NEWS

CNG သုံး Taxiယာဉ်များ ငှားရမ်းခ တိုးမြှင့်တောင်းခံပါက တိုင်ကြားနိုင်ဟုဆို

CoverLogo
202 Views
 
CNG သုံး Taxi ယာဉ်များအနေဖြင့်ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်းကြီးမြင့်မှုကို အခွင့်အရေးယူ၍ ငှားရမ်းခတိုးမြှင့်တောင်းခံခြင်းများ ပြုလုပ်ပါက ပြည်သူတွေအနေဖြင့် တိုင်ကြားနိုင်တယ်လို့ စစ်ကော်မရှင် လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ပြောပါတယ်။
 
မတ်လ ၁၅ရက်က စွမ်းအင်ဝန်ကြီးဌာန မှာ ကျင်းပတဲ့ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) အရောင်းဆိုင်များမှ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့များ ရောင်းချပေးလျက်ရှိရာ ပြည်သူများ အမှန်တကယ်အကျိုးခံစားခွင့်ရရှိစေ ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အခုလို ပြောခဲ့တာ ဖြစ်ကြောင်းသိရပါတယ်။
 
CNG Taxi သုံးယာဉ်များကို စီးနင်းကြ တဲ့ ပြည်သူများအနေနဲ့ ငှားရမ်းခတိုးမြှင့်တောင်းခံခြင်းများ ကြုံတွေ့ရ၍ တိုင်ကြားလာပါက၎င်း ဈေးတိုးမြှင့်တောင်းခံတဲ့ ယာဉ်ကို CNG သုံးစွဲခွင့်စာရင်းမှ ပယ်ဖျက်၍ သုံးစွဲခွင့်တောင်းခံထားသည့် အခြားမော်တော်ယာဉ်များကို ခွင့်ပြုပေးသွားမည်ဖြစ်တယ်လို့ ဆိုပါတယ်။
 
စွမ်းအင်ဝန်ကြီးဌာန အနေနဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အရေးပါတဲ့ YBS ယာဉ်များနှင့် Taxi ယာဉ်များ ကို သဘာဝဓာတ်ငွေ့ (CNG) ၁ ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ၂၀၀၇ ခုနှစ်မှစ၍ ရောင်းချပေးရာ ၎င်း ဈေးနှုန်းဟာ နိုင်ငံတကာဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် သက်သာနေတယ်လို့ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ပြောပါတယ်။
 
စက်စွမ်းအားတူညီတဲ့ မော်တော်ယာဉ်များတွင် ဓာတ်ဆီ၊ ဒီဇယ်နှင့် CNG တို့အား တူညီခရီးအကွာအဝေးအတွက် လောင်စာဆီကုန်ကျစရိတ်ကို နှိုင်းယှဉ်ပါက CNG သည် သုံးပုံတစ်ပုံခန့်သာကုန်ကျတယ်လို့ သိရပါတယ်။
 
ဒါကြောင့် CNG Taxi သုံးယာဉ်များကို စီးနင်းကြတဲ့ ပြည်သူတွေ အနေဖြင့် ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်းကြီးမြင့်မှုကို အခွင့်အရေးယူ၍ ငှားရမ်းခတိုးမြှင့်တောင်းခံခြင်းများ ကြုံတွေ့ရ၍ တိုင်ကြားလာပါက CNG သုံးစွဲခွင့်စာရင်းမှ ပယ်ဖျက်၍ သုံးစွဲခွင့်တောင်းခံထားသည့် အခြားမော်တော်ယာဉ်များကို ခွင့်ပြုပေးသွားမည်ဖြစ်သလို YBS ယာဉ်များအနေဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ခွင့်ပြုထားတဲ့ လမ်းကြောင်းများအတွင်း ၌သာမောင်းနှင်၍ ဝန်ဆောင်မှုကြရန်၊မကြာမီအချိန်အတွင်း CNG အသုံးပြုနေသည့် မော်တော်ယာဉ်များ တွင် Metering စနစ်တပ်ဆင်ခြင်း၊ နည်းပညာအသုံးပြု၍ ထိန်းချုပ်ဖြန့်ဖြူးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026