NEWS

ကလေးလုပ်သားတွေကို လုပ်အားခခေါင်းပုံဖြတ်ခိုင်းစေ

CoverLogo
622 Views
 
လုပ်ငန်းခွင်အတွင်း အသက်မပြည့်သေးတဲ့ကလေးလုပ်သားတွေကို ကျန်းမာရေးကောင်းမွန်ပြီး အလုပ်လုပ်ရန်သင့်တော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်မပါဘဲ လူကြီးလုပ်သားတွေနဲ့ တန်းတူ ခိုင်းစေနေသလို လုပ်အားခကို တရက် ၆၈၀၀ ကျပ်နှုန်းနဲ့ သာပေးချေပြီး အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်မှုအပေါ် EURO STYLE myanmar Fashion Co.,ltd အလုပ်သမားတွေက မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကို အကူအညီတောင်းခံထားပါတယ်။
 
စက်ရုံက ရန်ကုန်တိုင်း အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၄ ပန်းပဲခေါင်းမောင်လမ်းမှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင်လုပ်ငန်းဖြစ်ပြီး အလုပ်သမား ၁၀၀၀ ကျော်နဲ့ Censored, Terranova အမှတ်တံဆိပ် ဘော်လီ နဲ့ အတွင်းခံ တွေချုပ်လုပ်နေတာလို့ သိရပါတယ်။
 
"လုပ်ငန်းခွင်ထဲမှာ အသက်မပြည့်သေးတဲ့ လူငယ် ၁၄၊ ၁၅၊ ၁၆ အရွယ်တွေကို ဆရာဝန်ထောက်ခံချက်ယူပြီး ခေါ်ယူတာမဟုတ်ဘဲ ဒီအတိုင်းခေါ်လိုက်ပြီး လူကြီးလုပ်သားတွေနဲ့ တန်းတူခိုင်းတာတွေရှိတယ်၊ ဒေးကြေး ထောက်ပံ့ကြေး စုစုပေါင်း ၆၈၀၀ ပဲပေးတယ်။စက်ရုံမှာ လစာနည်းတော့ လူမမြဲဘူး နေ့တိုင်း အသစ်တွေခေါ်နေရတော့ အလုပ်သင်တွေလည်းခေါ်နေပြီး ကြာကြာမခံဘူး"လို့ အလုပ်သမားကပြောပါတယ်။
 
လက်ရှိမှာလည်း လုပ်ငန်းခွင်ထဲမှာ ဥပဒေပါခွင့်ခံစားခွင့်ကို အလုပ်သမားတိုင်း တန်းတူခံစားခွင့်မရဘဲ ခွင့်မရသူတွေအနေနဲ့ တရက်ပျက်ပါက ဒေးကြေး ထောက်ပံ့ကြေး ရက်မှန်ကြေး ၄၀၀၀၀ ကျော်ဖြတ်တောက်ခံရတာကြောင့် နစ်နာမှုရှိနေတဲ့အတွက် ဖြေရှင်းပေးဖို့ အလုပ်သမားတွေကတောင်းဆိုထားပါတယ်။
 
"အလုပ်တက်ချိန်က မနက် ၇ ခွဲကနေ ည ၇ ခွဲအထိ တနေ့ကို အချိန်ပို ၂ နာရီ ၊ ၃ နာရီခေါ်တယ်၊ အထည်ပါးရင်တော့ ၆ ခွဲပြန်ရပြီး အိုတီခေါ်ရင်တော့ မဆင်းမနေရ ဆင်းခိုင်းတယ်၊ မဆင်းလဲ ရတယ်ပြောပြီး တကယ်မဆင်းရင် အငြိုးအတေးထားခံရတယ် မီဒီယာမှာ တိုင်လို့ ဖော်ပြရင်လည်း ချိုးဖောက်မှုတွေမဟုတ်ကြောင်း ငြင်းသေးတယ်၊ ဘယ်ကိုတိုင်လို့မှမရဘူး"လို့ အလုပ်သမားကပြောပါတယ်။
 
အခုလို လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုတွေ ၊ ကလေးလုပ်သားတွေကို စည်းမျဉ်းစည်းကမ်းအတိုင်း အလုပ်ခိုင်းတာမဟုတ်ဘဲ လုပ်အားခခေါင်းပုံဖြတ်ကာ လူကြီးလုပ်သားတွေနဲ့တန်းတူခိုင်းစေတာတွေနဲ့ပတ်သက်ပြီး နစ်နာမှုတွေရှိနေတဲ့အတွက် ပိုမိုကောင်းမွန်သောလုပ်ငန်းခွင်ဖြစ်ရေးအတွက် အောက်ပါအချက်တွေကို ဖြေရှင်းပေးဖို့ အလုပ်သမားတွေကတောင်းဆိုထားပါတယ်။
 
အလုပ်သမားများတောင်းဆိုချက်အရ
၁။ အလုပ်ရှင်ဘက်မှ လူငယ်၊ လူရွယ် ၁၅ ၁၆အရွယ်များကို အလုပ်သင်အနေဖြင့်ခိုင်းစေပြီး ဒေးကြေး၆၈၀၀ ကျပ်ပေးပြီး လူကြီးအလုပ်သမားများနှင့် တန်းတူစေခိုင်းခြင်းမပြုလုပ်ရန်။
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသော ခွင့်ရက်များကိုခံစားခွင့်ပေးရန်နှင့် ခွင့်ကိုခွဲခြားပြီးမ ပေးရန်။
၃။ အလုပ်သမားများ အချိန်ပိုအိုတီမဆင်းပါက အလုပ်ရှင်ဘက်က အငြိုးအတေးထားခြင်းမပြုလုပ်ရန်။
၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို မိမိဌာနမဟုတ်ဘဲ အခြားသောနေရာများတွင် အလုပ်မလုပ်ခိုင်း ရန်ဖြစ်တယ်လို့ Euro Style Myanmar Fashion Co.,ltd အလုပ်သမားတွေထံက သိရပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026