အွန်လိုင်း ကနေ ဈေးရောင်းချသူတွေ အနေနဲ့ ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်း မှတ်ပုံတင် မရှိဘဲ ရောင်းချခြင်း ကို တွေ့ရှိပါက အရေးယူတော့မှာ ဖြစ်တယ်လို့ ကုန်သွယ်မှုဦးစီးဌာနကဩဂုတ်လ ၉ရက် နေ့က အသိပေးပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ၂၀၂၃ ခုနှစ် ဇူလိုင် ၂၁ရက် မှာ အွန်းလိုင်းစနစ် နဲ့ ဈေးရောင်းချတဲ့ ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းတွေ ကို မှတ်ပုံတင် လျှောက် ထား ဖို့ ကြေညာခဲ့ပါတယ်။
အဆိုပါ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ၆လ ပြည့်မြောက်တဲ့နေ့က စပြီး မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့ လုပ်ငန်း တွေကို အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅အရ အရေးယူခြင်းခံရမယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အသိပေး ကာလ ခြောက်လ ကျော်ပြီ ဖြစ်တဲ့ အတွက် မှတ်ပုံတင်မရှိဘဲ အွန်လိုင်းကနေ ဈေးရောင်းချခြင်း စစ်ဆေးတွေ့ရှိပါက အရေးယူတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ၅ အရ အရေးယူခံရမယ့်သူဟာ ထောင်ဒဏ်အနည်းဆုံးခြောက်လမှ အများဆုံး၃နှစ်အထိ ချမှတ်ခံရနိုင်တဲ့အပြင်ငွေဒဏ် ငါးသိန်းကျပ် ထက်မပိုတဲ့ ငွေဒဏ်လဲ ချမှတ်ခံနိုင်တယ်လို့သိရပါတယ်။