NEWS

ဩဂုတ်လ ပထမပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်

CoverLogo
122 Views

Myanmar Labour News မှာ ပြီးခဲ့တဲ့ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ ပြည်တွင်း၊ ပြည်ပ အလုပ်သမားအခွင့်အရေးဆိုင်ရာ သတင်းတွေ၊  ရွှေ့ပြောင်းလုပ်သားရေးရာ သတင်းတွေနဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့သတင်းတွေကို အနှစ်ချုပ်ပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီလိုတစ်ပတ်တာသတင်းတွေကို စုစည်းဖော်ပြရတဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူတွေ၊ အလုပ်သမားတွေ တွေ့ကြုံနေရတဲ့ အခြေအနေတွေကို တစ်စုတစ်စည်းတည်း အချိန်တိုတွင်း သိရှိနိုင်ဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။

ဇူလိုင်လ (၂၈) ရက်

Tristate Myanmar အထည်ချုပ်စက်ရုံမှာ နားရက်ပိတ်ရက် မပေးဘဲ အလုပ်ခေါ်ယူနေတယ်လို့ အလုပ်သမားတွေက ပေးစာပေးပို့ထားပါတယ်။
ADK/ JW အထည်ချုပ်မှာ ညည့် နက်တဲ့အထိ အလုပ်လုပ်ကိုင်ခိုင်းသလို ပိတ်ရက်တွေမှာပါ အလုပ်ခေါ်ယူနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့်လည်း လုပ်ခလစာကွာဟမှုတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပေးစာပေးပို့ထားပါတယ်။

ဇူလိုင်လ (၂၉) ရက်

Myanmar Long Sheng Fashion စက်ရုံမှာ အောနိုက် အောလင်း တွေခေါ်ယူပြီး တစ်ရက်အလုပ်ချိန်ကို နာရီ (၂၀) နီးပါး ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်တွင်းက လူတွေဟာ အခက်အခဲတွေ၊ အဆင်မပြေတာတွေကို နည်းမျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအခြေအနေတွေကို “ခါးသည်းသောနေ့ရက်များ” ဆောင်းပါးမှာ ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါ တယ်။

လှိုင်သာယာမြို့နယ်မှာ စစ်တပ် ပတ်ကင်းယာဉ်တန်း ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ လုပ်ခလစာတိုးမြှင့်မှု မရှိလို့ ကျွမ်းကျင်လုပ်သား ဆုံးရှုံးမှုပြသာနာ ပိုများလာပါတယ်။
မြစ်ကြီး (၈) စင်းမှာ ရေများစိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ရှိနေပါတယ်။
ပဲခူး-ရန်ကုန် ကားခနှစ်ဆကျော် မြင့်တက်ခဲ့ပါတယ်။
ရေဘေးကြောင့် ပဲခူးမြို့မှာ လူပေါင်းနှစ်သောင်းနီးပါး ယာယီရေဘေးရှောင်စခန်း (၂၇) ခုမှာ ပြောင်းရွှေ့နေခဲ့ရ ပါတယ်။
WHN Myanmar အထည်ချုပ်စက်ရုံမှာ တနင်္ဂနွေပိတ်ရက်တွေမှာပါ အလုပ်ခေါ်ယူခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ဇူလိုင်လကုန်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်မံဖြစ်ပေါ်နိုင်တဲ့အတွက် မိုးရွာသွန်းမှုများပြီး ရေကြီးရေ လျှံမှု ပိုမိုကြာမြင့်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
ဂတ်စ်အရည် ပြတ်လပ်မှု ကြာရှည်လာပြီး ဈေးနှုန်းဆက်လက် မြင့်တက်လာပါတယ်။
ရထားသံလမ်းအျားပေါ် ရေကျော်နစ်မြုပ်နေတဲ့အတွက် ရန်ကုန်-မော်လမြိုင်လမ်းပိုင်း အပါအဝင် ရထားလမ်း အချို့ မှာ ပြေးဆွဲမှုယာယီရပ်ဆိုင်းထားပါတယ်။

