NEWS

၂ ရက်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့်ဆေးရုံတက်လူနာ ၁၀၀ ကျော်လာ

CoverLogo
430 Views

ရန်ကုန်တိုင်းဒေသကြီး အတွင်း ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားတာကြောင့်  နှစ်ရက် အတွင်း မှာ တင် ဆေးရုံ တက်ရောက် ကုသနေရတဲ့ လူနာ ၁၀၀ကျော် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇူလိုင် ၇ ရက်က ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရောက် ကုသ သူလူနာသစ် ၄၄ ယောက်ရှိပြီး ဇူလိုင် ၆ ရက်က လူနာသစ် ၆၃ ယောက်ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၇ရက် နေ့ က ဆေးရုံတက် လူနာ ၄၄ဦး ထဲ မှ နှစ်ဦး မှာ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပွားဖြစ်ပွားတဲ့ လူနာ တွေ ဖြစ်ပြီး ကျန်၄၂ဦးမှာ သာမန်ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွား လူနာတွေ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ ဇူလိုင် ၄ ရက်ကနေ ၆ ရက်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်လူနာ မြင့်တက်ခဲ့ပေမယ့် အများစုမှာ သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားတဲ့လူနာတွေသာဖြစ်တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

"ဝမ်းပျက်ဝမ်းလျှောရောဂါတွေ အဖြစ်များတဲ့ အတွက် ဂရုစိုက်ဖို့ ရပ်ကွက်ထဲ အသံ ချဲ့စက်နဲ့ လိုက်အော်တယ်   ကိုယ်တွေ လဲ ပြင်ပအစားသောက်မစားမိအောင်နေတယ် ရေကိုကျိုချက်ပြီးသောက် တယ် အခုလို စားဝတ်နေရေးကြပ်တည်းနေတဲ့ အချိန် အခုလို ရောဂါ တွေ ဖြစ်လာတော့ ပြည်သူတွေအတွက် ဒုက္ခပေါ်ဒုက္ခ ဆင့်သလိုပါဘဲ အတတ်နိုင်ဆုံး မဖြစ်အောင် ကိုယ့်ကိုကိုယ် ကာကွယ်ရမှာပဲလေ" လို့ အင်းစိန်မြို့နယ် နေသူတစ်ဦးကပြောပါတယ်။

ဝမ်းပျက်၊ ဝမ်းလျှော ရောဂါ ကြောင့် သေဆုံး တာ တွေ ရှိတယ်လို့ဒေသခံတွေထံကသိရပေမယ့်  စစ်ကောင်စီ ဘက်ကတော့  ဝမ်းပျက်ဝမ်းလျှာရောဂါ ဖြစ်ပွားသူတွေ ထဲ က ကာလဝမ်းရောဂါပိုး ယနေ့အထိ စစ်ဆေးတွေ့ရှိတာ ငါးဦးရှိပြီး ဝမ်းပျက်ဝမ်းလျောရောဂါကြောင့်သေဆုံးသူမရှိဘဲ တစ်ဦးမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့်မဟုတ်ဘဲ နဂို ခုခံအားကျဆင်းမှုရောဂါ အခံ ရှိတဲ့ အတွက်သေဆုံးခြင်းဖြစ်တယ်လို့ စစ်ကောင်စီ၊ တာ၀န်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားပါတယ်။

လက်ရှိမှာတော့ ရောဂါဖြစ်ပွားတဲ့ မြို့နယ်၊ ရပ်ကွက်၊ နေအိမ်တွေအထိ ကွင်းဆင်းပြီး လူနာတွေ့ရှိရာနေရာကို ဦးတည်ကာကွယ်ထိန်းချုပ်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ ကူးစက်တဲ့ဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးမေးမြန်းတာ၊ ရောဂါ ပိုးထိန်းချုပ်တာ၊ အနီးကပ်ထိတွေ့သူတွေကို ကုသမှုပေးတာ၊ အနီးဝန်းကျင်မှာ လူနာသစ်ရှာဖွေတာ၊ ကျန်းမာရေး အသိပညာပေးတာ၊ သောက်သုံးရေသန့်ရှင်းရေးအတွက် ကလိုရင်းခတ်တာ၊ ရေသန့်ဆေးပြားတွေဝေတာ၊ အစား အစာသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတယ်လို့ ကျန်းမာရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။


Related posts

Cover
တစ်အိမ်တစ်ယောက်မဲစာရင်း လာကြည့်ဖို့ စစ်ကော်မရှင်ရဲ့ UEC ဖိတ်ခေါ်
Oct 01, 2025
Cover
အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသများကို ဖြတ်ကျော်နိုင်ဟုမိုး/ဇလထုတ်ပြန်
Sep 29, 2025
Cover
အပူပိုင်းမုန်တိုင်း "ဘူအလွိုင်" ကြောင့် တိုင်းနှင့်ပြည်နယ်များတွင် အောက်တိုဘာ ၂ရက် အထိ မိုးကြီးနိုင်
Sep 28, 2025
Cover
ငမိုးရိပ်ရေလှောင်တမံ ရေပြည့်မှတ်ရောက်ရန် ပေဝက်ခန့်သာ လိုတော့ဟုဆည်မြောင်းဝန်ကြီးဌာနအသိပေး
Sep 26, 2025
Cover
ပါရာစီတမော သောက်သုံးမှု မူလညွှန်ကြားချက်မပြောင်းလဲဘူးလို့ ကမ္ဘာကျန်းမာရေးအဖွဲ့ထုတ်ပြန်ထား
Sep 24, 2025
Cover
စစ်တောင်း၊ ပဲခူး၊ သံလွင်နှင့်ဘီလင်းမြစ် တို့ ၆နာရီမှ ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်ရောက်ရှိမည်ဟု မိုးဇလ အသိပေး
Sep 24, 2025
Cover
တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ အရှိန်ကြောင့် နေရာအနှံ့ မိုးကြီးမှု သတိပြုရန်လို
Sep 22, 2025
Cover
ဒိုက်ဦးနှင့် သာယာ၀တီအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူများ အရေပြားကူးစက်ရောဂါ ဆိုးရွားစွာခံစားနေရဟုဆို
Sep 17, 2025