NEWS

YBS ယာဉ်များမှ  နှစ်ပတ်အတွင်း ခါးပိုက်နှိုက် ၁၀၀ ကျော် ဖမ်းမိထားဟုဆို

CoverLogo
525 Views

ရန်ကုန်တိုင်းဒေသကြီး အတွင်း ပြေးဆွဲနေတဲ့ YBS ယာဉ် လိုင်းတွေပေါ်မှာ  ခါးပိုက်နှိုက် တွေ များ ပြားနေပြီး နှစ်ပတ်အတွင်း ခါးပိုက်နှိုက်ဖမ်းဆီး ရမိတဲ့ အရေတွက် အယောက် ၁၀၀ကျော် ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီYRTC မှ သိရပါတယ်။ 

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်မှ ၃၁ရက်အထိ YBS ယာဉ် များ ပေါ် ခါးပိုက်နှိုက် တရားခံ ၁၂၀ ကို ဖမ်းမိခဲ့ ကာ သက်သေခံ အဖြစ် ကားတစ်စီး ဖုန်း၂၈၂ လုံး၊ အိတ်၁၁လုံး ၊ငွေကျပ် ၁၀သိန်း ကို သိမ်းဆည်းရမိတယ်လို့ YRTC မှ သိရပါတယ်။ 

YBS ယာဉ် တွေကို အခြေခံ လုပ်သား ပြည်သူတွေ အများ ဆုံးစီးနင်း လျက်ရှိပြီး ခရီးသွားပြည်သူတွေရဲ့ ဖုန်းတွေ ပိုက်ဆံ အိတ် စတာ တွေ နေ့စဉ်လိုလို  ခါးပိုက်နှိုက်ခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်နေပေမယ့် ပစ္စည်း ပြန်လည်ရရှိ တာတော့ အလွန် နည်းတယ်လို့ ခရီးသွားပြည်သူတွေ ထံ မှ သိရပါတယ်။ 

"" ကားပေါ်မှာ ခါးပိုက်နှိုက်ခံရလို့ ပြန်ရတဲ့ သူဆိုတာ အလွန်နည်းပါတယ် ကိုယ့်ရှေ့မှာ နှိုက်နေတာ မြင်ရင်တောင် အော်ရဲ ပြောရဲ ဖို့ က ခက်တယ် ခါးပိုက်နှိုက်တွေ က အဖွဲ့လိုက် လုပ်တာ သူတို့မှာက ဓါးတွေ လက်နက် တွေပါတယ် ဘေးကမြင်လို့ ပြောလိုက်လို့ ဓါးနဲ့ထိုးပြီး ကားပေါ်ကဆင်းပြေးသွားတာ တွေလည်းရှိတယ် ခါးပိုက်နှိုက်ခံရလို့ ရဲစခန်း တိုင်တော့ လည်း မရတာက များတယ် နိုင်ငံရေးမအေးချမ်းတော့ အခုဆိုခါးပိုက်နှိုက်တွေ ပိုများလာတယ်  အဲ့တော့ကိုယ်ပစ္စည်း ကိုယ် ပိုပြီး ဂရုစိုက် သွားလာရနေရတယ်""လို့ ခရီးသွားပြည်သူတစ်ဦးကပြောပါတယ်။ 

YBS ယာဉ်လိုင်းပေါ်တွေ မှာ လည်းခရီးသွားပြည်သူတွေ  ခါးပိုက်နှိုက်မခံရအောင်  သတိပြုနိုင်ဖို့  စတေကာ များ ကပ်ကာ သတိပေး တာတွေ ပြုလုပ်ထားသလို ယာဉ်မောင်းတွေ ကလည်း စီးနင်း သူတွေ ကို ခါးပိုက်နှိုက် တွေ ယာဉ်ပေါ် ပါလာနိုင်တဲ့ အတွက် မိမိတို့ ဖုန်းတွေ ပိုက်ဆံအိတ်တွေ ဂရုစိုက် ဖို့ သတိပေးပြောကြားတာတွေ ပြုလုပ်လျက်ရှိပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီYRTCရဲ့ ထုတ်ပြန်တဲ့စာရင်းအရ YBSယာဉ်လိုင်း ၁၃၂ မှ ယာဉ်အစီးရေ ၃၆၀၀ ကျော် ပြေးဆွဲ နေပြီး နေ့စဉ် စီးနင်းတဲ့ ခရီးသွားပြည်သူ ၁၅ သိန်းကျော် ရှိတယ် လို့ သိရပါတယ်။ 


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026