ဇူလိုင်လ (၃၀ ရက်

ဝက်လက်မြို့နယ် ကျောင်းသားများ သမဂ္ဂက ဦးဆောင်ပြီး ဒေသခံပြည်သူတွေကို တော်လှန်ရေး ရုပ်ရှင်ပြပွဲ ပြုလုပ်ခဲ့ပါတယ်။
အစိုးရဝန်ထမ်းထောက်ပံ့ကြေး တိုးပြီးနောက် ရွှေတစ်ကျပ်သား (၆၅) သိန်းထိ စံချိန်တင်ဈေးတက်ခဲ့ပါတယ်။
ကျားဖောင်ပေါ်မှာ အဓမ္မခိုင်းစေပြီး လုပ်အားခခေါင်းပုံဖြတ်ခဲ့သူတွေကို အလုပ်နဲ့ထောင်ဒဏ် (၁၀) နှစ်စီ ချမှတ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။
ရန်ကုန်နဲ့ပဲခူးမှာ ဆေးဝါးအမျိုးအစား (၁၀၀၀) ခန့်ကို တိုက်ရိုက်ရောင်းချပေးနေပါတယ်။
စက်သုံးဆီ ပြတ်လပ်လာပြီး ဆီဆိုင်တစ်ချို့ အရောင်းပိတ်သိမ်းခဲ့ရပါတယ်။
ပဲခူးမြို့ရေကြီးချိန်တွင် စက်ဘီးစီးလာတဲ့ လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။
ရန်ကုန်တိုင်းထဲရှိ (၄၄) မြို့နယ်မှာ စားအုန်းဆီကို အိမ်ရောက်ငွေချေစနစ်နဲ့ ရောင်းချပေးမယ်လို့ ကြေညာထားပါတယ်။
ပဲခူးမြစ်ရေကို လာမယ့်ဩဂုတ်လ (၅) ရက်မှသာ ရေပြန်ကျမယ့် အခြေအနေရှိတယ်လို့ခန့်မှန်းထားကြပါတယ်။
ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ မွမွလေးအကြော်စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ပြည်ပရောက်အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်နဲ့ လစာရဲ့ (၂၅) ရာခိုင်နှုန်းငွေလွှဲစာရင်း မပြနိုင်တဲ့ အေဂျင်စီတွေကို လုပ်ငန်းရပ်ဆိုင်းမယ့်အပြင် ဒဏ်ကြေးပါကောက်ခံမယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။
အလုပ်အကိုင် အခွင့်အလမ်း (၁၅၀၀) နီးပါး ခန့်အပ်နိုင်မယ့် လုပ်ငန်းများကို ဇူလိုင်လထဲ ခွင့်ပြုထားတယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။

