NEWS

မူဆယ်ကတဆင့် တရုတ်ပြည်ကို  တပတ်ကတ်နှင့် ဝင်ရောက်ပြီး ပြန်ထွက်သူနည်းသည့်အတွက် တရုတ်ဘက်မှ အဖမ်းဆီးနေ့စဉ်ပြုလုပ်

CoverLogo
544 Views

မူဆယ်ကတဆင့် တရုတ်ပြည် နယ်စပ်ကို တစ်ပတ်တာသက်တမ်းရှိ TBP, BP စတဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်တို့နဲ့ ဝင်ရောက်လာပြီး ပြန်ထွက်သူအလွန်နည်းတဲ့အတွက် တရုတ်ပြည်တွင်း ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ မူဆယ်ဒေသခံတွေထံကသိရပါတယ်။

ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်နဲ့ ဝင်ရောက်သူဟာ  ၇ရက်ပြည့်ပါကမူဆယ်ဘက်ကို  ပြန်လည်ထွက်ခွာရပြီး ပြန်လည်ဝင်ရောက်ရန်အတွက် လုပ်ဆောင်ရတယ်လို့ဆိုပါတယ်။

လတ်တလောမှာတော့ မူဆယ်နယ်စပ်ဂိတ်ကနေ တရုတ်ပြည်တွင်း အလုပ်သွားရောက်လုပ်သူတွေဟာ ၇ရက်ပြည့်သော်လည်း ပြန်လည်ထွက်ခွာလာခြင်း မရှိတာများနေတယ်လို့ ဆိုပါတယ်။

""အခုကတစ်ပတ်ကတ်နဲ့ဝင်ပြီး ပြန်မထွက်တဲ့သူကများတယ်။ အဲဒီတော့ တရုတ်ဘက်မှာ တစ်ပတ်ကတ်နဲ့ဝင်တဲ့သူတွေ ပြန်ထွက်ပါ ရက်ကျော်ရင် ဖမ်းမယ် ဆိုတာ မျိုး ကို တရုတ်ရဲတွေက လိုက်လံ ကြေညာတာတွေရှိသလို အဖမ်းစီးလည်းများနေတယ်။""လို့ မူဆယ်ဒေသခံတစ်ဦးကပြောပါတယ်။

ဖမ်းဆီးတာမှာ တချို့ကို ပြစ်ဒဏ်ပေးပြီး တချို့ကို ပြည်တွင်း ကို ပြန်ပို့ကာ တရုတ်ပြည်အတွင်း ပြည်ဝင်ခွင့် ၃နှစ်မှ ၅နှစ် အထိ ပိတ်ခံရတဲ့သူလည်းရှိတယ်လို့ဆိုပါတယ်။

လက်ရှိမှာ တရုတ်ပြည်အတွင်း နေထိုင်ရက် သက်တမ်းကျော်လို့ ဖမ်းဆီးခံသူ မြန်မာနိုင်ငံသားများ နေ့စဉ် ရာနဲ့ချီရှိပြီး ရပ်ကွက်တိုင်းမှာ စစ်ဆေးဖမ်းဆီးတာတွေ လုပ်နေတယ်လို့သိရပါတယ်။

   ""တစ်ပတ်ကတ်နဲ့ဝင်ပေမယ့်လဲ တရုတ်ဘက်က လုပ်ငန်းရှင်က သူတို့အစိုးရထံမှာအလုပ်လုပ်ခွင့်ကတ် လျှောက်ပေးရင်တော့ တစ်နှစ် လုပ်လို့ရတယ်။ဒါကလဲ လုပ်ငန်းရှင်က အာမခံပြီး လုပ်ပေးမှရတာ ကျန်တဲ့ တစ်ပတ်ကတ်တို့ စာအုပ်နီ တို့ ကိုင်ထားတဲ့ သူကတော့ တပတ်ပြည့်တာနဲ့ နယ်စပ်ဂိတ်ကနေပြန်အထွက်ပြပြီး အဝင်တုံး ပြန်ထုရတာ မဟုတ်ရင် တော့ အဖမ်းခံရနိုင်တယ်""လို့ မူဆယ်ဒေသခံကပြောပါတယ်။

ယခင်နှစ်ကုန် ပိုင်းက မူဆယ် မြို့နယ် အတွင်း တိုက်ပွဲ များကြောင့် နယ်စပ်ဂိတ်ကတစ်ဆင့် တရုတ်ပြည်ကို မြန်မာနိုင်ငံသားတွေ ဝင်ရောက်တုန်းက သက်မှတ်ရက် ကျော်သော်လည်း  ဖမ်းဆီးမှု အလွန်နည်းကာ ယခုနှစ်ဆန်းပိုင်းကစပြီး ရက်ကျော်နေထိုင်သူတွေ ကို ဖမ်းဆီးတာ များလာတာ ဖြစ်တယ်လို့ သိရပါတယ်။

 


Related posts

Cover
AAC-ဂေဟာ အပြီးပိတ်သိမ်းပြီး မသန်စွမ်း မြန်မာအလုပ်သမားများအား ချက်ချင်း ပြောင်းရွှေ့ခိုင်း
Apr 22, 2025
Cover
ကျန့်အော်အတု ထုတ်ပေးပြီး မြန်မာအလုပ်သမား ၁၇ ဦး ကို ပွဲစားမှဘတ် ၆သောင်းကျော် လိမ်လည်သွား
Apr 22, 2025
Cover
ပြည်ပထွက်ရန် စာချုပ် ချုပ်ထားပြီးသည့် အသက် ၁၈မှ ၃၅ နှစ် အတွင်း အမျိုးသားများကို ပါ ပြည်ပထွက်ခွင့် မပေးဟုဆို
Apr 22, 2025
Cover
လိုင်စင်ရအေဂျင်စီ အချို့ တရားမဝင် လုပ်သားစေလွှတ်မှုများလာ
Apr 22, 2025
Cover
PJ Workers Must Apply for Departure Permission 5 Days in Advance Starting Today
Apr 20, 2025
Cover
အထောက်အထားမရှိဘဲ အလုပ်လုပ်တဲ့ မြန်မာ ၇ ဦး ဖမ်းဆီးခံရ
Apr 20, 2025
Cover
CI ရုံးတွေ  မကြာခင်ဖွင့်လှစ်တော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
Apr 19, 2025
Cover
အွန်လိုင်းမှ ထိုင်းဘာသာစကားသင်ကြားပေးသော မြန်မာတစ်ဦးကို ထိုင်းရဲဖမ်းဆီး
Apr 19, 2025