NEWS

"UNI Global Union Freedom From Fear Award for2021"ဆုကို CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့ကြသော အလုပ်သမားများ၏ ကိုယ်စားမြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုမှဆုလက်ခံရယူ

CoverLogo
1.5K Views

MyanmarLabourNews
နိုဝင်ဘာ၊၁၀ရက်

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်မှာ
အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်သူများ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Union Network International - UNI Global Union) မှ ပေးအပ်တဲ့ “UNI Global Union Freedom from Fear Award for 2021” ဆုကိုရရှိခဲ့ကြတဲ့ CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့ကြသော အလုပ်သမားမျာ ကိုယ်စား မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု ကို ပေးအပ်ပြီးအလုပ်သမားတပ်ပေါင်းစုကလက်ခံရယူခဲ့တယ်လို့သိရပါတယ်။

ဒီကနေ့မှာပဲ အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်သူများ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Union Network International - UNI Global Union) သည် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုနှင့် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့်များစွာသော အလုပ်သမားများအား “UNI Global Union မှ ၂၀၂၁ ခုနှစ်အတွက် အကြောက်တရားများမှ လွတ်မြောက်ခြင်းဆု - UNI Global Union Freedom from Fear Award for 2021” ဆုအားပေးအပ်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါဆုမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားစိုးရ ပြန်လည် အုပ်ချုပ်ခွင့်ရရှိရန်အတွက် ကြိုးစားဆောင်ရွက်ခြင်း၊ စွန့်စားခြင်း၊ ဖမ်းဆီးခံရခြင်း၊ ထောင်ချခံခြင်း အစရှိသဖြင့် ထူးထူးခြားခြား ရဲစွမ်းသတ္တိများရှိသူများအတွက် အသိအမှတ်ပြုသည့် ဆုလည်းဖြစ်တယ်လို့လဲသိရပါတယ်။


အဆိုပါUNI Global Unionအဖွဲ့ သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း ၁၅၀ နိုင်ငံမှ ကျွမ်းကျင်သူများနှင့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍမှ အလုပ်သမားသမဂ္ဂများဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်သန်းပေါင်း (၂၀) သန်းကို ကိုယ်စားပြုသည့် အပြည်ပြည်ဆိုင်ရာလုပ်ငန်းကဏ္ဍ အဖွဲ့ချုပ်တစ်ခု ဖြစ်ပါသည်။ UNI Global Union ၏ ရုံးချုပ်သည် Switzerland နိုင်ငံ Nyon မြို့တွင် တည်ရှိပါသည်။
UNI Global Union သည် ၂၀၂၁ ခုနှစ်အထိ နိုင်ငံပေါင်းစုံကော်ပိုရေးရှင်းများ (the multinational corporations) နှင့် ကမ္ဘာလုံးဆိုင်ရာမူဘောင်သဘောတူညီချက် စုစုပေါင်း (၅၀) ကျော်ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တခုဖြစ်တယ်လို့ဆိုပါတယ်။

UNI သည် International Federation of Commercial, Clerical, Professional and Technical Employees (FIET), Media and Entertainment International (MEI), International Graphical Federation (IGF) နှင့် Communications International (CI) တို့ဖြင့် ၂၀၀၀ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် Union Network International ကို စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၉ ခုနှစ် မတ်လ ၂ ရက်နေ့တွင် အဖွဲ့ချုပ်၏ အမည်ကို UNI Global Union လို့ ပြောင်းလဲခဲ့တာပါ။

Video - Myanmar Labour Alliance

 

MyanmarLabourNews


Related posts

Cover
အလုပ်ချိန်အလွန်အကျွံခိုင်းစေမှု ဖြေရှင်းပေးစေလိုဟုဆို
Aug 18, 2025
Cover
Sioen Myanmar စက်ရုံပိုင်ရှင်ထံသို့ အိတ်ဖွင့်ပေးစာ
Aug 18, 2025
Cover
Tianjin Fashion Milestone လုပ်သားများအား အထည် ထမ်းတင်ခိုင်း_
Aug 17, 2025
Cover
Hope One မှာ ဖယ်ရီအဆင်မပြေ
Aug 17, 2025
Cover
အခွင့်အရေးချိုးဖောက်ခံရမှုတွေဖြေရှင်းပေးဖို့ အလုပ်သမားတွေပြော
Aug 17, 2025
Cover
နိုင်ငံခြားငွေလဲနှုန်း ဈေးခုန်တက် ရွှေဈေး၊ စက်သုံးဆီဈေးများ မဆိုသလောက်ဈေးပြန်ကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Aug 15, 2025
Cover
Shun Yu Myanmar Garment Co.,ltd ကလေးလုပ်သားတွေကိုဆဲဆိုခိုင်းစေ
Aug 14, 2025
Cover
Wan Xin Myanmar Company Limited ကိုယ်ဝန်ဆောင်အလုပ်သမားတွေကို အလုပ်ထုတ်
Aug 13, 2025