NEWS

ကိုဗစ်ကာလစည်းကမ်းများကိုအကြောင်းပြပြီး လစာများဖြတ်တောက်နေမှု့ကြောင့် Alpha ECC Myanmar Private Limited မှအလုပ်သမားများအဆင်မပြေဖြစ်နေ

CoverLogo
2.3K Views

မြန်မာနိုင်ငံမှာကိုဗစ်-19 ကူးစက်ရောဂါစဖြစ် ကတည်းကချမှတ်ထားတဲ့ကိုဗစ်ရောဂါကာကွယ်ရေးစည်းမျည်းစမ်းကမ်းများကိုအကြောင်းပြပြီး အလုပ်သမားတွေအပေါ်လစာများဖြတ်တောက်နေတဲ့အတွက် Alpha ECC Myanmar Private Limited စက်ရုံမှ အလုပ်သမားတွေအနေနဲ့စားဝတ်နေရေးအတွက်အဆင်မပြေဖြစ်နေကြရတယ်လို့သိရပါတယ်။

Alpha ECC Myanmar Private Limited စက်ရုံဟာရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ စက်မှု့ဇုန်ထဲက ကွမ်းအစ်မင်းသားကြီးလမ်းမှာလုပ်သားဦးရေ ၁၀၀ နီးပါးနဲ့လည်ပတ်လုပ်ကိုင်နေတဲ့ဗီယက်နမ်နိုင်ငံသားပိုင်စက်ရုံတခုလဲဖြစ်ပါတယ်။

"ကိုဗစ်ပြသနာစဖြစ်ထဲကဖြတ်တာထားတော့ခုကိုဗစ်စည်းကမ်းလဲဖျက်ထားပြီ အဲ့ဒါကိုရည်ရွယ်ချက်ရှိရှိနဲ့ လစဥ် stay at home ထားပြီး၇၀ ရာခိုင်နှုန်းလောက်ဖြတ်နေတာ ဥပမာဗျာတလကိုဒေါ်လာသုံးရာရတဲ့ဝန်ထမ်းကို သူတို့ကနှစ်ရာလောက်ပဲပေးချင်ရင်အဲ့လကိုခုနှစ်ရက်လောက်အိမ်ကနေအလုပ်လုပ်ခိုင်းပြီးဖြတ်တာ ပိုဆိုးတာကအခြေခံဝန်ထမ်းတွေကိုခြောက်လခုနှစ်လလောက်လုပ်မခေါ်ပဲလစာသုံးဆယ်ရာခိုင်နှုန်းပေးတာ"လို့အဆိုပါစက်ရုံမှဝန်ထမ်းတဦးကပြောပါတယ်။

၄င်းစက်ရုံမှာ ဗီယက်နမ် ၄၀% ၊ အိန္ဒိယ ၂၀%  ၊ မြန်မာ ၂၀% ဖြင့် တည်ထောင် ဖွဲ့စည်းထားပြီး ယခု လက်ရှိ စက်ရုံ တွင် အစစ အရာရာ  ညွှန်ကြားအုပ်ချုပ် စီမံ ခန့်ခွဲ နေသူမှာ ဗီယက်နမ် လူမျိုး GM ဖြစ်တယ်လို့သိရပါတယ်။

"စာချုပ်ထဲမှာတနှစ်ကိုခွင့်၁၂ရက်ခံစားခွင့်ပါတယ် အဲ့ဒါကိုHR/Admin ဆီတင်တယ် ဗီယက်နမ် GM ကမပေးဘူးဆိုပြီးလစာဖြတ်တယ် နှစ်ကုန်ရင်လည်း ခွင့်လက်ကျန်ခံစားခွင့်မပေးဘူးလို့ပြောတယ် ဒီနိုင်ငံရေးမကောင်းတဲ့ကာလမှာအလုပ်သမားတွေအပေါ်ခေါင်းပုံဖြတ်တာပိုဆိုးဝါးလာပြီ"လို့အလုပ်သမားတဦးကထပ်ပြောပါတယ်။

လက်ရှိမှာ Alpha ECC Myanmar Private Limited စက်ရုံမှအလုပ်သမားများအနေနဲ့
လုပ်ခ လစာများကို စာချုပ်ပါအတိုင်း လကုန်ပြီး ၅ ရက်နေ့ နောက်ဆုံး ပေးချေပေးဖို့၊
ခွင့်ခံစားခွင့်နှင့် ပတ်သတ်၍ တည်ဆဲ ဥပဒေနှင့်အညီ အလုပ်သမား စာချုပ်ပါ အတိုင်း ခံစားခွင့်ပေးဖို့နဲ့
ကိုဗစ်အားအကြောင်းပြ၍ ၀န်ထမ်းများအပေါ် နှိပ်ကွပ်ထားသော stay at home/ work from home အစီအစဥ်အား အစိုးရ သတ်မှတ်ထားသော ဥပဒေနှင့်အညီ ပယ်ဖျက်ပေးသွားဖို့ကိုလိုလားတောင်းဆိုနေကြပါတယ်။

 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026