NEWS

Sister2Sister အဖွဲ့ဝင်တဦး နှင့် အင်တာဗျူး

CoverLogo
1.8K Views

"Sisters2sisters campaign ရဲ့ အဓိက ရည်ရွယ်ချက်က​တော့ မြန်မာနိုင်ငံမှာရှိတဲ့ လူ့အခွင့်​ရေးချိုး​ဖောက်ခံ​နေရတဲ့  အဖိနှိပ်ခံအမျိုးသမီး​အားလုံး၊ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ​တော်လှန်ညီအမတွေအားလုံးနဲ့သွေးစည်းညီညွတ်စွာရပ်တည်ရေးပဲဖြစ်ပါတယ်"မသွင်ထက်(Sister2Sister-အဖွဲ့ဝင်)

ယခင်ကရောစစ်အာဏာသိမ်းကာလမှာပါအလုပ်သမားအရေး ဖိနှိပ်ခံအမျိုးသမီးအရေးတွေအပါအဝင် ဒီမိုကရေစီတိုက်ပွဲတွေမှာတက်တက်ကြွကြွကူညီလှုပ်ရှားနေတဲ့ Sister2Sister အဖွဲ့ဝင်တဦးဖြစ်တဲ့မသွင်ထက်ကို MyanmarLabourNews ကအဖွဲ့ရဲ့ရပ်တည်ချက်နဲ့လှုပ်ရှားမှု့အခြေအနေတွေကိုဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။


MLN-Sister2Sister နဲ့အတူဒီလှုပ်ရှားမှု့တွေမှာဘယ်သူတွေပါလဲခင်ဗျ

TH-Sisters2sisters campaign ရဲ့ အဓိက ရည်ရွယ်ချက်က​တော့ မြန်မာနိုင်ငံမှာရှိတဲ့ လူ့အခွင့်​ရေးချိုး​ဖောက်ခံ​နေရတဲ့  အဖိနှိပ်ခံအမျိုးသမီး​အားလုံး၊ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ​တော်လှန်ညီအမ​တွေအားလုံးနဲ့ သွေးစည်းညီညွတ်စွာရပ်တည်​ရေးပဲဖြစ်ပါတယ်။

အမျိုးသမီးလို့​ပြောတဲ့အခါမှာ လိင်စိတ်တိမ်းညွတ်မှု မတူကွဲပြားတဲ့ LGBTQ+ ညီအမ​တွေလည်း တသားတည်းပါဝင်ပါတယ်။

MLN-ခုအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကနေစလုပ်မယ့် ၁၆ ရက်တာကမ်ပိန်းကရောဘယ်လိုလဲ။

TH- S2S အဖွဲ့က​နေ ပြည်သူ​တွေလည်းအတူပါဝင်နိုင်တဲ့ ၁၆ရက်တာတက်ကြွလှုပ်ရှားမှု ကမ်ပိန်းကို နိုဝင်ဘာလ၂၅ရက်​နေ့က​နေ ဒီဇင်ဘာ ၁၀ ရက်​နေ့အထိ ပြုလုပ်သွားဖို့ရှိပါတယ်။

ဒီကမ်ပိန်းကဆိုရင် JASS အရှေ့တောင်အာရှ အမျိုးသမီး အဖွဲ့ ရဲ့ One Day One Voice လှုပ်ရှားမှု အစိတ်အပိုင်း ဖြစ်ပြီး S2S က တင်ဆက်ဖူးတဲ့ Fight Like A Garment Worker ဆိုတဲ့ ပ​ရောဂျက်ရဲ့ Season II လှုပ်ရှားမှုလည်းဖြစ်ပါတယ်။

၁၆ ရက်တာကမ်ပိန်းအတွက် ODOV ပြည်တွင်း မိတ်ဖက် ဖြစ်တဲ့ သွေးစည်းညီညွတ်သော အလုပ်သမားများအဖွဲ့ ချုပ် -မြန်မာ (STUM) ၊ ပြည်တွင်းပြည်ပ အမျိုးသမီးရပိုင်ခွင့် ဆိုင်ရာ အစုအဖွဲ့များ နှင့်လည်း စုဖွဲ့​ဆောင်ရွက်ထားပါတယ်။


ဒီ ၁၆ ရက်အတွင်းမှာ မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံ​တွေမှာရှိတဲ့ အမျိုးသမီး အလုပ်သမ​တွေရင်ဆိုင်​နေရတဲ့ လုပ်ငန်းခွင်တွင်းအခက်ခဲ​တွေ၊ အလုပ်သမားအခွင့်​ရေးချိုး​ဖောက်ခံ​နေရမှု​တွေ၊ အလုပ်သမားထုအ​နေနဲ့ အခက်ခဲကြားက​နေ အာဏာရှင်စနစ်ကို ​​တော်လှန်​နေတဲ့ အ​ကြောင်း​တွေကို အဓိကထား​​ပြောဆိုသွားမှာပါ။

