NEWS

Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု

CoverLogo
396 Views
(News Story)
 
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် Handa 2 Yangon Garment Co.,Ltd တွင် မတ်လ (၆) ရက်နေ့မှစတင်ကာ အလုပ်သမား စုပေါင်းတောင်းဆိုမှု ပြလုပ်နေပါတယ်။ တောင်းဆိုမှုက မနက်ဖြန်ဆို ရက်သတ္တပတ် ၇ ရက်ပြည့်တော့မှာပါ။
 
အလုပ်သမား (၃,၀၀၀) ဝန်းကျင်လုပ်ကိုင်နေတဲ့ အထဲက တောင်းဆိုမှုမှာ အလုပ်သမား ၁၅၀၀ ဝန်းကျင် ပါဝင်နေပါတယ်။
 
Handa 2 စက်ရုံအရေးမှာ ထူးခြားချက်ကတော့ စက်ရုံက ဥရောပသမဂ္ဂရဲ့ စံနှုန်းတွေကို လိုက်နာရမဲ့ 'Made' အဖွဲ့ဝင် စက်ရုံ ဖြစ်ပါတယ်။ လက်တွေ့မှာတော့ လုပ်ငန်းခွင် အခွင့်အရေး ချိုးဖောက်မှုများစွာနဲ့ အလုပ်သမားတွေ ကြုံတွေ့နေရတာပါ။
 
ဘာကြောင့် ဆန္ဒပြ တောင်းဆိုရသလဲ
ဒီပဋိပက္ခရဲ့ အဓိကအကြောင်းရင်းမှာ အလုပ်ရှင်ဘက်က မမျှတတဲ့ အထည်စံချိန် တောင်းခံတာနဲ့ အလုပ်သမားတွေရဲ့ လုပ်ခလစာကို အကြောင်းမဲ့ ဖြတ်တောက်ခဲ့လို့ ဖြစ်ပါတယ်။
 
အလုပ်သမား ၃၀ ရှိတဲ့ စက်လိုင်းတစ်လိုင်းကို တစ်နာရီ အထည် (၄၀၀) ကနေ (၇၀၀) အထိ တောင်းခံလို့ အလုပ်သမားတွေ ဖိအားအများအပြားနဲ့ လုပ်ကိုင်နေရတာပါ။ ဒီလုပ်ကိုင်နေရပေမဲ့ စံချိန်ပြည့်မှ ပေးမဲ့ အထည်ကြေး ကျပ် ၁၄,၀၀၀ လည်း လစာထုတ်ချိန်မှာ အကြောင်းပြချက်အမျိုးမျိုးနဲ့ စက်ရုံဘက်က အကုန် ဖြတ်တောက်ခဲ့ပါတယ်။ ဒါက ဖိအားနဲ့ လုပ်ကိုင်ခဲ့ရတဲ့ လုပ်ခလစာကို ဖြတ်တောက်လို့ အလုပ်သမားတွေ အလွန် ထိခိုက်နစ်နာခဲ့ရတာပါ။
 
သောကြာနေ့ (မတ်လ ၆ ရက်) မှာ စက်ရုံ စက်လိုင်းဌာန ၃ ခုထဲက စက်လိုင်း ၂ ကနေ ဘက်မှ စတင် တောင်းဆိုခဲ့ပါတယ်။
 
တောင်းဆိုချက်များနှင့် လက်ရှိအခြေအနေ
တောင်းဆိုမှု အစမှာ အလုပ်သမားများက လုပ်ခလစာ တိုးမြှင့်ရေး (ဒေးကြေး ၁၂,၅၀၀ ကျပ်၊ ရက်မှန်ကြေး ၆၀,၀၀၀ ကျပ်)၊ OT ကြေး တရားမျှတစွာ ပေးရေးနှင့် ကိုယ်ဝန်ဆောင်များအား အလုပ်ဝန် လျော့ပေါ့ပေးရေး အပါအဝင် အချက် (၁၀) ချက်ကို တောင်းဆိုခဲပါတယ်။
 
အလုပ်သမားတွေက ဥပဒေနဲ့ညီတဲ့ တောင်းဆိုချက်တွေကို တောင်းဆိုခဲ့ပေမဲ့ အလုပ်ရှင်ဘက်က တုန့်ပြန်မှုက ပြင်းထန်ခဲ့ပါတယ်။ ဆန္ဒပြပွဲတွင် ဦးဆောင်သူ (၂၁) ဦးကို အလုပ်ရှင်က "ဆူပူအောင်လုပ်သည်" လို့ စွပ်စွဲကာ အလုပ်ထုတ်ပယ်ခဲ့သည်။
 
တောင်းဆိုခဲ့တဲ့ အချက်တွေကို စက်ရုံဘက်မှ ညှိနှိုင်းမပေးဘဲ့ ဦးဆောင်နေတဲ့ အလုပ်သမား ၂၁ ဦးကို မတ်လ ၁၀ ရက်နေ့တွင် အလုပ်ထုတ်ကြောင်း စာကပ်ပြီး မတ်လ ၁၁ ရက်မှာ အဲဒီ ဦးဆောင် အလုပ်သမားတွေကို စက်ရုံ အတွင်း ပေးမဝင် တော့တာပါ။
 
Made အဖွဲ့ဝင် စက်ရုံရဲ့ ဒီအပြုအမူက မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။
ဒါက အလုပ်ရှင်ရဲ့ ချိုးဖောက်မှုဖြစ်လို့ မတ်လ (၁၁) ရက်မှာ စက်ရုံဘက် အလုပ်ထုတ်ခဲ့တဲ့ ခေါင်းဆောင်တွေကို ပြန်လည်ခန့်အပ်ခဲ့ပါတယ်။
 
ခေါင်းဆောင် (၂၁) ဦးကို အလုပ် ပြန်လည်ခန့်အပ်တာက ပြဿနာ အစိတ်အပိုင်းတစ်ခုကိုသာ ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ အဓိကတောင်းဆိုချက် လစာနဲ့ လုပ်ငန်းခွင်ဆိုင်ရာ ကိစ္စရပ်တွေက ဒီကနေ့အထိ ပြေလည်မှု မရှိသေးပါဘူး။
 
ဆန္ဒပြမှုတွေကို သက်ဆိုင်ရာ အလုပ်သမားရုံက လာရောက်ဖြေရှင်းနေပေမဲ့ စက်ရုံဘက် လိုက်လျှောမှုမရှိတာက တောင်းဆိုမှု ရက်ရှည်နေတာပါ။
 
လုပ်ခလစာတိုးမြှင့်ပေးဖို့နဲ့ တရားမျှတသော လုပ်ငန်းခွင်ရရှိရေးအတွက် အလုပ်သမား တောင်းဆိုမှုမှာ ဆက်လက် တင်းမာနေဆဲ ဖြစ်ပြီး စက်ရုံ အလုပ်သမား (၃,၀၀၀) ကျော်ရဲ့ ဘဝမှာ မရေရာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
 
ဂျပန်နိုင်ငံ အခြေစိုက် Itochu Retail Link Corporation ရဲ့ အထည်တွေကို ချုပ်လုပ်နေပြီး နိုင်ငံတကာ ကျင့်ဝတ်စံနှုန်းများအတိုင်း လည်ပတ်နေတဲ့ စက်ရုံက ဒီ အလုပ်သမားတောင်းဆိုမှုကို ဘယ်လို ဖြေရှင်းပေးသွားမလဲဆို ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ကျောတခင်းအတွက် ရုန်းကန်နေရသည့် ပြည်တွင်းရွှေ့ပြောင်း အလုပ်သမားများ
Jun 24, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026