ပြည်ပကို လုပ်သား ပိုဆောင်ပေးနေတဲ့ လိုင်စင်ရ အေဂျင်စီ တွေ အနေနဲ့ ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အခွန် ပေးသွင်း ရကာ ပေးသွင်း ရန် ကျန်ရှိ တဲ့ အေဂျင်စီ တွေ ကို အခွန်မပေးသွင်း မခြင်း လုပ်သားစေလွတ်မှု ရပ်ဆိုင်း ထားမယ် လို့ သိရပါတယ်။
၂၀၂၂-၂၀၂၃ခုနှစ် အတွက် အေဂျင်စီ တွေ အနေနဲ့ ကုန်သွယ်ခွန်၊ ဝင်ငွေခွန် တွေ ကို သက်ဆိုင်ရာ ဝန်ကြီးဌာန ကို ပေးသွင်း တာ မှာ အေဂျင်စီ ၁၂ ခု က ပေးသွင်းရန် ကျန်ရှိသေးတယ်လို ဆိုပါတယ်။
အခွန် ပေးသွင်းရန် ကျန်ရှိသူတွေ ကို သတိပေးစာ တွေ ထုတ်ထားပြီး ဖြစ်ခါ အခွန်မပေးသွင်း မခြင်း လုပ်သားစေလွှတ်မှု ကို ရပ်ဆိုင်းထားမယ်လို သိရပါတယ်။
ပေးသွင်းရတဲ့ အခွန် တွေ မှာ အေဂျင်စီ တွေ အနေနဲ့ ပိုဆောင်တဲ့ နိုင်ငံ အလိုက် သတ်မှတ်ထားတဲ့ ဝန်ဆောင်ခ နှုန်းထားတွေ ပေါ်မူတည်ပြီး စေလွှတ်လိုက်တဲ့ အလုပ်သမား အရေအတွက် ပေါ် အလိုက် အခွန်အခ တွေ ကို ပေးသွင်းရတာဖြစ်တယ်လိုဆိုပါတယ်။
အခုလို ပေးသွင်းတဲ့ အခါမှာလဲ အေဂျင်စီ တွေ အနေနဲ့ စာရင်းလိမ်လည် တင်ပြခြင်း များ မပြု လုပ်ဖို နဲ့ စိစစ်တွေ့ရှိပါက ထိုက်သင့်တဲ့ အရေးယူမှု တွေ ပြုလုပ်သွားမယ်လို သိရပါတယ်။
လက်ရှိမှာ ပြည်ပ အလုပ်အကိုင်အေဂျင် စီ ၅၆၅ ခုမှာ ယာယီပိတ်သိမ်းသည့် ကုမ္ပဏီ ၇ ခု ရှိပြီး အေဂျင်စီ ၅၅၈ ခု လုပ်ငန်းဆောာင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။