NEWS

ဇူလိုင် ၁ ရက်ကစပြီး တစ်ဦးချင်းအလိုက် ဗီဇာလျှောက်ထားသူတွေကို အွန်လိုင်းဘိုကင်စနစ် နဲ့ ဆောင်ရွက်ပေးမယ်လို့ ဂျပန်သံရုံးကြေညာ

CoverLogo
197 Views

ဂျပန်နိုင်ငံ ကို သွားရောက်ဖို့ အတွက် ရန်ကုန်ရှိ ဂျပန်သံရုံး မှာ ဗီဇာလျှောက်ထား ရာ မှာ တစ်ဦးချင်း အလိုက် ဗီဇာလျှောက်ထားတဲ့ သူတွေ ကို ဇူလိုင် ၁ရက် က စပြီး အွန်လိုင်းဘိုကင်စနစ် နဲ့ ဆောင်ရွက်ပေးတော့မယ်လို့ ဂျပန်သံရုံး က ကြေညာလိုက်ပါတယ်။

ဗီဇာလျှောက်ထားရာ မှာ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင် ဖို့  လျှောက်ထားသူ တွေ အားလုံးထံမှ ပူးပေါင်းကူညီမှုကို ရရှိပေမယ့် လျှောက်ထားသူအ‌ရေအတွက်ဟာ ပိုမိုများပြားလာတဲ့ အတွက် ဇူလိုင်လ (၁) ရက်နေ့မှစတင်ပြီး အွန်လိုင်းဘိုကင်စနစ်ကို အသုံးပြုရတာဖြစ်တယ်လို့ဆိုပါတယ်။

အဖွဲ့အလိုက်မဟုတ်တဲ့  တစ်ဦးချင်းစီအလိုက် ဗီဇာလျှောက်ထားမယ့် သူတွေဟာ  ဇူလိုင်လ (၁) ရက်နေ့မှစတင် ပြီး  Facebook၊ Telegram နှင့် ဂျပန်သံရုံးအင်တာနက်စာမျက်နှာတွင် ဖော်ပြပေးမည့် URL ကို အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ခရီးသွားကုမ္ပဏီတွေ  အလုပ်သမားအေဂျင်စီ တွေ နဲ့  ဂျပန်စာသင်တန်းကျောင်းများစတဲ့ အဖွဲ့လိုက်လျှောက်ထားခြင်းများနှင့် ပတ်သက်၍လည်း ဇူလိုင်လ အလယ်ပိုင်း မှာ  အွန်လိုင်းဘိုကင်လက်ခံခြင်းကို စတင်မယ့်ရက် အတည်ပြုပြီးပါက ထပ်မံအသိပေးကြေညာမယ်လို့ ဂျပန်သံရုံးက အသိပေးထားပါတယ်။

ကြိုတင်ဘိုကင်နှင့်ပတ်သက်ပြီး  မေးမြန်းစုံစမ်းရန် အတွက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတယ်လီဖုန်း 95-1-549644~8အီးမေးလ် ryoji@yn.mofa.go.jp တို့ကနေစုံစမ်းနိုင်တယ်လို့ ကြောညာချက်မှာ ဖေါ်ပြထားပါတယ်။


Related posts

Cover
ဂျပန် မှ မြန်မာအလုပ်သမား ၁၅၀၀ ကျော် ထပ်မံခေါ်ယူမည်
Feb 02, 2025
Cover
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်တဲ့ မြန်မာအလုပ်သမား ၁၆၉ ဦး ထပ်မံဖမ်းဆီးခံရ
Jan 31, 2025
Cover
မလေးရှားနိုင်ငံတွင် မြန်မာလုပ်သားတဦး လက်ထိခိုက် ဒဏ်ရာရ
Jan 31, 2025
Cover
ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့်အတွက်အမျိုးသား တွေကို အသက် ၁၈မှ ၃၅ အထိ ကန့်သတ်လိုက်ပြီး စာချုပ်ချုပ်ထားသူများကိုပါ OWIC ကတ်ရိုက်မပေးဘဲ ပြန်လွှတ်
Jan 30, 2025
Cover
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်တဲ့ မြန်မာလုပ်သား တရက်ထဲ တွင် ၂၀၀ နီးပါးအဖမ်းခံရ
Jan 30, 2025
Cover
မြန်မာကလေး ၁၉၀ ကျော်ပညာသင်နေတဲ့ စာသင်ကျောင်းကို ထိုင်းရဲ များဝင်ရောက်စစ်ဆေးပြီး မြန်မာဆရာ ၄ ဦး ဖမ်းဆီးခံရ
Jan 30, 2025
Cover
ကျင်မိန်အထည်ချုပ်စက်ရုံမှာ ဘာတွေ ဆက်ဖြစ်လဲ
Jan 30, 2025
Cover
MoU လုပ်သားများ စစ်မှုထမ်း ကင်းလွတ်ခွင့်၊ဆိုင်းငံ့ခွင့်ပါမှ လေဆိပ်မှ ထွက်ခွင့်ပြု
Jan 30, 2025