ဇူလိုင်လ (၃၁) ရက်

မြန်မာဟိုင်ရှိန်း (Myanmar Haisheng) အထည်ချုပ်စက်ရုံမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်တာတွေ လုပ်ဆောင်နေလို့ အလုပ်သမားတွေအခက်တွေ့နေတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံအနှံ့အပြားမှာ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေပေမယ့် စက်ရုံအများစုကတော့ အချိန်ပိုတွေ အတင်းအကြပ် ခေါ်ယူနေပါတယ်။
ထိုင်းနိုင်ငံကို MOU- U – turn အစီအစဉ်နဲ့ ပြန်လည်သွားရောက်မယ့်သူကို လစာငွေရဲ့ (၂၅) ရာခိုင်နှုန်း ပြည်တွင်းကို တရားဝင်လွှဲပြောင်းထားတဲ့ အထောက်အထားပြနိုင်မှသာ လုပ်ငန်းစေလွှတ်ရေး လုပ်ဆောင်ပေး မယ်လို့ အလုပ်သမားဝန်ကြီးဌာနက ဖိအားပေးပါတယ်။
Hengda Myanmar အထည်ချုပ်မှာ စနေ၊ တနင်္ဂနွေနေ့တွေမှာပါ အချိန်ပိုတွေ လုပ်ကိုင်ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပေးစာပေးပို့ထားပါတယ်။
Jun Coporation အထည်ချုပ်မှာ အချိန်ပိုအလုပ်ချိန်ကို ငြင်းဆန်ပါက ကျွမ်းကျင်ကြေး ဖြတ်တောက်မယ်လို့ ခြိမ်းခြောက်ခံရတယ်လို့ အလုပ်သမားတွေကပေးစာ ပေးပို့ထားပါတယ်။
Dongxin Garment Co.,Ltd မှာ လုပ်ငန်းခွင်မှာ အလုပ်သမားအခွင့်အရေးဆိုင်ရာ ဥပဒေပါ ကိစ္စရပ်တွေကို ချိုးဖောက်တာတွေ လုပ်ဆေားင်နေတယ်လို့ အလုပ်သမားတွေက ပေးစာပေးပို့ထားပါတယ်။
ကိုရီးယားဘာသာစကား စာမေးပွဲအောင်မြင်သော်လည်း အလုပ်ရှင်မှ ရွေးချယ်မှု မခံရသူတွေကို အလုပ်လျှောက်လွှာသက်တမ်းတိုးပေးမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အစိုးရဝန်ထမ်းတွေကို ထောက်ပံ့ကြေးပေးရာမှာ ပုဂ္ဂလိကကဏ္ဍာက အလုပ်သမားတွေကို တိုးမြှင့်ပေးတာ မရှိခဲ့ပါဘူး။

ဩဂုတ်လ (၁) ရက်

ပဲခူးမြစ်ရေ တစ်ပေခန့်ကျဆင်းနိုင်ပေမယ့် စိုးရိမ်ရေမှတ်အထက်မှာပဲ ဆက်ရှိနေပါတယ်။
နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာမှာ အခကြေးငွေယူပြီး ဝန်ဆောင်မှုလုပ်ငန်းအသွင် လုပ်ဆောင်နေတဲ့အတွက် စင်္ကာပူသံရုံး website မှ appointment ပေးတာကို ယာယီရပ်နားထားပါတယ်။
အထည်ချုပ် ကြိုပို့ယာဉ်နဲ့ YBS ယာဉ် မျက်နှာချင်းဆိုင်တိုက်မိ၊ တစ်ဦးထိခိုက်သေဆုံးကာ စက်ရုံလုပ်သား (၃၀) ခန့် ထိခိုက်ဒဏ်ရာ ရရှိထားပါတယ်။
ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း)ဟာ “ပြည်တော်ဝင်မယ်” စာတန်းပါ တော်လှန်ရေးအလဲကို ချိတ်ဆွဲကို အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု လုပ်ဆောင်ခဲ့ပါတယ်။

ဩဂုတ်လ (၂) ရက်

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား မောင်နှမ ထိုင်းထီဘတ် (၁၂) သန်း ကံထူးခဲ့ပါတယ်။
ရေပြန်ကျလာတဲ့အတွက် ရန်ကုန်-မော်လမြိုင် ရထားလမ်းခရီးစဉ် ဩဂုတ် (၃) ရက်တွင် ပြန်လည်ပြေးဆွဲမယ်လို့ ထုတ်ပြန်ပါတယ်။
မှော်ဘီလေတပ်တွင် ရဟတ်ယာဉ်ပျက်ကျပြီး  ဗိုလ်ချုပ်စိုးတင်လတ်နဲ့ တွဲဘက်လေယာဉ်မှူး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေလဲ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
စစ်မှုထမ်းရှောင်ရှားတဲ့ သံသယနဲ့ ရန်ကုန်လေဆိပ်မှာ ပြည်ပကို အလုပ်ထွက်လုပ်မယ့် အလုပ်သမား (၄၀) ကျော် တားဆီးခံခဲ့ရပါတယ်။
လှိုင်သာယာမှာ စက်ရုံကြိုပို့ယာဉ် တိမ်းမှောက်ပြီး အလုပ်သမား (၆၀) ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒေါ်လာဈေး ကျပ် (၅၆၀၀) ကျော်အထိ အရောင်းအဝယ် ဖြစ်နေပါတယ်။
နိုင်ငံခြားငွေဈေး မြင့်တက်လာအပြီးမှာတော့ ဗဟိုဘဏ်က ငွေလဲလှယ်ရေးလုပ်ငန်းတွေကို အရေးယူထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ (၃) ရက်

