NEWS

၁၁နှစ်အတွင်း အလုပ်အကိုင် ၇၁မျိုးအတွက် ကျွမ်းကျင်လုပ်သား ၄၀၀၀၀ ကျော် ကို အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခဲ့ဟု ဆို

CoverLogo
280 Views
 
၂၀၁၄ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ အလုပ်အကိုင် အမျိုးအစား ၇၁မျိုးအတွက် ကျွမ်းကျင်လုပ်သား လုပ်သား ၄၀၀၀၀ ကျော်ကို အသိအမှတ် ပြုနိုင်ခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။
 
၂၀၂၅ခုနှစ် ဒီဇင်ဘာ (၂၉)ရက်က ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)ရဲ့ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားမှာ ဦးဝင်းရှိန်က အခုလို ပြောကြားခဲ့တာပါ။
 
အလုပ်အကိုင်အမျိုးအစား (၇၁)မျိုးအတွက် ကျွမ်းကျင်မှုစံ ၁၀၄ မျိုးကို အတည်ပြုပြဋ္ဌာန်းထားပြီး ၂၀၁၄ ခုနှစ် ကနေ ၂၀၂၅ ခုနှစ်အထိ လုပ်သား ၄၁၁၇၉ ယောက်ကို ကျွမ်းကျင်လုပ်သားအဖြစ် အသိအမှတ်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
အလုပ်သမားဝန်ကြီးဌာန မှ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA) ကို ၂၀၁၄ ခုနှစ်မှာ စတင် ဆောင်ရွက်ခဲ့ ပြီး အထည်ချုပ်၊လျှပ်စစ်၊ဂဟေ၊အုတ်စီ၊အသေးစား စက်ပြင်၊အိမ်ခန်းဆောင် ထိန်းသိမ်းရေး၊လေအေးပေးစက် ပြုပြင် တပ်ဆင်ရေး နဲ့ မိရိုးဖလာ ရိုးရာအမွေအနှစ် အလုပ်အကိုင် လုပ်ငန်း တွေ စတဲ့ အလုပ်အမျိုးအစား တွေ အတွက် ကျွမ်းကျင် လုပ်သားတွေ မွေးထုတ်ပေးလျက်ရှိကြောင်း သိရပါတယ်။
 
ကျွမ်းကျင်မှုစံ (NSSA)လက်မှတ် ရရှိထားတဲ့ လုပ်သားတွေ အနေနဲ့ ပြည်တွင်း လုပ်ငန်း တွေမှာ အလုပ်အကိုင်အခွင့်လမ်းနဲ့ လုပ်ခလစာ ပိုမိုရရှိသလို ပြည်ပ အလုပ်အကိုင် အတွက်လည်း အထောက်အကူ ဖြစ်တယ် လို့ သိရပါတယ်။
 

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026