NEWS

မီးစက်နှိုးရ၍ အရှူံးပေါ်ဟုဆိုကာ မှော်ဘီ Textile Palace အထည်ချုပ်စက်ရုံဝန်ထမ်းများအား မတန်တဆခိုင်း

CoverLogo
4K Views

မီးစက်နှိုးပြီး လုပ်ငန်းလည် ပတ် ရတာကြောင့် အရှူံးပေါ်နေတယ်လို့ ပြောဆိုပြီး ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှု့ဇုန်မှာ တရုတ်-မြန်မာဖက်စပ် အတည်ချုပ်စက်ရုံ Textile Palace Co,.Ltd ဟာ ဝန်ထမ်း တွေကို အပ်ထည်အရေအတွက် (အာဝါတီး) တိုးတောင်းတာနဲ့ ထမင်းထွက်စားခွင့် မပေးတာတွေလုပ်ဆောင်ပြီး အဆမတန် ခိုင်းစေနေတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။

"စက်ရုံမှာ သိပ်မကြာသေးခင်က စည်းကမ်းချက်ကျထားတယ်။ အလုပ်ချိန် မနက်ပိုင်း ၄နာရီမှာ  ၁၅မိနစ်ကို နားချိန်ပေးတယ်။  ညနေပိုင်းလည်း ဒီလို့ပဲ။ ဒါပေမယ့် အခုမဟုတ်တော့ဘူး  ၁၅ မိနစ်အနားအချိန်မပြောနဲ့ နေလယ် ထမင်းစားချိန်တောင် ထွက်မစားရပဲ အပ်ထည်အရေအတွက် (အာဝါတီ) ရဖို့ ထမင်းအငတ်ခံပြီး  လုပ်ပေးရတယ်။  အဲလို့ ထမင်း အငတ်ခံပီ ချုပ်ပေးနေရလဲ စူပါတွေက အကောင်း မပြော ကြပါဘူး" လို့  Textile Palace  စက်ရုံ အလုပ်သမားတဦးက ပြောဆိုပါတယ်။

Textile Palace  အထည်ချုပ်စက်ရုံက အပ်ထည်အရည်အတွက်ကို ပုံမှန် တစ်နာရီကို  ၈၀ ကနေ ၉၀ ကြား ချုပ်လုပ်ပေး ရပေမယ့် လက်ရှိမှာတော့ အထည် ၁၅၀ ကနေ ၁၈၀ ကြားတိုးတောင်းနေတာလို့ အတည်ချုပ် အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားတွေဘက်ကလည်း အဲ့ဒီအတွက်တစ်နေ့ကို အချိန်ပိုအပါအဝင် အလုပ်ချိန် ၁၀ နာရီ အထိ ချုပ်လုပ်ပေးနေပေမယ့် အခုလို အာဝါတီ အဆမတန်တိုးတောင်းထားတာကြောင့် သတ်မှတ် စံချိန် မရရှိဘဲ အချိန်ပိုလုပ်ခ အိုတီကြေး ၁၂၀၀ အပါအဝင် လစာ ၂၃၀၀၀၀ ဝန်းကျင် သာ ရရှိတယ်လို့ အတည်ချုပ် အလုပ်သမားတွေက ပြောပါတယ်။

"လျှပ်စစ်မီးတွေ ခနခန ပျက်လို့ စက်ရုံမီးစက်နဲ့ လုပ်ငန်းလည်ပက်နိုင်လောက်လုပ်တယ်။ စက်သုံးဆီ စျေးနူန်း တွေလည်း မြင့်နေတော့ စက်ရုံက အသုံးစရိတ် ပိုထွက်နေတယ်ပေါ့ ။  အဲတာကြောင့် စက်ရုံ ဝန်းထမ်းတွေကို အာဝါတီတွေ တိုးတောင်းနေတဲ့၊  ဘာလို့လည်းဆိုတော့ အာဝါတီတွေ များများရမှ စက်ရုံရယ် အသုံးစရိတ်တွေ သက်သာပြီး အမြတ်တွေ ပိုရမှာပြောတယ်"လို့ Textile Palace Co.Ltd အထည်ချုပ် စက်ရုံ အလုပ်သမား တစ်ဦး က ပြောပါတယ်။