ဒါ့အပြင် ပြည်သူ​တွေအ​နေနဲ့ အထည်ချုပ်အလုပ်သမား​တွေနဲ့အတူ ရပ်တည်​​ကြောင်း ထုတ်​ဖော်​ပြောဆိုနိုင်တဲ့ အစီစဥ်လည်းရှိပါတယ်။ အ​​သေးစိတ်ကို Sisters 2 sisters​ပေ့ချ်မှာ ဝင်​ရောက်ကြည့်ရှုနိုင်ပါတယ်။


MLN-အာဏာမသိမ်းခင်နဲ့အာဏာသိမ်းပြီးအချိန်အမျိုးသမီးအရေးအလုပ်သမားအရေးအခြေအနေကရောဘယ်လိုကွဲပြားနေတယ်လို့မြင်ပါသလဲဗျ။

TH--အာဏာ မသိမ်းမီက​ရော ၊ အာဏာသိမ်းပြီး​နောက်​ရော အလုပ်သမားထုဟာ အလုပ်သမားအခွင့်​ရေး​ချိုး​ဖောက်ခံ​နေတာဖြစ်ပါတယ်။

အာဏာသိမ်းပြီး​နောက်​တော့ စက်ရုံ​တွေ ပိတ်တာနဲ့၊ ဖွင့်တဲ့စက်ရုံ​တွေကလည်း စစ်​ကောင်စီနဲ့​ပေါင်းပြီး အလုပ်သမား​တွေကို ခြိမ်း​ခြောက်တာ​တွေ ရှိလာပါတယ်။

အခုလို အာဏာရှင်စနစ်၊ကို ​တော်လှန်​တဲ့အခါမှာ အလုပ်သမား​ရေးကို ချန်ထားလို့မရ​ပါဘူး။
အလုပ်သမား​ရေးနဲ့ပတ်သက်ပြီး တက်ကြွလှုပ်ရှားမှု​တွေ ပိုကျယ်ပြန့်လာဖို့ လိုပါတယ်။

ကျွန်မတို့ S2S အဖွဲ့အစည်းအ​နေနဲ့ အလုပ်သမား​တွေရဲ့ အသံကို ပြည်သူ​တွေ ကြားနိုင်ဖို့ရည်ရွယ်ပြီး Fight Like A Garment Worker projectကို စတင်ခဲ့တာဖြစ်ပါတယ်။

အဲ့ပ​ရောဂျက်မှာဆိုရင် အထည်ချုပ်အလုပ်သမား​တွေနဲ့ အင်တာဗျူးပြီး သူတို့အ​ကြောင်း​တွေကို ရုပ်ပြဇာတ်လမ်းအဖြစ် ပုံ​ဖော် တင်ဆက်ထားတာဖြစ်ပါတယ်။  

ဒါ့အပြင် Clean Clothes Campaignလို နိုင်ငံတကာ အဖွဲ့အစည်းက​နေလည်း အဂ်လိပ်ဘာသာစကားနဲ့ပြန်လည်​ဝေမျှခဲ့ပါတယ်။

သတင်းအဖြစ်တင်မဟုတ်ဘဲ အနုပညာနဲ့​ပေါင်းစပ်တင်ဆက်တဲ့အခါ ဖတ်ရှု့သူ​တွေများတာ​တွေ့ရပြီး စာဖတ်သူအများပြားက​နေအလုပ်သမား​တွေရဲ့ အခက်ခဲ​တွေကို ပိုစာနာမိ​ကြောင်း၊ အလုပ်သမားအခွင့်​ရေးအတွက် တတ်နိုင်သ​လောက် ပါဝင်ချင်​ကြောင်း မှတ်ချက်ပြု ​ရေးသားထားတာ​တွေ​တွေ့ပါတယ်။

MLN-ဒီကိစ္စတွေမှာ sister2sister အဖွဲ့အနေနဲ့ဘာတွေဆက်လုပ်သွားဖို့ရှိလဲ။

TH-ကျွန်မတို့ယုံကြည်တာက​တော့ အလုပ်သမားထုဟာ သူတို့အခွင့်​ရေးအတွက် သူတို့ကိုယ်တိုင် အသံထွက်တောင်းဆို​နေတာကြာပါပြီ။

သူတို့အသံ​တွေ ပြည်သူ​တွေဆီ ပိုကျယ်ကျယ်ပြန့်ပြန့် ​ရောက်ဖို့အတွက် ကျွန်မတို့ S2S က​နေ အမြဲ အားဖြည့်သွားမှာဖြစ်ပါတယ်။

ခုလိုအချိန်ပေးဖြေကြားပေးတဲ့အတွက်Myanmar Labour News ကကျေးဇူးပါခင်ဗျ။


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026