NEWS

တရုတ် ကို မြန်မာ လုပ်သား တရားဝင်စေလွှတ်မှုစတင်

CoverLogo
169 Views

တရုတ်နိုင်ငံ ယူနန်ပြည်နယ် လက်အောက်ရှိ တယ်ဟုန်ပြည်နယ် ကို တရားဝင် မြန်မာ အလုပ်သမား စေလွှတ်မှု စတင်နေပြီလို့ လိုင်စင်ရအေဂျင်စီ တွေ ထံ က သိရပါတယ်။

ဇွန်လ ထဲ မှာ တင်  အထည်ချုပ် လုပ်ငန်း အတွက်အယောက်  ၉၀ခန့် စတင် စေလွှတ်ခဲ့ ပြီး အချို့ လုပ်ငန်းမကျွမ်းကျင်တဲ့ အတွက် အဆင်မပြေတာတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

"တရုတ်ကို စတင် စေလွှတ်နေပြီ လေကြောင်းနဲ့ပဲ ပို့တာ၊ စက်ချုပ် နဲ့ လွှတ်လိုက်တာ အမျိုးသမီး လုပ်သားတွေ များတယ် ဒါပေမယ့် ဘာ အဆင်မပြေလဲ ဆိုတော့ ဒီဘက် မှာ စာချုပ်သင်တန်း ၁ လ လောက် တက်ပြီး သွားတဲ့ သူတွေ တပတ်လောက် တက် ပြီး သွားတဲ့ သူတွေ ဟိုဘက်ရောက်တော့  အဆင်မပြေဘူး ဒီဘက် မှာ အထည်ချုပ်စက်ရုံ တွေ မှာ တကယ် လုပ်နေတဲ့ သူတွေ စက်ချုပ်ကျွမ်းကျင်တဲ့သူတွေ က အဆင်ပြေတယ်"လို့ အေဂျင်စီ မှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

ဒါ့အပြင် တရုတ်ပြည်မ ထဲ မဟုတ်ဘဲ တယ်ဟုန် ပြည်နယ် တစ်ခု ထဲ ကိုသာ လုပ်သား စေလွှတ်ရတဲ့ အတွက် တရုတ်ဘက်က ဗီဇာ ပေးဖို့အခက်ခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

"တရုတ်ပြည်မ ထဲ က နိုင်ငံခြားသားအလုပ်သမား လိုအပ်ချက် ရှိတာ မဟုတ်ဘူးလေ အခု လိုတာက တယ်ဟုန်ပြည်နယ် တစ်ခုထဲ ဆိုတော့ သူတို့ ဘက်က အလုပ်သမား ဗီဇာ မပေးချင်ဘူး ဖြစ်နေတယ်၊ အခု ပို့လိုက်တဲ့ သူတွေက business visa နဲ့ လျှောက်ပြီး သွားကျတာ ဟိုဘက်ရောက် မှ  work permit ကတ်ပေးတာ အဲ့လိုဆိုတော့ အေဂျင်စီ တွေ အနေနဲ့  ဆက်ပြီး လုပ်သားစေလွှတ်ဖို့ အတွက် ကိုအခြေနေစောင့်ကြည့်နေရတာ"လို့
အေဂျင်စီ မှတာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

လုပ်အား ခ အနေနဲ့ နေစရိတ်စားစရိတ် ငြိမ်း ဖြင့်တစ် လကို တရုတ်ငွေ ယွမ်၁၂၀၀မှ ၂၀၀၀ခန့်ရရှိတယ်လို့ သိရပါတယ်။

တရုတ် နိုင်ငံ ကို မူဆယ် မှ တစ်ဆင့် ယာယီဖြတ်သန်းခွင့်လက်မှတ် တွေ နဲ့ ရက်သတ္တပတ် ခန့်  နေထိုင် ပြီး သွားရောက် အလုပ် လုပ်ကိုင်တာသာရှိပြီး  တရားဝင် မြန်မာ အလုပ်သမား စေလွှတ်တာ ကတော့ ယခု မှ စတင်တာဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
ရေဘေးသင့်ပြည်သူ တွေအတွက် မြန်မာသံရုံးက ထိုင်းရောက်မြန်မာ အလုပ်သမားတွေဆီ အလှူခံနေ
Sep 16, 2024
Cover
ထိုင်းဆောက်လုပ်ရေး လုပ်ငန်းခွင်မှ မြန်မာအလုပ်သမား ၅၀ ကျော် လုပ်အားခမရတဲ့အပြင် အကြောင်းမဲ့ အလုပ်ထုတ်ခံရ
Sep 16, 2024
Cover
အငှားကိုယ်ဝန်ဆောင်သည့် လူကုန်ကူးမှုများ ဖြစ်ပွားနေဟု စစ်ကောင်စီ ပြောဆို
Sep 16, 2024
Cover
ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာတွင် နယ်ခံ ၂၅ ဦးခန့် အပါဝင်​ရွှေ့​ပြောင်းလုပ်သား ၁၀၀ ဝန်းကျင် ​သေဆုံးတယ်လို့ ​ဒေသခံဆို
Sep 16, 2024
Cover
လုပ်သားအခွင့်ရေးချိုးဖောက်ခံရလို့ တိုင်ကြားမှုများပေမယ့် စစ်ဆေးအရေးယူမရဖြစ်နေဟုဆို
Sep 13, 2024
Cover
ထိုင်းနိုင်ငံတွင်  ကာလတိုသင်တန်း တက်ရောက်နေသည့် ကျောင်းသား/သူများ ကို ဗန်ကောက်နှင့်ချင်းမိုင်ရှိမြန်မာသံရုံများ တွင် PE အမျိုးစား နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း ဆောင်ရွက်မပေးတော့ဘူးလို့ သံရုံးကြေညာ
Sep 12, 2024
Cover
တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသဖြင့် မေတ္တာရိပ် မြန်မာစာသင်ကျောင်းအပါအဝင်စာသင်ကျောင်း ၆ ကျောင်းကို ထိုင်းအစိုးရက ပိတ်သိမ်း
Sep 11, 2024
Cover
ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် ကားနှစ်စီးဖြင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁၃ ဦး အဖမ်းခံရ
Sep 11, 2024