စက်ရုံဟာအရင် က အထည်ချုပ်အဆင့်အလိုက် စံချိန်သတ်မှတ်ပြီး၊ စံချိန်ပြည့်မီသူတွေကို အဆင့်အလိုက် သတ်မှတ်ပြီး Grade ကြေး၊ အိုတီကြေးပေးပေမယ့် လက်ရှိ မှာတော့ အလုပ်သမားတွေ သတ်မှတ်ချက် ပြည့်မီ အောင် မချုပ်နိုင်တဲ့အထိ ခိုင်းစေနေတာကြောင့် အချိန်ပိုကြေး ၁၂၀၀ ကို မျှော်ပြီး လုပ်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

"အခုဖယ်ရီကိုလည်း အစီးရေလျော့လိုက်တော့ တစ်စီးကို လူဦးရေ ၁၂၀ လောက်စီးနေရတယ်။ ကျမတို့က လူတွေပါ ၊ငပိတွေမဟုတ်ပါဘူး" လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
လက်ရှိ Textile Palace Co.Ltd အထည်ချုပ်စက်ရုံမှာ လုပ်သား ၂၀၀၀ ကနေ ၂၅၀၀ ကြား လုပ်ကိုင်နေ ကြရတယ်လို့ သိရပါတယ်။

Textile Palace Co.Ltd အထည်ချုပ်စက်ရုံကနေ T Shirt ၊ အနွေးထည် ၊ ဘောင်းဘီအတိုအရှည် စတာတွေ ချုပ်လုပ်နေရပြီး H&M နဲ့  KIABI တို့အပြင်  အခြားအမှတ်တံဆိပ်တွေလည်း ချုပ်လုပ်ပြီး ဥရောပနဲ့ အာရှ စျေးကွက်တွေကို တင်ပို့ချုပ်လုပ်နေတဲ့ စက်ရုံဖြစ်တယ်လို့ သိရပါတယ်။

 


Related posts

Cover
ပြည်တွင်းနေထိုင်သူတွေ စားဝတ်နေရေးအပြင်  စစ်မှုထမ်း လစဉ်ကြေးပါ ရှာဖွေပေးနေရ
Feb 18, 2025
Cover
ဆေးကုသစရိတ်မြင့်တက်လို့ စပ်ဆေးအသုံးပြုသူပိုများလာ
Feb 18, 2025
Cover
အလုပ်သမား ၄၀၀ ကျော်နဲ့ အလုပ်သမားရေး ဆောင်ရွက်သူ ရဲ့ ၇ နှစ်ကြာ နစ်နာမှုတွေအတွက် ကမ်ပိန်းပြုလုပ်တောင်းဆို
Feb 18, 2025
Cover
အချိန်ပိုကြေး မပေးဘဲ ညည့်နက်ထိခိုင်းစေနေလို့ အလုပ်သမားတွေအခက်အခဲဖြစ်နေ
Feb 17, 2025
Cover
တရုတ်ရှိအထည်ချုပ်စက်ရုံတွင် မြန်မာအလုပ်သမားတွေ လုပ်ခလစာအပြည့်မရ
Feb 17, 2025
Cover
ပြည်ပကို လုပ်သားထွက်ခွာမှုလျော့ကျစေရန် ကန့်သတ်ပိတ်ပင်မှုတွေ ထပ်တိုးဖို့ အလုပ်သမားဝန်ကြီး အသစ် လုပ်ဆောင်နေ
Feb 17, 2025
Cover
လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေ ဖြေရှင်းပေးစေလိုဟုဆို
Feb 16, 2025