NEWS

Sky Villa ကွန်ဒို ပြိုကျမှုကြောင့် သေဆုံးသူများ အတွက် တစ်ဦး ကို သိန်း ၁၀၀ ကျပ် ပေးမည်ဟု ငလျင်လှုပ်ပြီး ၅လ အကြာတွင်ကြေညာ

CoverLogo
371 Views
 
မန္တလေး အောင်မြင်သာစံ မြို့နယ် ရှိ ငလျင်ဒဏ်ကြောင့် Sky Villa ကွန်ဒို အဆောက်အဦပြိုကျ ရာမှ သေဆုံး ခဲ့သူတွေ ကို တစ်ဦး ကို ကရုဏာကြေး အဖြစ် ကျပ်သိန်း၁၀၀ ပေးအပ်မည်ဟု ဆောက်လုပ်တဲ့ ကုမ္ပဏီက ကြေညာထားပါတယ်။
 
Sky Villa ကွန်ဒို ကို ဆောက်လုပ်တဲ့ ကုမ္ပဏီအနေနဲ့ငလျင်လှုပ်ခတ်မှုကြောင့် အဆောင်အဦ ပြိုကျမှုဖြစ်ပြီး ၅လ အကြာမှာ အခုလို သေဆုံးသူတွေ အတွက် ကရုဏာကြေး ကျပ်သိန်း ၁၀၀ စီပေးမယ်လို့ ကြေညာခြင်းဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် Sky Villa ကွန်ဒို အဆောက်အဦး ပြိုကျခဲ့ရာ ကွန်ဒို မှာ နေထိုင်သူ ၂၀၀ နီးပါး သေဆုံးခဲ့ကာ ပျောက်ဆုံးသူတွေကိုလည်း လက်ရှိအချိန်ထိ ရှာဖွေတွေ့ရှိနေဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။
 
အခုလို Sky Villa ကွန်ဒို ကို ဆောက်လုပ်တဲ့ ကုမ္ပဏီဘက်က ကရုဏာကြေးပေးခြင်းအပေါ် ကွန်ဒို အတွင်း သေဆုံးသူအချို့ရဲ့ မိသားစု ဝင်တွေက လက်ခံယူမှုမရှိဘဲ ကုမ္ပဏီဘက်က နစ်နာသူတွေ ကို မတောင်းပန်တဲ့ အတွက် မကျေနပ်မှု တွေ ဖြစ်ပေါ်လျက်ရှိပါတယ်။
 
""ကျန်ရစ်သူမိသားစုတွေ လိုချင်တာက ကွန်ဒိုတာဝန်ရှိသူတွေ ဦးဆောင်ပြီး လူအင်အားများစွာနဲ့ ကယ်ထုတ်ပေးဖို့ စိတ်ရင်းအမှန်နဲ့ ကျန်ရစ်သူမိသားစုကို တောင်းပန်ဖို့ ခုလို ၅လ ကြာမှ ကရုဏာကြေးလည်းမလိုချင်ဘူး ယူလဲယူမှာမဟုတ်ဘူး""လို့နစ်နာသူတစ်ဦးရဲ့မိသားစုဝင်ကသူရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားပါတယ်။
 
ကုမ္ပဏီဘက်မှ သေဆုံးသူတွေ အတွက် ကရုဏာကြေးကို စက်တင်ဘာ ၈ရက် နေ့မှစတင်ထောက်ပံ့ပေးအပ်မယ်လို့ ကြေညာထားပြီး သေဆုံးကြောင်းအထောင်အထားစာရွက်စာတမ်းများ နဲ့ ခိုင်လုံတဲ့ အချက်အလက် တွေနဲ့အတူ Sky Villa ယာယီကွပ်ကဲရေးရုံးမှာ ကြိုတင်လာရောက်စာရင်းပေးသွင်းဖို့ကြေညာထားပါတယ်။
 
Sky Villa ကွန်ဒိုကို ၂၀၁၇ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ငလျင်ဒဏ် ခံနိုင်အောင် ဆောက်လုပ်ထားကြောင်း ကြေညာကာ တစ်ခန်းကို သိန်း ၈၀၀၀ အထိ ဈေးခေါ် ရောင်းချခဲ့ကြောင်း သိရပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026