NEWS

BED နောက်ဆုံးနှစ်ကျောင်းသူ တစ်ဦးတည်းရှိနေချိန် ရွှေဂွန်းရဲတပ်ဖွဲ့နဲ့ ဖါးအံရဲတပ်ဖွဲ့ပူးပေါင်းတို့ရဲ့ ဖမ်းဆီးခြင်းကို ခံရ

CoverLogo
1.4K Views

MyanmarLabourNews

နိုဝင်ဘာ ၇

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ရွှေဂွန်းတိုက်နယ် ရွာသစ်(၁)က  BEd နောက်ဆုံးနှစ် ကျောင်းသူ မထူးစံအောင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF တွေကိုကူညီပေးနေသူလို့ ဆိုကာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ရက်နေ့ မနက်ကရွှေဂွန်းရဲတပ်ဖွဲ့နဲ့ ဖါးအံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီ ဖမ်းဆီးခံရတယ်လို့ ကေအိုင်စီ ကရင့်သတင်းစဉ်ရဲ့ သတင်းထုတ်ပြန်ချက်က သိရပ့ါတယ်။

ဒေသအတွင်း စစ်ကောင်စီက ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးနဲ့ သတင်းပေးဒလန်တို့ကြောင့်  မနေ့ ကမနက် (၆)နာရီဝန်းကျင်က သူမ၏နေအိမ်မှာ ဝင်ရောက်ဖမ်းဆီး သွားခဲ့တာလို့ ဆိုပါတယ်။

“သူတို့မိသားစုဝင်တွေက ဈေးကြီးမှာ ဈေးဆိုင်ဖွင့်ထားတော့ အကုန်လုံးဈေးသွားကြတယ်။ သူအိမ်မှာ တစ်ယောက်ထဲရှိနေတဲ့အချိန် ဖားအံက ရဲနဲ့ ရွှေဂွန်းက ရဲတွေ လာဖမ်းတယ်။ အင်အား တော့များတယ်။ ရွှေဂွန်း အုပ်ချုပ်ရေးမှူး ဟိန်းဇာစိုးနဲ့ ရပ်ကွက်က ဒလန်တွေတိုင်လိုက်တာ။ သူကလိုင်းပေါ်မှာ PDF တွေကို ကူညီနေပေးတယ်ဆိုပြီးတော့ စွပ်စွဲဖမ်းသွားတာ။ သူ့ဖုန်းနဲ့ Laptop ကိုလည်း သိမ်းသွားတယ်။ သူ့ကိုတော့ အခု ဖားအံကို ခေါ်သွားလိုက်ပြီ။”လို့ သိရပါတယ်။

ဒါအပြင် လက်ရှိအချိန်ထိ  မိသားစုဝင်များမှ သူမနှင့်အဆက်အသွယ်မရရှိသေးဘူးလို့လည်း ဆိုပါတယ်။

လှိုင်းဘွဲမြို့နယ် ရွှေဂွန်းတိုက်နယ်မှာ ပြီးခဲ့တဲ့ မေလက 'စစ်ကျွန်ပညာရေးအလိုမရှိ' စာသားတွေကို စာသင်ကျောင်းတွေမှာ လိုက်ကပ်တယ်လို့ စွပ်စွဲပြီးလူငယ် ၃ ဦးကို စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးတာမျိုး ရှိဖူးတယ်လို့ သိရပါတယ်။

သတင်း CJ
#MyanmarLabourNews


Related posts

Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026
Cover
အလုပ်ကိုင်အခွင့်အလမ်း ၂၅၀၀ခန့်ရရှိမည့် လုပ်ငန်းအသစ် ၁၇ခု ကို စစ်ကော်မရှင် ခွင့်ပြု
Feb 27, 2026
Cover
ရန်ကုန်ရှိ ဖင်လန်သံရုံး ဖေဖေါ်ဝါရီ ၂၈ ရက်မှ စတင်ပိတ်သိမ်းမည်။
Feb 25, 2026
Cover
မှတ်ပုံတင်အတု ဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှုများရှိနေဟုဆို
Feb 21, 2026