NEWS

ထိုင်းရောက် MoUလုပ်သား ၅၀၀ လုပ်ခလစာမရလို့ ဆန္ဒပြတောင်းဆို

CoverLogo
327 Views

ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ လယောင်မြို့ က ItaIian Thai DeveIopment Public Co.,Ltd ရဲ့ ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ် လုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေ လုပ်ခလစာမရလို့ ဆန္ဒပြတောင်း ဆိုခဲ့ကြတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။   

 

“လုပ်ခလစာမရတော့၊ စားစရာမရှိဘူး ။ ခက်ခဲလာတယ်။ ဒါကြောင့် လုပ်ခလစာရရှိဖို့ ဆန္ဒပြတောင်းဆိုတာပါ။ ငြိမ်ငြိမ်လေးတောင်းတာ မရလို့ ဆန္ဒပြတောင်းဆိုတာပါ”လို့ ဆန္ဒပြ အလုပ်သမားတဦးက ပြောပါတယ်။ 

 

လုပ်ခလစာရရှိရေးအတွက် မတ်လ၆ရက်နေ့ကတည်းက အလုပ်သမားတွေ တောင်းဆိုနေကြတာဖြစ်ပေမဲ့ ဖြေရှင်းပေးတာမရှိလို့ မတ်လ ၇ရက်မှာတော့ လုပ်ခလစာရရှိရေး ဆန္ဒပြ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ တောင်းဆိုမှု ပြုလုပ်နေစဉ် ကုမ္ပဏီဘက်က ထိုင်းအာဏာပိုင် ရဲတပ်ဖွဲ့ကိုခေါ်ယူခဲ့တာကြောင့် အာဏာပိုင်တွေ လာရောက်ညှိနှိုင်းပြီး ညနေပိုင်းမှာ လုပ်ခလစာတွေရရှိခဲ့တယ်လို အလုပ်သမားတွေက ပြောပါတယ်။   

 

“ဖလန်စမ်းမှာ ဖြစ်သွားတာပါ။ ဆောက်လုပ်ရေးအလုပ်သမားတွေပါ။ ခုညနေ အကုန်ရ သွားကြပြီ”လို့ ထိုင်း ရောက် မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်သူတဦးက ပြောဆိုပါတယ်။ 

ItaIian Thai DeveIopment Public Co.,Ltdကနေ လုပ်ခလစာ ရရှိရေးဆန္ဒပြတောင်းဆိုကြတဲ့ အလုပ်သမား တွေဟာ MOU အလုပ်သမား ၃၀၀ကျော်နဲ့ CI အလုပ်သမား၁၀၀ကျော် အလုပ်သမား စုစုပေါင်း ၅၀၀ ဝန်းကျင် ဖြစ်တယ်လို့ သိရပါတယ်။  

 

လုပ်ခလစာ စုစုပေါင်း ဘတ်သိန်း ၆၀ ကျော်ရရှိဖို့ ကူညီပေးနိုင်ရေးအတွက် မတ် ၇ ရက် မနက်ပိုင်းမှာ ထိုင်းအခြေစိုက် မြန်မာအလုပ်သမားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့ WAG ဆီ အဲဒီ အလုပ်သမားတွေက အကူညီတောင်းခံခဲ့တယ်လို့လည်း သိရပါတယ်။

 #MyanmarLabourNews


Related posts

Cover
AAC-ဂေဟာ အပြီးပိတ်သိမ်းပြီး မသန်စွမ်း မြန်မာအလုပ်သမားများအား ချက်ချင်း ပြောင်းရွှေ့ခိုင်း
Apr 22, 2025
Cover
ကျန့်အော်အတု ထုတ်ပေးပြီး မြန်မာအလုပ်သမား ၁၇ ဦး ကို ပွဲစားမှဘတ် ၆သောင်းကျော် လိမ်လည်သွား
Apr 22, 2025
Cover
ပြည်ပထွက်ရန် စာချုပ် ချုပ်ထားပြီးသည့် အသက် ၁၈မှ ၃၅ နှစ် အတွင်း အမျိုးသားများကို ပါ ပြည်ပထွက်ခွင့် မပေးဟုဆို
Apr 22, 2025
Cover
လိုင်စင်ရအေဂျင်စီ အချို့ တရားမဝင် လုပ်သားစေလွှတ်မှုများလာ
Apr 22, 2025
Cover
PJ Workers Must Apply for Departure Permission 5 Days in Advance Starting Today
Apr 20, 2025
Cover
အထောက်အထားမရှိဘဲ အလုပ်လုပ်တဲ့ မြန်မာ ၇ ဦး ဖမ်းဆီးခံရ
Apr 20, 2025
Cover
CI ရုံးတွေ  မကြာခင်ဖွင့်လှစ်တော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
Apr 19, 2025
Cover
အွန်လိုင်းမှ ထိုင်းဘာသာစကားသင်ကြားပေးသော မြန်မာတစ်ဦးကို ထိုင်းရဲဖမ်းဆီး
Apr 19, 2025