NEWS

အချိန်ပိုခိုင်းစေသော်လည်း လုပ်ခလစာကို ဥပဒေနှင့်အညီ ပေးချေမှုမရှိဟုဆို

CoverLogo
1.3K Views

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဆိပ်ကမ်းသာလမ်း  တွင် ဖွင့်လှစ် ထားတဲ့ တရုတ်နိုင်ငံသားပိုင် TIANJIN Fashion Milestone အထည်ချုပ်စက်ရုံတွင် အလုပ်သမားများကို အချိန်ပိုများ ခေါ်ယူနေသော်လည်း ဥပဒေနှင့်အညီ လုပ်ခလစာပေးချေမှု မရှိကြောင်း ယင်းအလုပ်သမားများထံမှ သိရပါတယ်။ စက်ရုံကို  အလုပ်သမားအင်အား (၈၀၀) ကျော်ဖြင့် လုပ်ငန်းလည်ပတ်နေတယ်လို့ ဆိုပါတယ်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စက်ရုံအလုပ်သမားတစ်ဦးက “အခုက အစိုးရ ရုံးပိတ်ရက်တွေ ၊ တနင်္ဂနွေနေ့တွေကို အချိန်ပိုတွေခေါ်တယ်။ အချိန်ပိုကြေးကိုတော့ ဥပဒေအတိုင်း မပေးဘူး။ နောက်ပြီးတော့ အစမ်းခန့်ကာလ ပြည့်ပြီးတဲ့ ဝန်ထမ်းတွေကိုလည်း အတည်ပြုဝန်ထမ်း မခန့်ပေးဘူး။ နေ့စားပဲ ဆက်ထားတယ်” လို့ ဆိုပါတယ်။

နိုင်ငံရေးမတည်ငြိမ်သည့် ကာလအတွင်း စက်ရုံတာဝန်ရှိသူများက အလုပ်သမားအင်အား၏ ထက်ဝက်နီးပါးကို နေ့စားလုပ်သားများ အဖြစ်သာခန့်ထားတာဖြစ်တယ်လို့ သိရပါတယ်။

“ဒီကာလမှာ အချိန်ပိုတွေ‌ကို နေ့တိုင်းလိုလို ခေါ်နေတယ်။ တစ်ခါတစ်လေ သွားလာရေး အခက်အခဲကြောင့် မဆင်းချင်ဘူး။ အချိန်ပိုဆင်းလည်း လစာကိုဥပဒေအတိုင်း နှစ်ဆမပေးဘဲ ခိုင်းတယ်။။ သူတို့ဘက်က အလုပ်ထုတ် တာတွေလည်း ရှိနေတော့ မဖြစ်မနေ ဆင်းနေရတယ်” ဟု ၎င်းက ထပ်ပြောပါတယ်။

ယင်းအခြေအနေနှင့် ပတ်သက်ပြီး TIANJIN Fashion Milestone အထည်ချုပ်စက်ရုံ အလုပ်သမားများက နေ့စားဝန်ထမ်းများကို အတည်ပြုဝန်ထမ်းအဖြစ် ခန့်အပ်ပေးရန်နှင့် အချိန်ပိုများ ခေါ်ယူပါက ဥပဒေနှင့်အညီ လုပ်ခလစာပေးချေပေးရန် လိုလားနေတာဖြစ်တယ်လို့ ဆိုပါတယ်။


Related posts

Cover
Great Glowin (JW) နှင့် Glowin & Win (ADK)စက်ရုံလုပ်သားများ အခွင့်အရေး ချိုးဖောက်ခံနေရခြင်းနှင့် လုပ်ငန်းခွင် ဖိနှိပ်မှုများ
Aug 20, 2025
Cover
လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်ခံရမှုတွေ ဖြေရှင်းပေးဖို့လိုလားနေ
Aug 19, 2025
Cover
New Plus အထည်ချုပ်စက်ရုံ ခွဲခြားဆက်ဆံမှုများ တင်ပြခြင်း
Aug 19, 2025
Cover
အလုပ်ချိန်အလွန်အကျွံခိုင်းစေမှု ဖြေရှင်းပေးစေလိုဟုဆို
Aug 18, 2025
Cover
Sioen Myanmar စက်ရုံပိုင်ရှင်ထံသို့ အိတ်ဖွင့်ပေးစာ
Aug 18, 2025
Cover
Tianjin Fashion Milestone လုပ်သားများအား အထည် ထမ်းတင်ခိုင်း_
Aug 17, 2025
Cover
Hope One မှာ ဖယ်ရီအဆင်မပြေ
Aug 17, 2025
Cover
အခွင့်အရေးချိုးဖောက်ခံရမှုတွေဖြေရှင်းပေးဖို့ အလုပ်သမားတွေပြော
Aug 17, 2025