကိုလည်း အရေးပေါ် ကိစ္စရှိလို့ ခွင့်တိုင်ရင် ခွင့်မပေးလို့ တရက်ပျက်ရင် ဒေးကြေး ၅၈၀၀ ကျပ် ရက်မှန်ကြေး ၂၀၀၀၀ ကျပ် အဖြတ်ခံရတယ် စက်ချုပ်အလုပ်သမားတွေကို ဒေးကြေး ၆၆၀၀ ကျပ်အထိပေးထားပြီး အခြားဌာနတွေကို ၅၈၀၀ ပေးတယ် အလုပ်သမားက အလုပ်ထွက်ရင် ထွက်စာတင်ရင် ၅၈၀၀ နဲ့ ရှင်းပေးတယ် ထွက်စာမတင်ရင် ၄၈၀၀ နဲ့ ပဲရှင်းပေးတယ် မှန်မှန်ကန်ကန်မလုပ်ဘဲ ခေါင်းပုံဖြတ်ခံနေရတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
ချိုးဖောက်မှုအနေနဲ့ အလုပ်သမားတွေ ခံစားခွင့်ရှိတဲ့ ခွင့်ရက်တွေ မပေးတာ လူမှုဖူလုံရေးကြေး တလလျင် ၃၀၀၀ ကျပ် ပေးသွင်းရပေမဲ့ နေထိုင်မကောင်းပါက လူမှုဖူလုံရေးခံစားခွင့်မရရှိပဲ ကိုယ်ဝန်ဆောင်အလုပ်သမားတွေလည်း မီးဖွားခွင့်မရဘြ လစာမဲ့ခွင့်နဲ့သာ မီးဖွားရတာကြောင့် နစ်နာမှုတွေရှိနေတယ်လို့ အလုပ်သမားကပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း ချုပ်လုပ်ရတဲ့ အထည်စံချိန်မှာ စက်လိုင်း တလိုင်းလျင် စူပါ၊ အောစူပါ အပါ ၄၁ ဦးရှိပြီး တနာရီလျင် အထည်စံချိန် ၈၀ ထိချုပ်လုပ်ပေးရပြီး တနေ့အလုပ်ချိန် ၁၀ နာရီ ( အိုတီ ၂ နာရီအပါ) ရှိပြီး အလုပ်ချိန်အတွင်း တောင်းခံတဲ့ အထည်ကို သတ်မှတ်ချက်ပြည့်မီခြင်းမရှိပါက ကြီးကြပ်သူများက ဆဲဆိုတာ ရိုင်းစိုင်းစွာ ပြောဆိုပြီး ပြည့်မီအောင် ချုုပ်လုပ်ရန် ခိုင်းစေလျက်ရှိတာကြောင့် ဂုဏ်သိက္ခာမဲ့စွာလုပ်ကိုင်နေရတယ်လို့ အလုပ်သမားကပြောပါတယ်။
 
"အထည်စံချိန် ကို တဖက်သတ် သတ်မှတ်တောင်းထားတာပါ သူတို့တောင်းတဲ့ စံချိန်မပြည့်ရင် ဝမ်တိမ်ထိုးခိုင်းတယ် အသဲအသန်ချုပ်ရလို့ ပဲကျရင်လည်း ဝမ်တိမ်ထိုးရတယ် အရေးကြီးရင် ကြီးသလိုလည်း ညလုံးပေါက် အချိန်ပိုဆင်းခိုင်းတယ် အချိန်ပိုခေါ်လို့ မဆင်းရင်လည်း ဝမ်တိမ်ထိုးရတယ် မဆင်းရင် အငြိုးအတေးထားခံရတယ် ညလုံးပေါက်ဆင်းရတဲ့ အလုပ်သမားကိုလည်း ထမင်းကျွေးရင် မဝရေစာနဲ့ပဲ ကျွေးပြီး တခါတလေ အသိုးတွေပါလို့ မစားရတဲ့ ရက်တွေတောင်ရှိတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။
 
ဒါ့အပြင် လုပ်ငန်းခွင်အတွင်း သောက်သုံးရေ နဲ့ အိမ်သာရေ တမျိုးတည်းကိုသာ သွယ်တန်းပေးထားလို့ သောက်ရန် မသင့်တော်တာ ဆေးပေးခန်းနဲ့ ဆေးဝါးမရှိတာတွေလည်းကြုံနေရတယ်လို့ ဆိုပါတယ်။
 
အလုပ်သမားတွေအနေနဲ့ အချိန်ပိုညလုံးပေါက် ဆင်းရမယ်ဆိုပါက အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မေးမြန်းရန်နဲ့ ညလုံးပေါက် အချိန်ပိုဆင်းရန် အဆင်မပြေတဲ့ အလုပ်သမားကို ဝမ်တိမ်ထိုးခိုင်းခြင်းမပြုရန် ထမင်းကျွေးရာမှာ အသိုးများမကျွေးရန် သောက်ရေကို သန့်ရှင်းစွာထားပေးရန် အလုပ်သမားတွေရဲ့ သဘောတူညီမှုမရှိဘဲ ငွေကြေးဖြတ်တောက်ခြင်းမပြုရန် လုပ်ငန်းခွင်အတွင်း ဥပဒေပါ ခွင့်ခံစားခွင့်တွေနဲ့ လူမှုဖူလုံရေးခံစားခွင့်တွေ စီစဉ်ပေးရန် စတဲ့ အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026