NEWS

Facebook account များ ပြန်လည်အသုံးပြုနိုင်

CoverLogo
870 Views

ပြည်တွင်းအသုံးပြုသူများနေတဲ့ facebook အပလီကေးရှင်းဟာ ယာယီရပ်နားသွားပေမယ့်လက်ရှိမှာပြန်လည်အသုံးပြုလို့ရနေပြီဖြစ်ပါတယ်။

"အကောင့်ကသုံးနေရင်းသူ့ဘာသာ Log out ဖြစ်သွားတယ်။password တွေပြန်ထည့်ပြီးဝင်လည်းမရဘူး။အစဘာများဖြစ်လဲစိတ်ပူသွားတယ်။အခုတော့တစ်ခြားနိုင်ငံတွေမှာလည်းဖြစ်တယ်လို့ပြောသံကြားတယ်။အခုတော့ပြန်ရနေပြီ"လို့ အသုံးပြုသူတစ်ဦးကပြောပါ‌တယ်။

ဒီလို facebook application ယာယီရပ်နားသွားတာဟာ မတ်လ ၅ ရက်ညဆယ်နာရီဝန်းကျင်မှာဖြစ်ပေါ်ခဲ့တာဖြစ်ပြီး instagram စတာတွေပါရပ်နားခဲ့တာဖြစ်ပါတယ်။အခုတော့ မြန်မာစံတော်ချိန် ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ ပြန်လည် အသုံးပြုလို့ရနေတာဖြစ်ပြီး အချို့ အကောင့်တွေကတော့ အသုံးပြုလို့မရသေးတာတွေလည်းရှိနေပါသေးတယ်။

"အစကဂျပုယုတ်မာပြန်ပြီလားပေါ့။အခုတော့တစ်ကမ္ဘာလုံးဖြစ်တာဆိုမှစိတ်အေးရတယ် ခုတော့ပြန်ရပါပြီ မက်ဆင်ဂျာလည်းပြန်ရပြီ "လို့သူကပြောပါတယ်။

ပြည်တွင်းမှာ စီးပွားရေးလုပ်ငန်းအများစုဟာ လူမှုကွန်ယက် စာမျက်နှာ တွေအသုံးပြုပြီးရောင်းချနေတာဖြစ်ပြီး လက်ရှိမှာမကြာခဏဆိုသလိုအင်တာနက်လိုင်းမကောင်းတဲ့အခြေအနေတွေလည်းဖြစ်ပေါ်နေပါတယ်။

#MyanmarLabourNews 


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026