ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်မြို့ ၊အမှတ် ၁၃ရပ်ကွက်၊ မဥ္ဇူလမ်းရှိ HuaboTimes အထည်ချုပ်စက်ရုံတွင် အလုပ်သမားတွေ ဆန္ဒမပါဘဲ ခြိမ်းခြောက်ကာ OT - အချိန်ပို အတင်းအကြပ်ဆင်းခိုင်းနေတယ်လို့သိရပါတယ်။
" စက်ရုံမှာ OT တွေကို တနဂ်နွေနေ့ ခေါ်တဲ့အပတ်တိုင်း မဖြစ်မနေဆင်းပေးရမယ်၊ မဆင်းလို့မရဘူး၊ ငြင်းလို့မရဘူး၊ မဆင်းရင် All Super(လိုင်းကြီးကြပ်ရေး)တွေက ခေါ်တုတ်တယ်၊ ညဘက်ဆိုလဲ ၈နာရီ၁၅ထိ OTဆင်းရတယ် ခုလို နိုင်ငံရေးမကောင်းတဲ့ချိန် ညဘတ်ထိ OT တွေဆင်းနေရတဲ့အတွက် ညီမတို့အတွက် အန္တရာယ်များသလို မိဘတွေကလဲစိတ်မချဘူး၊ စစ်တပ်စစ်ဆေးရေးဂိတ်တွေကိုလဲ ညဘက်ဖြတ်ပြန်ရတာ အဆင်မပြေဘူး မဆင်းလို့ကလည်းမရလို့ ညီမတို့မှာ အခတ်တွေ့နေရတယ်"လို့ အဆိုပါစက်ရုံမှ ဝန်ထမ်းတစ်ဦးကပြောပါတယ်။
အဆိုပါစက်ရုံဟာ Only, ZARA စတဲ့ အမှတ်တံဆိပ်တွေကို အဓိကချုပ်နေပြီး လူဦးရေ ၁၀၀၀ ဝန်းကျင်နဲ့လည်ပတ်နေတယ်လို့သိရပါတယ်။
တနဂ်နွေ OT ဆင်းရတဲ့ ရက်တွေမှာ မနက် ၇ နာရီခွဲကနေ ညနေ ၄နာရီထိဆင်းရတာဖြစ်ပြီး ၉၆၀၀ ကျပ်ကို လက်ငင်းရှင်းပေးတာဖြစ်ပြီး တစ်လလျင် တနဂ်နွေ ၄ ရက်မှာ ၃ရက်လောက်ဆင်းရတာရှိတယ်လို့ သိရပါတယ်။
"ဒီအတွက် ကျန်းမာရေးထိခိုက်တယ် အရမ်းပင်ပန်းတယ် သာရေးနာရေး မိသားစုအရေး ဘာမှ မလုပ်ရဘူးဖြစ်တယ် ကျန်းမားရေးထိခိုက်ပြီး အလုပ်ထဲနေမကောင်းဖြစ်ရင် ခွင့်မပြောနဲ့ ဂိတ်ပတ်တောင်မပေးဘူး"လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။
အလုပ်သမားတွေကို ယခုလိုဖိအားပေးကာ မဖြစ်မနေ အချိန်ပိုဆင်းခိုင်းနေတာဟာ သင်္ကြန်ကာလမတိုင်မီကနေ လက်ရှိအချိန်ထိခေါ်ယူနေတာဖြစ်တယ်လို့ဆိုပါတယ်။
#MyanmarLabourNews
NEWS
တနင်္ဂနွေနေ့များတွင် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို အတင်းကြပ်ဆင်းခိုင်းနေ


1K Views
Related posts

Myanto အထည်ချုပ် ပယ်ထည် တခါကျ ကျပ် ထောင့်ငါးရာဖြတ်
Mar 15, 2025

GTIT Easter Garment စက်ရုံ ရုံးပိတ်ရက် အချိန်ပို ဆက်တိုက် ခိုင်း
Mar 15, 2025

SDI အထည်ချုပ် စစ်တပ် တပ်စွဲထားပြီး HR မှ ခြိမ်းခြောက်ခိုင်းစေ
Mar 15, 2025

ဘန်ကောက် ရှိ ဆောက်လုပ်ဆဲ မိုးပျံတံတား ပြိုကျမှု ကြောင့်သေဆုံးသူများတွင် မြန်မာအလုပ်သမား၂ ဦးပါဝင်
Mar 15, 2025

အထောက်အထားမပြည့်စုံတဲ့ မြန်မာလုပ်သား တွေကို ဖမ်းဆီးပြီး စစ်ကောင်စီထံ ပြန်မပို့ဖို့ ထိုင်းသံရုံးထံအိတ်ဖွင့်ပေးစာပေးပို့
Mar 15, 2025

HUNTER TEXTILE စက်ရုံ သင်္ကြန်ပိတ်ရက် အတွက် ရက်အစားထိုး လုပ်ကိုင်ခိုင်းနေ
Mar 15, 2025

အများပြည်သူအလုပ်ပိတ်ရက်တွင် ခိုင်းစေမှုတွေ ရှိနေ
Mar 15, 2025

New Plus စက်ရုံ အစားထိုး ပိတ်ရက် တဖက်သတ် ဆုံးဖြတ်
Mar 14, 2025