NEWS

ကန်ဒေါ်လာ ၁ ကျပ်လျင် ၄၀၀၀ ကျပ်ဖြစ်လာပြီး အနည်းဆုံးလုပ်ခလစာ ၄၈၀၀ နီးပါး ရောက်ရှိလာပြန်

CoverLogo
862 Views

အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၄၀၀၀ ခန့်အထိမြင့်တက်လာနေ ပြီး ကုန်ဈေးနှုန်း ကြီးမြင့်လာမှုကြောင့် အခြေခံအလုပ်သမားတွေရဲ့ စားဝတ်နေရေး ထိခိုက်လာနေတယ်လို့ သိရပါတယ်။

ဆန် ဆီ ကြက်ဥ ဘဲဥ ကန်စွန်းရွက် စတဲ့ အခြေခံကုန်စည်ကစလို့ ရွှေဈေး ဒေါ်လာဈေး စက်သုံးဆီဈေး ဆေးဝါး နဲ့ ကုန်ဈေးနှုန်းမှန်သမျှ အတက်ဈေးနဲ့ သာရှိနေပြီး အခြေခံလုပ်ခလစာ ထက်အနည်းငယ်သာပိုရတဲ့ အလုပ်သမားခတွေဟာ နည်းပါးလို့ အလုပ်သမားတွေအနေနဲ့ ထမင်းမစားရတဲ့ ရက်တွေ ရှိနေပြီလို့ အလုပ်သမားတွေထံကသိရပါတယ်။ 

"ထမင်းမစားရတဲ့ ရက်တွေရှိနေပြီ ဒါတောင် တစ်ရက်ကို အလုပ်ချိန် ၁၄ နာရီလောက်လုပ်နေရတာ မိသားစုများတဲ့သူတွေပိုဆိုးပြီ"လို့ အထည်ချုပ်စက်ရုံလုပ်သားကပြောဆိုပါတယ်။

ကျွမ်းကျင်လုပ်သားအနေနဲ့ အများဆုံး ၃ သိန်း ကျော် ပတ်ချာလည် ရနေတဲ့ ဒီလိုအခြေအနေမှာ  ပြည်တွင်းက အခြေခံ အလုပ်သမား အများစု အတွက် အစိုးရသတ်မှတ်ချက်  တစ်နေ့လုပ်ခကတော့   ၄၈၀၀ ကျပ်သာရှိနေသေးတာပဲဖြစ်ပါတယ်။ 

“ဒေါ်လာစျေးတက်လို့ရွှေစျေးတွေ  ကုန်စျေးနှုန်းတွေတက်လာတယ်။ ဆန်တစ်ပြည်ကိုခြောက်ထောင်ခုနှစ် ထောင်ဖြစ်လာတယ်။  ဆီကလည်းသောင်းဂဏန်းဖြစ်လာတယ်။  လိုင်းကားခတွေကလည်း ဟိုနားဒီနားကို၄၀၀ ၅၀၀ဖြစ်လာတယ်။ လာစီးကြည့်ပါ လှိုင်သာယာနဲ့ရွှေပြည်သာဘက်တွေက စက်မှုဇုန်တွေနားကားတွေလာစီး ကြည့်ပါ အောက်ဆိုက်ကားဆိုလည်း ၅၀၀ပေးစီးရပါတယ်။ အစစအရာရာအကုန်စျေးတက်နေပြီးမှ  အလုပ်သမားတွေရဲ့လုပ်ခလစာကျတော့ တက်မလာတဲ့အပြင် တစ်ချို့အလုပ်ရှင်တွေက ၃၆၀၀နဲ့ပေးခ်ိုင်းနေတာတွေတောင်ရှိတယ်။  ကျွန်တော်တို့ဆို ရတော့တစ်နေ့ ၄၈၀၀ အဆောင်လခရော စားသောက်ဖို့ရောမလုံလောက်ပါဘူး။ လူကသာပင်ပန်းပြီးစုတ်ပြတ်နေတယ်  လခကလုံး၀တက်မလာလို့ ထွက်ပစ်လိုက်တယ်”လို့  ရွှေပြည်သာက အလုပ်သမားတစ်ဦးကဆို ပါတယ်။ 

