NEWS

YFAစက်ရုံလုပ်ငန်းရှင်ကို အလုပ်သမားတရားစွဲဆိုမှု တိုင်းတရားရုံးကစေ့စပ်ညှိနှိုင်းရန်အမိန့်ချ

CoverLogo
903 Views

ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန် မှာရှိတဲ့ YFA Yangon Fukuyama Apparel  အထည်ချုပ်စက်ရုံတာဝန်ရှိသူကိုပြောင်းလဲ တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီးတိုင်းတရားရုံးက စေ့စပ်ညှိနှိုင်းဖို့ အမိန့်ချတယ်လို့ အလုပ်သမားဘက်က လိုက်ပါကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။

" ပိုင်ရှင်ကိုယ်တိုင် လာရောက်ခြင်းမရှိဘဲ မန်နေဂျာ ဒေါ်စုမြတ်မြတ်လွင်မှ ကိုယ်စားလှယ်လွှဲစာဖြင့် အမှု့ကို လာရောက် ရင်ဆိုင်ပါတယ်။ယနေ့ရုံးချိန်းတွင် တရားသူကြီးမှ အမှုတွင်ငွေရလိုမှုပါသည့်အတွက် မေလ ၁၉ ရက် တွင် တိုင်းရုံးသို့ စေ့စပ်ညှိနှိုင်းရေး သွားရန်နှင့်အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ ရုံးရှေ့သို့ ဇွန်လ ၂၀ ရက် နေ့တွင်ပြန်လာရန် အမိန့် ချမှတ်လိုက်ပါတယ်" လို့ဆိုထားပါတယ်။

အလုပ်ရှင်ဘက်က အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ချိုးဖောက်မှု​နဲ့ပတ်သက်လို့ YFA စက်ရုံပိုင်ရှင်ကို  အလုပ်သမားဖြစ်သူ မအိပိုပိုလှိုင်ကတရားစွဲဆိုခဲ့ရာ တရုတ်နိုင်ငံသားစက်ရုံပိုင်ရှင်က မြန်မာနိုင်ငံမှာရှိမနေတာကြောင့်ဆိုပြီး ရုံးချိန်း ၅ ကြိမ်လုံး ပျက်ကွက်ခဲ့လို့ လက်ရှိစက်ရုံကို တာဝန်ယူထားသူကို ပြောင်းလဲတရားစွဲဆိုမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြီးခဲ့တဲ့ဧပြီ၂၅ရက်က ပထမဆုံးရုံးချိန်းချိန်းဆိုခဲ့ပြီး ဒီကနေ့ မေ၅ရက်နေ့ကို ပြန်လည်ချိန်းဆိုထားရာ တိုင်းတရားရုံးမှာစေ့စပ်ညှိနှိုင်းပြီး အဆင်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေ မေ၂၀ ရက်နေ့မှာ တရားရုံးသို့ပြန်လည်လာရောက်ရမယ်လို့ ချမှတ်လိုက်တယ်လို့ဆိုပါတယ်။

YFA စက်ရုံက ပြီးခဲ့တဲ့နှစ်ကုန်မှာ အလုပ်သမားမအိပိုပိုလှိုင်ကို လုပ်သက်ခွင့်ရက်တွေ ရယူပြီး အလုပ်ပျက်လို့ဆိုကာ အီးစီစာချုပ်မှာ မပါဝင်တဲ့အကြောင်းပြချက်နဲ့အလုပ်ထုတ်လို့ EC contract  အီးစီစာချုပ်ချိုးဖောက်တဲ့အတွက် ရွှေပြည်သာမြို့နယ်အလုပ်သမားရုံးက တရားစွဲဆိုခွင့်စာထုတ်ပေးပြီး အလုပ်သမားကတရားစွဲဆိုနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

#MyanmarLabourNews 
Photo-သာဓုကန်စက်မှုဇုန်ရှိ YFA စက်ရုံ။


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026