NEWS

၄၈ နာရီ အတွင်း မြန်မာနိုင်ငံအနှံ့ မိုးရွာသွန်းကာ အချို့နေရာတွေမှာ မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုပါဖြစ်နိုင်တယ်လို့သတိပေး

CoverLogo
289 Views

တောင်တရုတ်ပင်လယ်မှ INVEST-99W အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း TD-03W(THREE) ကြောင့် လာမယ့် ၄၈ နာရီ အတွင်း မြန်မာနိုင်ငံအနှံမိုးရွာသွန်း ကာ အချို့နေရာတွေမှာ မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုပါဖြစ်နိုင်တယ်လို့ မိုးလေဝသလေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က သတိပေးထားပါတယ်။

တောင်တရုတ်ပင်လယ်မှ INVEST-99W အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း TD-03W(THREE)ဖြစ်လာပြီး ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာလဲ လေဖိအားနည်းဆဲလ်(Low Pressure Cell - LPC)တခုဖြစ်ပေါ်နေပါတယ်။

TD-THREE ကတော့ ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကို ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအနေနဲ့ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံအနောက်ပိုင်း Ban Rai ခရိုင်အထိရောက်နိုင်တယ်လို့ ECMWF မှ ခန့်မှန်းထားပါတယ်။
ဘင်္ဂလားပင်လယ်အော်မှ LPC ကတော့ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး အိန္ဒိယနိုင်ငံအရှေ့ဘက်ကမ်းခြေကို ဖြတ်ကျော်သွားမှာလို့လဲ သိရပါတယ်။

မြန်မာနိုင်ငံဘက်ကိုသက်ရောက်မှုရှိနိုင်မဲ့ မိုးလေဝသအခြေအနေတွေကတော့ ဒီနေ့ ကနေ  နောက်လာမယ့် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်များမှာ အနောက်တောင်မုတ်သုံလေအားအလွန်ကောင်းလာပြီး ကမ်းရိုးတန်းဒေသများနဲ့ အနောက်တောင်မုတ်သုံလေစီးဝင်ရာလမ်းတလျှောက်ပါလာမယ့်  မိုးတိမ်များက မြန်မာနိုင်ငံနေရာအနှံ့ မိုးရွာနိုင်စေကာ  အချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးသည်းထန်တာနဲ့ လေပြင်းတိုက်ခတ်တာတွေလဲ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အထက်ဘက်ကမြစ်ရေများ ဆင်းလာတာ‌ကြောင့် ချင်းတွင်းနဲ့ ဧရာဝတီမြစ်တလျှောက် ရေကြီးတာတွေလဲ မြို့ကြီး တော်တော်များများမှာရှိနေဆဲ ကာလ ဖြစ်ပါတယ်။

ဒါကြောင့်  ရေကြီးနေတဲ့ဒေသတွေရော အခြားဒေသများမှာပါ မိုးများနိုင်တာ၊ မိုးသည်းထန်နိုင်တာနဲ့ လေပြင်းတိုက်ခတ်နိုင်တာတွေကိုပါ သတိထားကြရမဲ့ အခြေအနေဖြစ််တယ်လို့ သိရပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ နေ့လည်၁နာရီခွဲ ရေကြီးခြင်းသတိပေးချက် ထုတ်ပြန်ချက်မှာ ငဝန်မြစ်ဟာ ငါးသိုင်းချောင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ပေ ဝက်ခန့်မှာ ရောက်ရှိနေပြီး လာမယ့်၂၄နာရီ အတွင်းစိုးရိမ်ရေမှတ်ကိုရောက်ရှိလာမှာ ဖြစ်သလို တိုးမြစ်ဟာလည်း မအူပင်မြို့ရဲ့ စိုးရိမ်ရေမှတ် အောက်၁ပေခန့်မှာ ရှိနေပြီး လာမယ့်၄၈နာရီ အတွင်း စိုးရိမ်ရေမှတ်ရောက်ရှိလာမှာ ဖြစ်တဲ့ အတွက် မြေနိမ့်နဲ့မြစ်ကမ်းဘေးနေသူတွေအထူးသတိပြုနေထိုင်ဖို့ အသိပေးထားပါတယ်။

 


Related posts

Cover
ဧပြီ ၁၁ ရက်အထိ နောက်ဆက်တွဲငလျင်ငယ် တွေ လှုပ်ခတ်နိုင်ဟု ခန့်မှန်း
Apr 06, 2025
Cover
ဘန်ကောက်ရှိ စာရင်းစစ်ရုံး ပြိုကျမှုမှ သေဆုံးဒဏ်ရာရသူများကို တပတ်အတွင်း နစ်နာကြေးပေးမည်
Apr 06, 2025
Cover
နောက်ဆက်တွဲငလျင်ငယ်တွေကြောင့် ပြည်သူတွေစိုးရိမ်မှု မြင့်တက်နေရ
Apr 05, 2025
Cover
အန္တရာယ်ရှိ ကျောက်သေတ္တာစေတီခေါ် ကျောက်တုံးကြီးကို ဖောက်ခွဲဖျက်ဆီးပစ်ရန် အရေးပေါ်ပြောင်းရွှေ့ခိုင်း
Apr 03, 2025
Cover
ငလျင်ဒဏ်ကြောင့် လူ ၃၀၀၀ ကျော် သေဆုံးပြီး ၃၀၀ ကျော်ပျောက်ဆုံးဟု စစ်ကောင်စီ ထုတ်ပြန်
Apr 03, 2025
Cover
အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် မိုးဇလ ထုတ်ပြန်
Apr 03, 2025
Cover
ငလျင်ဒဏ်ကြောင့် လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်ပြီး ရန်ကုန်မြို့နေပြည်သူတွေ သုံးရေ အခက်ကြုံနေ
Mar 31, 2025
Cover
ငလျင်ကြောင့် မန္တလေး တက္ကသိုလ်  ပြိုကျပြီး မီးလောင်မှု ဖြစ်ပွားနေ
Mar 28, 2025