သြဂုတ်၂၁ရက်နေ့ရဲ့  ကုန်စျေးနှုန်းတွေအရ ဆန်တစ်ပြည်လျှင်ကျပ် ၅၀၀၀ကနေ ၇၀၀၀အထိရှိကာ စားသုံးဆီတစ်ပိသာလျှင် ၁၁၀၀၀ ကျပ်အထိမြင့်တက်နေပြီး အခြားသော YBS ယာဥ်စီးခများပါ မြင့်တက်လာပြီး မြို့လည်ကတစ်ရာကျပ်တန်မြို့ပတ်ကားပင်လျင် နှစ်ရာကျပ်တိုးမြှင့်ကောက်ခံလာတာဖြစ်ပါတယ်။ 

အဲ့ဒီလိုအစစအရာရာမြင့်တက်နေပေမဲ့ အလုပ်သမားတွေရဲ့ တစ်နေ့လုပ်ခနှုန်းထားကတော့ ကျပ်၄၈၀၀ဖြင့်သာလုပ်ကိုင်နေရသလို နေ့စားအလုပ်သမားတွေကိုတော့ တစ်နေ့၃၆၀၀ ကျပ်ဖြင့်သာ လုပ်ကိုင်နေရတာကြောင့် အလုပ်သမားထုအတွက်အစားအသောက်နဲ့နေရေးမှာ အခက်အခဲများစွာဖြစ်လာတာကြောင့် တစ်နေ့တစ်ခြားပို၍ပင်နိမ့်ကျသထက်နိမ့်ကျလာတယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ တစ်နေ့လုပ်ခ ၄၈၀၀ ကျပ်ပင်အပြည့်အဝမပေးတဲ့အလုပ်ရှင်များလည်းရှိနေသေးတာကိုလည်း တွေ့နေရပါတယ်။ 

အခကြေးငွေဆိုင်ရာ ပြသနာရပ်တွေအပြင် အလုပ်သမားအခွင့်အရေးချိုးဖောက်တာ တွေလည်း ပိုများလာတယ်လို့ သိရပါတယ်။

"တော်ဝင်သစ်စက် မှ လုပ်သက်ရင့်ဝန်ထမ်းတဦးကို အလုပ်ထုတ်နစ်နာကြေးမပေးဘဲ လွန်ခဲ့တဲ့ ၂ လ က အလုပ်မှရပ်နားတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ နစ်နာသူက ခုမှ လာရောက် ပြောကြားတဲ့အတွက်သိခဲ့ရပါတယ်။ အလုပ်သမားက တော်ဝင်သစ်စက်မှာပဲ လက်သမားရာထူးနဲ့ ခြေထောက်ထိခိုက်ပြီးစတီးချောင်းသွင်းထားရသူပါ။ လုံခြုံရေးအဖြစ် ၂၀၂၁  မတ်လ မှာပြန်လည်တာဝန်ပေးခဲ့စဉ်ကနေ အလုပ်ဖြုတ်လိုက်တဲ့အထိ အနည်းဆုံးအခကြေးငွေမရရှိပါဘူး။၁၃၀၀၀၀ ကျပ်ဘဲပေးထားပါတယ်။ ခုချိန်ထိ စက်မှူဇုန်အလုပ်သမားတွေ အနည်းဆုံးအခကြေးငွေမရဘဲအလုပ်လုပ်နေရဆဲပါ" လို့ STUM ကဖော်ပြထားပါတယ်။ 

လက်ရှိမှာ ကုန်ဈေးနှုန်းကြီးမြင့်တာ လုပ်ခလစာနည်းပါးတာ လုပ်ငန်းခွင် အခွင့်အရေးချိုးဖောက်ခံနေရတာ အပြင် တရားဥပဒေစိုးမိုးရေး ကင်းမဲ့နေတာတွေကြောင့်လည်း ဘက် ပေါင်းစုံက ရိုက်ခတ်လာတဲ့ အထွေထွေအကျပ်အတည်းကို အခြေခံ လူတန်းစားနဲ့ လူလတ်တန်းစားတွေ ထိခိုက်လာနေတာပါ။

မြန်မာနိုင်ငံရဲ့တစ်နေ့လုပ်ခ အနည်းဆုံးအခကြေးငွေကျပ် ၄၈၀၀ သတ်မှတ်ပြီးငါးနှစ်ပြည့်သည့်တိုင် ပြောင်းလဲခြင်းမရှိခဲ့ဘဲ လက်ရှိကုန်ဈေးနှုန်းကြီးမြင့်ချိန်အထိ ၄၈၀၀ ကျပ်သာ ဖြစ်နေတာကြောင့်  သင့်တင့်တဲ့ပြောင်းလဲမှုတစ်ခုတိုးမြင့်ပေးဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်။

#MyanmarLabourNews 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026