VIDEO

စစ်အုပ်ချုပ်ရေးမှာဘာသမဂ္ဂမှမရှိဘူးလို့စစ်တပ်ကအလုပ်သမားတွေကို ခြိမ်းခြောက်

CoverLogo
914 Views

“ဆရာတို့ဘက်တော့ တစ်ရက်မလာဘူးဆိုရင် ရက်မှန်ကြေးတွေ၊ လစာတွေရော ဖြတ်လိမ့်မယ်။ ၃ ရက်မလာရင် အလုပ်ထွက်ရမှာနော်” ( စက်ရုံတာဝန်ရှိသူ) “လုပ်မယ်ဆို အထဲဝင်၊ ဒီနယ်မြေက စစ်အုပ်ချုပ်ရေး နယ်မြေ။ ပြောထားပြီးသား။ သမဂ္ဂတွေ ဘာတွေ လာမလုပ်နဲ့ ။ စစ်အုပ်ချုပ်ရေးမှာ ဘာ သမဂ္ဂမှ မရှိဘူး။” ( စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး) ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှူဇုန်ရှိ Hosheng (Myanmar) Garment Company Limited မှာ အလုပ်သမား သမဂ္ဂခေါင်းဆောင် ၇ ဦးကို အကြောင်းမဲ့ အလုပ်ထုတ်လိုက်လို့ စက်ရုံအလုပ်သမား ၆၀၀ ကျော် ဆန္ဒပြနေတယ်လို့ သိရပါတယ်။ စက်ရုံအတွင်း အလုပ်သမားတွေက ဆန္ဒပြနေစဉ် စစ်ကောင်စီတပ်တွေနဲ့ စက်ရုံတာဝန်ရှိသူတွေက ခြိမ်းခြောက်ပြောဆို ခဲ့ပါတယ်။ ဆန္ဒ ပြနေစဥ် စက်ရုံဘက်ကရဲနဲ့စစ်တပ်ကိုခေါ်ယူကာ အလုပ်ဆက်လုပ်ရန် နှင့်အလုပ်မလုပ်ဘဲ ဆန္ဒပြပါက အလုပ်ထုတ်ခံရနိုင်တယ်လို့ ခြိမ်းခြောက်ဖိအားပေးတာတွေပါ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်မှ "ကိုယ့်ဘ၀ကိုယ်သိ ဆို ကိုယ့်မိသားစုအတွက်ကိုစဥ်းစား လုပ်မယ်ဆိုအထဲဝင် မလုပ်ချင်ပြန်သွား ရွှေပြည်သာက စစ်အုပ်ချုပ်ရေးနယ်မြေ တခြားနယ်မြေနဲ့မတူဘူး စစ်အုပ်ချုပ်ရေးမှာဘာသမဂ္ဂမှမရှိဘူး" ဆိုကာ ခြိမ်းခြောက်ပြောဆိုခဲ့တာပါ။ အဆိုပါ စက်ရုံမှာ ZARA , Inditexစတဲ့ အမှတ်တံဆိပ်ချုပ်လုပ်တာဖြစ်တယ်လို့သိရပါတယ်။ #MyanmarLabourNews


Related posts

Cover
ခွင့်ယူပါက တနင်္ဂနွေနေ့အတွက်ပါ လစာဖြတ်တောက်
Feb 22, 2025
Cover
အချိန်ပို ဖိအားပေးခေါ်ယူတာ အပြင် မိသားစုထံ ဆက်သွယ်အသိပေးခွင့် မပြုလို့ အခက်အခဲဖြစ်
Feb 21, 2025
Cover
လုပ်အားခခေါင်းပုံဖြတ်မှုကို တိုင်ကြားသော် လည်း စက်ရုံဘက်က တာဝန်ယူမှုမရှိ
Feb 21, 2025
Cover
Str‌aightex Co.Ltd စက်ရုံ တနင်္ဂနွေနေ့ ရက်အစား ခြိမ်းခြောက် ဆင်းခိုင်း
Feb 21, 2025
Cover
HC အထည်ချုပ်စက်ရုံ မတရား လုပ်ခ ခေါင်းပုံဖြတ်
Feb 20, 2025
Cover
အလုပ်နှင့်သက်ဆိုင်မှု မရှိသည့်တာဝန်များကို ခိုင်းစေသည့်အပြင် အလုပ်သမားများ ရရှိသည့်ဘောနပ်ကြေးကို အကြောင်းမဲ့ ဖြတ်တောက်နေ
Feb 20, 2025
Cover
လုံခြုံရေးကုမ္ပဏီတွေ လိုင်စင်လျှောက်ဖို့ စစ်ကောင်စီက ပုဂ္ဂလိကလုံခြုံရေးဥပဒေ ထုတ်ပြန်
Feb 19, 2025
Cover
အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ လုပ်ဆောင်ကာ ခြိမ်းခြောက်ပြောဆိုမှုပြုလုပ်
Feb 19, 2025