NEWS

NUCC ကရေးဆွဲထားသည့်ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်မူကြမ်းကို ပြည်သူ့ညီလာခံခေါ်ယူပြီးအတည်ပြုသွားမည်

CoverLogo
1.1K Views

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု့အင်အားအစုအဖွဲ့ (၂၈) ဖွဲ့ပါဝင်ပေါင်းစပ်ထားတဲ့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှရေးဆွဲထားတဲ့ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်မူကြမ်းကိုပြည်သူ့ညီလာခံတရပ်ခေါ်ယူပြီးအတည်ပြုသွားမယ်လို့ဒီကနေ့NUCCကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတာဝန်ရှိသူတွေကပြောပါတယ်။

အဲ့ဒီ့ကိစ္စနဲ့ပတ်သက်ပြီးစစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီမှဦးမိုးသူက"ဒါကတော်လှန်ရေးကာလမှာသုံးမယ့်အခြေခံမူပေါ့၊ ဒီကနေမှတဆင့်ဖက်ဒရယ်ဒီမိုကရေစီအခြေခံဥပဒေတရပ်ပေါ်ပေါက်လာမှာပါ။ဒီမူကြမ်းမှာသက်ဆိုင်ရာလုပ်ဆောင်ရမယ့်ကိစ္စတွေကိုကော်မတီအလိုက်ဖွဲ့စည်းပြီးပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်သွားမှာပါဒီမူကြည်းအတည်ပြုဖို့လဲပြည်သူ့ညီလာခံတရပ်ခေါ်ယူသွားမှာပါ"လို့ပြောပါတယ်။

ပဋိညာဥ်မူကြမ်းကိုအတည်ပြုဖို့ပြည်သူ့ညီလာခံကိုဒီဇင်ဘာလအတွင်းပြုလုပ်သွားနိုင်ဖွယ်ရှိနေပြီး NUCC မှာမပါဝင်သေးတဲ့အဖွဲ့အစည်းတွေကိုလဲပဋိညာဥ်မူကြမ်းပေးပို့ပြီးအကြံပြုချက်တွေတောင်းခံထားတယ်လို့သိရပါတယ်။

"ခုတော့ဒီလိုပဋိညာဥ်မူကြမ်းတရပ်ပေါ်ပေါက်လာပါပြီအနာဂတ်မှာဝန်ထမ်းအလုပ်ဝန်ထမ်းလုပ်ဖို့စစ်တပ်အလုပ်စစ်တပ်လုပ်ဖို့လက်နက်နဲ့ဗိုလ်ကျစိုးမိုးတာမျိုးမရှိဖို့အတွက်ဖက်ဒရာယ်အခြေခံဥပဒေတရပ်ပေါ်ပေါက်လာတော့မှာပါကမ္ဘာ့အလည်မှာဒီတခါတော့ပြန်ခေါင်းမော့နိုင်အုံးတော့မှာပေါ့လို့ယုံကြည်ပါတယ်"လို့ကိုမင်းကိုနိုင်ကအဆိုပါအစည်းအဝေးမှာပြောပါတယ်။

ထို့အပြင် NUCC သည်စစ်အာဏာရှင်အပါအဝင်အာဏာရှင်စနစ်မှန်သမျှတိုက်ဖျက်ရေးအတွက် NUG နဲ့CRPHအပါအဝင်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကော်မရှင်များနဲ့ပါဒီမိုကရေစီဖက်ဒရယ်ပဋိညာဥ်ကိုအခြေပြုသည့်မူဝါဒရေးရာထိန်းကြောင်းရေးကိစ္စရပ်များဦးဆောင်မှု့ပေးဖို့နဲ့ပေါင်းစပ်ညှိနှိုင်းပေးဖို့ပါစုပေါင်းဆောင်မှု့နဲ့ဆက်လက်လုပ်ဆောင်သွားမယ်လို့လဲ NUCC ကဒီကနေ့သတင်းစာရှင်းပွဲမှာထုတ်ပြန်ပါတယ်။


Related posts

Cover
NUG အလုပ်သမားဝန်ကြီးဌာန အပါ ဝန်ကြီးဌာန ၃ ခုကို ပေါင်းစည်းဖွဲ့မည်
Nov 30, 2025
Cover
စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဦးအောင်ကျော်ဟိုး လှိုင်သာယာမြို့နယ်ပြည်သူ့လွှတ် တော်နေရာ အတွက် ရွေးကောက်ပွဲဝင်ပြိုင်
Nov 30, 2025
Cover
နိုင်ငံခြားသားနှင့် ထိမ်းမြားလက်ထပ်ကျမ်းကျိန်လွှာပြုလုပ်မှု စိစစ်တင်းကြပ်
Nov 30, 2025
Cover
ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံ မကာအိုဒေသမှ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များအတွက် ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာ ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့်ပြု
Nov 21, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025
Cover
ပဲခူးမြို့အတွင်း ခရီးသည်တင်ယာဉ်လိုင်းများ ဖြတ်သန်းခွင့်မပေးတော့သဖြင့် ခရီးသွားများ အခက်တွေ့
Nov 15, 2025
Cover
ရန်ကုန်မှာ တိုက်ခန်းဝယ်ယူခွင့် စာရွက်စာတမ်းအတုနဲ့ လိမ်လည်မှုတွေရှိလာ
Nov 04, 2025
Cover
ရန်ကုန်လေဆိပ်ကို ညပိုင်းအချိန် ၂လကြာပိတ်မယ်လို့ကြေညာ
Oct 30, 2025