NEWS

၅နှစ် သက်တမ်း ဗီဇာ စိစစ်ခွင့်ပြုမည်ဟု တရုတ်သံရုံး အသိပေး

CoverLogo
108 Views
 
ဗီဇာသက်တမ်း ၅နှစ်အထိ သက်တမ်းရှည်ရှိပြီးနေထိုင်ခွင့်ကာလ ရက်ပေါင်း ၁၈၀ ရှိ ဗီဇာ အမျိုးအစား တစ်ခုကို စိစစ်ခွင့်ပြုပေးသွားဖိုရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးအနေက အသိပေးထားပါတယ်။ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ မြန်မာ့စီးပွားရေး လုပ်ငန်းရှင် တွေကို ၂၀၂၅ ခုနှစ် ဇွန် ၉ ရက် က စပြီး စိစစ်ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။
 
"သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ မြန်မာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အိမ်ထောင်ဖက်တွေ၊ သားသမီးတွေ အတွက် အကြိမ်များစွာ ဝင်ထွက်သွားလာနိုင်မယ့် (Multiple Entry) နဲ့ အရှည်ဆုံး ဗီဇာသက်တမ်း ၅ နှစ်ထိ၊ အရှည်ဆုံးနေထိုင်ခွင့်ကာလ ၁၈၀ ရက် ရှိတဲ့ တရုတ်နိုင်ငံဗီဇာအမျိုးအစားတွေကို ၂၀၂၅ ခုနှစ် ဇွန် ၉ ရက် က စတင်ပြီး စိစစ်ခွင့်ပြုသွားမှာဖြစ်ပါတယ် " လို အာဆီယံဗီဇာ လျှောက်ထားခြင်း အသိပေးချက်ကို သံရုံးက‌ ထုတ်ပြန်ထားတာပါ။
 
ခွင့်ပြုပေးမယ့် ဒီ ဗီဇာအမျိုးအစားက အရင် နေထိုင်ခွင့် ရက်၉၀ သုံးလနီးပါးထက် စီးပွားရေး လုပ်ငန်းရှင်တွေကို ခွင့်ပြုပေးတဲ့ အရှည်ကြာဆုံး အာဆီယံဗီဇာအမျိုးအစားဖြစ်တယ်လို့ ဆိုပါတယ်။
 
လျှောက်ထားလိုသူတွေအနေနဲ့ တရုတ်သံရုံးဖုန်း_ 0095-9894853188 သို ရုံးတက်ရက် နေ့လယ် ၂ နာရီကနေ ညနေ ၆ နာရီထိ အီးမေးလ် _yangon@csm.mfa.gov.cn နဲ့ မန္တလေးကောင်စစ်ဝန်ချုပ်ရုံး ဖုန်း : 0095-9401470875 , 001070230 ကို ရုံးတက်ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီ ၃၀ မိနစ်အထိ အီးမေးလ်: mandalay@csm.mfa.gov.cn တွေကို စုံစမ်းလျှောက်ထား နိုင်တယ်လို့ သိရပါတယ်။

Related posts

Cover
အမျိုးသမီးငယ်အား ငွေကြေးမက်လုံးပေးပြီး တရုတ်မယားအဖြစ် ရောင်းစားရန် လုပ်ဆောင်သူများကို ထောင်ဒဏ်နှစ်၂၀စီ ချမှတ်
Jun 11, 2025
Cover
၂၄ နာရီ အတွင်း ပဲခူးမြစ်ရေ ၅ ပေကျော်ထိ မြင့်လာမည်ဟု မိုးဇလထုတ်ပြန်
Jun 10, 2025
Cover
ညောင်တုန်းတွင် ကမ်းပါးပြိုကျသဖြင့် လူနေအိမ်အလုံး၂၀ ​ရေထဲမျောပါ
May 27, 2025
Cover
နိုင်ငံကူးလက်မှတ်အတုပြုလုပ်ပါက အရေးယူမည်ဟု မြန်မာသံရုံး ကြေညာ
May 27, 2025
Cover
ညစ်ညမ်းဗီဒီယိုရိုက်ကူးတဲ့ တရုတ်နိုင်ငံသားတွေကို အလုပ်နှင့်ထောင်ဒဏ် နှစ် ၃၀ စီချ
May 27, 2025
Cover
လူသုံးကုန်ပစ္စည်းအချို့ဈေးမြင့်တက်မှုကြောင့် ပြုပြင်ရေးလုပ်ငန်းငယ်များ ပြန်လည်လုပ်ကိုင်လာ
May 22, 2025
Cover
မြန်မာငွေ ၁ကျပ်တန်နှင့် ၂၀ကျပ်တန်များအား ပင်စင်ထုတ်ပေး
May 22, 2025
Cover
မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကြွေးဟောင်းကျေ မှ ထုတ်ချေးမယ်လို့အသိပေး
May 22, 2025