နိုင်ငံအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ စစ်မီးတွေကြောင့် ရန်ကုန်တိုင်းဒေသကြီးကို ပြည်တွင်း ရွှေ့ပြောင်းလုပ်သား တွေ ပိုများလာပြီး  အလုပ်အကိုင် လိုအပ်ချက်က ပြန်လည်မြင့်တက်လာပါတယ်။ ဒီအခြေအနေမှာ ရန်ကုန်မြို့မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိဖို့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်နေရပါတယ်။ “ရန်ကုန်မြို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်း စိန်ခေါ်မှု” ဆောင်းပါးမှာတော့ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို လေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။

Sincere Season အထည်ချုပ်စက်ရုံမှာ စနေ၊တနင်္ဂနွေနေ့တွေမှာပါ ဖိအားပေးပြီး အချိန်ပိုတွေ ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပေးစာပေးပို့ထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရန်ကုန်မြို့မှာ ခိုးဆိုးလုယက်တွေများလာလို့ ပြည်သူတွေမှာ စိုးရိမ်သောကတွေ များနေရပါတယ်။  ဒီအခြေအနေတွေကို “ခိုးဆိုးလုယက်မှုတွေ များလာလို့ နေ့စဉ်အခက်ကြုံနေရ”ဆိုတဲ့  ဆောင်းပါးမှာ ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။
စက်သုံးဆီ တစ်လီတာကို ကျပ်(၁၀၀) ကျော် မြင့်တက်လာပြီး ဝယ်ယူရ ခက်ခဲနေပါတယ်။
Alpha Ecc ကုမ္ပဏီက ဗဟုဘဏ်က သတ်မှတ်နှုန်းထားတဲ့ လုပ်ခလစာ ရှင်းပေးနေတာကြောင့် ဝန်ထမ်းတွေ အခက်တွေ့နေတယ်လို့ အလုပ်သမားတွေက ပေးစာပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ တရားမဝင် မြန်မာအလုပ်သမား တစ်သိန်းကျော် ဖမ်းဆီးခံထားရတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
အခုနှစ်တွင်းမှာ တောင်ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့ မြန်မာအလုပ်သမား  (၁၁၀၀၀) ကျော် စေလွှတ်မယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အခုဖော်ပြထားတဲ့ တပတ်အတွင်းသတင်းအနှစ်ချုပ်ကိုတော့ မမ ကစုစည်းပေးထားတာဖြစ်ပါတယ်။


Related posts

Cover
စက်တင်ဘာ ဒုတိယပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်
Sep 15, 2024
Cover
စက်တင်ဘာလ ဒုတိယပတ် ရွှေဈေး ငွေဈေးနဲ့ ကုန်ဈေးနှုန်းများစုစည်းမှု
Sep 15, 2024
Cover
စက်တင်ဘာ ပထမတပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်
Sep 08, 2024
Cover
စက်တင်ဘာ ပထမတစ်ပတ်အတွင်း ကုန်ဈေးနှုန်းများစုစည်းမှု
Sep 08, 2024
Cover
ဩဂုတ်လ နောက်ဆုံးတပတ်တာ  သတင်းအနှစ်ချုပ် ဖော်ပြချက်
Sep 01, 2024
Cover
ဩဂုတ်လ နောက်ဆုံးတပတ်တာ ရွှေဈေးငွေဈေးနဲ့ကုန်ဈေးနှုန်းများ စုစည်းမှု
Sep 01, 2024
Cover
ဩဂုတ်လ စတုတ္ထပတ် ကုန်ဈေးနှုန်းများစုစည်းမှု
Aug 25, 2024
Cover
ဩဂုတ်လ စတုတ္တပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်
Aug 25, 2024